Saturday, July 30, 2011

ၾသစေၾတးလ် အလုပ်လက်မဲ့ပြဿနာ



သြစတြေးနိုင်ငံသည် စီးပွားရေးအလွန်ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံဖြစ်သော်လည်း လူငယ်အလုပ်လက်မဲ့များရှိနေခြင်းမှာ ပြဿနာတစ်ခုဖြစ်သည်။ အသက် ၁၆ နှစ်နှင့် ၂၄ နှစ်ကြားရှိလူငယ်ဦးရေ၏ တစ်ဝက်ခန့်ကို အလုပ်အကိုင်မပေးနိုင်သေးပေ။
အချို့နယ်စွန်နယ်ဖျားဒေသများတွင် လူငယ်အလုပ်လက်မဲ့နှုန်းမှာ ၅၀% ရှိသည်။ နိုင်ငံခြားသားဝင်ရောက်အခြေချနေထိုင်သူများ နှင့် တိုင်းရင်းသားလူမျိုးများကြားတွင်မူ အလုပ်လက်မဲ့နှုန်းမှာ အမြင့်ဆုံးဖြစ်သည်။
အစိုးရမှ ကြီးမှူး၍ ပြုလုပ်မည့် ကျွမ်းကျင်လုပ်သားများပြုစုပျိုးထောင်ရေးအစီအစဉ်သည် အလုပ်အကိုင်ပေးအပ်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် အန်ဒရူးသောမတ်စ်က မဲလ်ဘုန်းမြို့မှ သတင်းပေးပို့ ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။