Saturday, July 30, 2011

ဆီးရီးယားတွင် ဆန္ဒပြမှုများဖြစ်ပွားဆဲ၊ အစိုးရမှ ပစ်ခတ်နှိမ်နင်းဆဲ၊ သေဆုံးမှုများတိုးပွားဆဲ



ဆီးရီးယားအစိုးရကို ဆန္ဒပြဆန့်ကျင်ကြသူများအား အစိုးရရဲများက ညဘက်ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် အနည်းဆုံး ငါးဦးသေ ဆုံးကြောင်းသိရသည်။ စနေနေ့က ဒမားစကပ်မြို့စွန်တွင် အရပ်သားများကို ရဲများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။ အလားတူပင် အရှေ့ဘက်ရှိ အယ်လ်ဘူခါမယ် မြို့တွင်လည်းဖြစ်ပွားခဲ့ကြောင်း အေပီ သတင်းဌာနကဆိုသည်။
သောကြာနေ့က နိုင်ငံတစ်ဝှမ်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲများတွင် ရဲများပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များက ဆိုသည်။ ကမ်းခြေမြို့ဖြစ်သော လက္ကာတီယာတွင်လည်း သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကပင် ပြောကြားခဲ့သည်။
သို့သော် အစိုးရရုပ်သံနှင့် သတင်းဌာနများက မျက်နှာဖုံးစွပ်ထားသော ဖျက်ဆီးရေးသမားများက ရဲများနှင့် အရပ်သားများကို ဒိုင်းနမိုက်များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကြေငြာခဲ့သည်။
သောကြာနေ့က သမ္မတဘက်ရှာအယ်လ်အာဆက်အစိုးရကို ဆန္ဒပြသူ သောင်းနှင့်ချီ၍ လမ်းမများပေါ်သို့ထွက်ခဲ့ကြသည်။

Source:VOA

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။