Monday, August 1, 2011

ဆီးရီးယားတွင် ပစ်ခတ်မှုများ ဖြစ်ပွားဆဲ


အစ္စလာမ်ဥပုသ်လ အကြိုကာလအတွင်း ဆီးရီးယား လက်နက်ကိုင်များက ဟာမာမြို့ တွင် ဆန္ဒပြသူ ၁၄၂ဦးအား သတ်ဖြတ်ခဲ့သည်။

ဒီတနလာင်္နေ့ မနက်မှာပဲ အစိုးရ လက်နက်ကိုင်များဘက်မှ ပူပူနွေးနွေး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒီယာအက်ဇောမှ သက်သေများက ပြောပြသွားခဲ့သည်။

"စစ်တပ်လက်နက်ကိုင် တပ်သားများသည် မြို့ ၏  အနောက်ဘက်မှ ချီတက်လာခဲ့ပြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ လူ ၂၅ ဦးထက်မနည်း သေဆုံးကာ ၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း" မျက်မြင်သက်သေများက ပြောကြားသွားခဲ့သည်။

"အစိုးရတပ်များက ဒုံးကျည်များ လေယာဉ်ပစ် အမြောက်များကိုပါ အသုံးပြုသွားခဲ့ပြီး မြို့ ၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားနေကြောင်း ဆေးနှင့် အစာရေစာ ထောက်ပံ့မှုတို့မှာလည်း အလွန် နည်းပါးနေကြောင်း" မျက်မြင်များက ဆက်လက် ပြောခဲ့သည်။


ဒီယာအက်ဇောသည် ဆီးရီးယား၏ အဓိက ဓာတ်ဆီမြစ်ဖြစ်ပြီး ယခုတွင် ဟာမာရှိ ဆန္ဒပြသူများ၏ စုရုံးရာ အဓိကနေရာလည်း ဖြစ်လာခဲ့သည်။

"ဟာမာတွင် ဖြစ်ပွားခဲ့သော တနင်္ဂနွေနေ့ အကြမ်းဖက်မှုသည် ဆန္ဒပြမှုများ စတင်သော ကာလမှ ယခုအထိ အသေအဆုံးများသော အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်း" ဗြိတိန်အခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ခေါင်ဆောင် တစ်ဦးဖြစ်သော ယာမီ အက်ဘ်ဒဲ ယာမမ် က ပြောကြားသွားခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။