Sunday, July 31, 2011

လစ်ဗျား တိုက်ပွဲ အရှိန်မြင့်တက်

လစ်ဗျား၏ အဓိက အတိုက်အခံ အဖွဲ့များနှင့် လူဆိုးအဖွဲ့ တစ်စုတို့၏ လက်နက်သုံး အကြမ်းဖက်မှုများသည် အထက်အရာရှိများ၏ ဖြေရှင်းချက် မပေးနိုင်သေးသော အလွန်ကြောက်စရာ လူသတ်မှုကြီး တစ်ခုကို ဖြစ်စေခဲ့သည်။

အတိုက်အခံများ အသေအချာ ခြေကုတ်ယူထားသော ဘင်ဂါဇီ မြို့ အတွင်း ၅နာရီကြာ တိုက်ပွဲအပြီးတွင် လက်ရှိ တိုက်ပွဲအား ဆက်လက် အရှိန်မြှင့်တင်လိုက်ပြီ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မာမွန်ရှာမမ်က တနင်္ဂနွေနေ့က ပြောကြားသွားခဲ့သည်။


အယ်လ်ဂျားဇီးယား သတင်းထောက် တိုနီဘက်တလေ၏ ဘင်ဂါဇီမြို့ မှ သတင်းပေးပို့ချက်အရ "အတိုက်အခံ ခေါင်းဆောင်များက မိုဟာမက် ကဒါဖီ၏ တပ်များအား နှိမ်နင်းသည့် ပဉ္စမြောက် တိုက်ပွဲဖြစ်ကြောင်း" သိရသည်။


"ဒီမှာရှိတဲ့ အခြေအနေအရ တိုက်ခိုက်မှုတွေ ရပ်တန့်နေပြီး  (အက်ဒယ် ဖက်တက်ခ်ျ ရုံးစ်) Abdel-Fattah Younes (လစ်ဗျား ဗိုလ်မှူးချုပ်ဟောင်း) သေဆုံးမှုသတင်းနှင့်ပါ အဆက်အသွယ်ပျက်နေကြောင်း" ၄င်းနောက် လက်ရှိ ရှုံးသွားသော ဂိုဏ်းသည် ကဒါဖီနှင့် အဆက်အသွယ်ရှိကြောင်း အချက်အလက်ကိုပါ တွေ့ရှိခဲ့ကြောင်း ထက်လောင်း ဖြည့်ဆွက်ခဲ့သည်။ 


တိုက်ပွဲအတွင်းသတင်း အပြည့်အစုံ

တနင်္ဂနွေနေ့ အစောပိုင်းလောက်မှ စ၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရှာမမ်က ပြောကြားသွားခဲ့သည်။ ၄ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ဦးရှိကြောင်း၊ အဓိက သူပုန်တပ်မကြီးမှာ အယ်လ်နီဒါ ဘရီဂိတ်၏ တပ်ဖြစ်ပြီး ဘင်ဂါဇီမြို့  အနောက်စွန်းတွင် နေရာချထားကြောင်း၊ လက်ရှိတွင် နိုင်ငံအရှေ့ ပိုင်းသည် သုပုန်များ စခန်းချရာနေရာ ဖြစ်နေကြောင်း ပြောကြားသွားခဲ့သည်။


"၄င်းတို့အား လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သောကြောင့် ယင်းတိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး အချိန်အတော်ကြာကြောင်း" ရှာမမ်က ဆက်လက် ပြောပြသွားခဲ့သည်။

"တိုက်ပွဲအပြီးတွင် သူတို့အဖွဲ့မှ ၃၁ယောက်အား ဖမ်းဆီးထားပြီး၊ ကျွန်တော်တို့ဘက်မှ ၄ယောက် ပျောက်ဆုံးနေကြောင်း" ရှာမမ်က ပြောသည်။ ၄င်းနောက် ဘင်ဂါဇီထောင်အားဖောက်ကာ ထောင်သားများအား အဖွဲ့အတွင်း ထည့်ပေါင်းခဲ့သည်။


