Saturday, July 30, 2011

ဂျပန်ရေကြီး



ဂျပန်မြောက်ပိုင်း နီအီဂါတာနှင့် ဖူကူရှီးမားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၅ သိန်းခန့်နေအိမ်များမှ ရွှေ့ပြောင်း ကြရန် အစိုးရက နှိုးဆော်ထားသည်။ မြစ်ရေများလျှံတက်လာခဲ့ပြီး စနေနေ့က လူပေါင်း ၄ သိန်းကျော်ကို ရေလွတ်ရာ စုရပ်နေရာ များသို့သွားရောက်ကြရန် တိုက်တွန်းခဲ့သည်။
အယ်လ်ဂျာဇီယာသတင်းထောက် အဲလာကော်လန်က ၁၂ မီတာအထိရေလျှံလျက်ရှိသော နီအီဂါတာရှိ ယာဆူဒါမြို့မှနေ၍ သတင်းပေးပို့ခဲ့သည်။ နေ့လည်ခန့်တွင်မိုးတိတ်သွားပြီး တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်းမှုမရှိနိုင်တော့ဟု ပြောကြားခဲ့ ကြောင်း သတင်းထောက်ကဆိုသည်။

ဂျပန်တွင် လူပေါင်း ၁၃,၀၀၀ ခန့်သေဆုံးခဲ့ရပြီး လူပေါင်းသောင်းနှင့်ချီ၍ နေရာရွှေ့ပြောင်းခဲ့ရသော ဆူနာမီနှင့် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး ငါးလအကြာတွင် ယခုကဲ့သို့မိုးကြီးရေလျှံမှုထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
“ဂျပန်စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ ”
“ငလျင်နဲ့ ဆူနာမီဖြစ်တုန်းကလိုပါပဲ။ လူတွေဟာ ရွှေ့ပြောင်းနေရာချထားရေနေရာတွေမှာစုရုံးရောက်ရှိနေကြပြီးတော့ အကူအညီနဲ့ ကယ်ဆယ်ရေးတွေ ရောက်မလာသေးပါဘူး။” ဟု အယ်လ်ဂျာဇီယာသတင်းထောက်က ပြောသည်။
“အရင် ဘေးဒုက္ခတွေကနေ ပြန်လည်နာလံထဖို့ကြိုးပမ်းနေတုန်းမှာပဲ နောက်ထပ်ခံစားရတဲ့ ဘေးဒုက္ခပါ။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။