လက်တိုက်ပွဲသည် သူပုန်ခေါင်းဆောင် ရုံမ်းစ်၏ ပဟေဠိဆန်သော သေဆုံးမှုအတွက် လက်စားချေခြင်းဖြစ်ကြောင်း သိရသည်။


အချို့ သော သသတင်းဌာနများမှ အတည်အလင်း ပြောကြားချက်အရ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် လူထုံအုံကြွမှုအပြီး ကဒါဖီအား ရာထူးမှ ဖြုတ်ချရန် ၆လ နီးပါး အချိန်ယူခဲ့ရသော  အလွန်ထင်သာမြင်သာသော တိုက်ပွဲတစ်ပွဲဖြစ်ကြောင်း တွေ့ရှိရသည်။

"အရမ်းကြီးများတဲ့ အစိတ်အပိုင်းတွေ ရှိတယ်ဆိုတာတော့ သိပ်မသေချာသေးပါဘူး။ ဒါပေမယ့် အချို့  တိုက်ခိုက်မှုတွေတော့ရှိပါတယ်။ NTC (အမျိုးသား တိုက်အခံ အသွင်းကူးပြောင်းရေး ကောင်စီ) ကတော့ သူတို့ရဲ့  စည်းလုံးမှုကို အတည်ပြုဖထို့ အရမ်းခိုင်မာတဲ့ ရည်တည်မှုတစ်ခုကို ရထားပါတယ် ပြီးတော့ သူတို့အားလုံး ဒီလို တစ်သံတည်း ထွက်နေကြပါတယ်။" ဟု ဘက်တလေက ငြင်းဆိုခဲ့သည်။


ကဒါဖီ၏ သတ္တိ


 ကဒါဖီက NTC (အမျိုးသား အတိုက်အခံ အသွင်းကူးပြောင်းရေး ကောင်စီ) အဖွဲ့ဝင် တချို့ နှင့် ဆက်သွယ်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားသွားခဲ့သည်။

လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီး ခါလက်ထ်ခါအိမ်းမ်
လစ်ဗျားမြို့ တော် ထရီပိုလီတွင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခါလက်ထ် ခါအိမ်းမ်က ရုံမ်းစ်နှင့် ဆက်သွယ် ခဲ့တယ်ဆိုသော ကောလဟာလများသည် အမှန်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

"နှစ်လအကြာက အီတလီသို့ အလယ်အပတ်သွားစဉ်က အစိုးရအဖွဲ့နှင့်သာ အဆက်အသွယ်လုပ်ခဲ့ကြောင်း အဲဒီကတည်းက ကျွန်တော်တို့ အဆက်သွယ်ပျက်သွားခဲ့ကြောင်း ယခုလည်း NTC အဖွဲ့ဝင်များနှင့်သာ အဆက်အသွယ်ရှိကြောင်း ဒါပေမယ့် အဲဒီအထဲတွင် ရုံမ်းစ် မပါကြောင်း" ခါအိမ်းမ်က ပြောကြားသွားခဲ့သည်။

ကဒါဖီသည် စနေနေ့ညကလည်း "ထရီပိုလီမြို့ မှာ NATO တိုက်လေယာဉ် လေကြောင်းလိုင်းတွေ ဘယ်လောက်ပဲ ရှိနေစေကာမူ နိုင်ငံကို ဘယ်တော့မှ ပစ်ပြေးမည် မဟုတ်ကြောင်း" ပြည်နယ်ရုပ်သံမှ ထုတ်ပြန်သော အသံဖိုင်အတွင်း ပြောကြားသွားခဲ့သည်။ 


"လစ်ဗျား၏ ရန်သူမှန်သမျှကို လစ်ဗျားပြည်သူများ၏ ရဲရင့်သော သတ္တိနှင့် ခုခံသွားမည် ဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။