Thursday, August 4, 2011

အချမ်းသာဆုံး ၁% ပြဿနာ

 
အချမ်းသာဆုံး အမေရိကန်လူမျိုးများထဲမှ ၁% သည် နိုင်ငံ၏ ဝင်ငွေ လေးပုံတစ်ပုံနီးပါး ရရှိပြီး ၄င်းတို့၏ ချမ်းသာကြွယ်ဝမှုဖြင့် နိုင်ငံ၏ လူဦးရေ ၄ဝ%လောက်အား အံ့အားသင့်စွာ ထိန်းချုပ်ထားသည်။

ဤသို့သော မမျှတမှုသည် ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီး  အထက်တန်းလွှာ၊ အခြေခံ လူတန်းစား၊ အလယ်အလတ် လူတန်းစား စသော အတန်းအစား အသီးသီးတို့၏ ကွာခြားမှုများ နှစ် ၃၀ ကျော်အတွင်း မြင်သာလောက်အောင်  ကြီးမားလာခဲ့သည်။

ထို့ကြောင့် အသုံးစရိတ် ကွာခြာမှုနှင့် အောက်လမ်းနည်းဖြင့် အကြွေးတင်နေသော အမေရိကန်ဒေါ်လာ ၁၄.၃ ထရီလီယန် (တစ်ဂဏန်းနောက်တွင် သုည၁၂လုံး ပါသောအရေအတွက်) အား မည်သို့ လျှော့ချမည်နည်း ဆိုသော ပြဿနာများနှင့် ပတ်သက်၍ ဝါရှင်တန်တွင် ကျင်းပသော ၂ပါတီ နိုင်ငံရေး  စကားဝိုင်းအတွင်း ငြင်ခုန်မှုများ ဖြစ်ပွားခဲ့သည်။

အခြေခံ လူတန်းစားများနှင့် အလယ်အလတ် တန်းစားများ၏ ဝင်ငွေ နည်းပါးခြင်း၊ နိုင်ငံ၏ ၉% အလုပ်လက်မဲ့ ရှိနေခြင်း တို့ကြောင့် သမ္မတ အဖွဲ့များနှင့် ဒီမိုကရက်ပါတီ တို့သည် နိုင်ငံ၏ ဆေးဝါးအကူအညီနှင့် ပင်စင်လစာများအား ဖြတ်တောက်ပစ်မည်လော သို့မဟုတ် အခွန်ငွေ တိုးမြှင့် ကောက်ခံရမည်လော ရွေးချယ်စရာ ပြဿနာများဖြင့် နပန်းလုံး နေရလျက်ရှိသည်။

ငွေကြေး ကွာခြားမှု ဆွေးနွေးပွဲနှင့် စီးပွားရေး ပြဿနာ တို့သည်  ၂၀၁၂ သမ္မရွေးကောက်ပွဲအား ဆင်နွဲရန်အတွက် စစ်မြေပြင်သဖွယ် စောင့်ကြိုလျက်ရှိပြီး အမေရိကန်၌ ဤကဲ့သို့ စီးပွားရေးနှင့် နိုင်ငံရေး ၂ခုစလုံး ကွဲပြားနေခြင်းအား မမြင်တွေ့ဖူးကြောင်း သိရသည်။

ဘာကြောင့် ဒီကွာခြားမှုကြီးဟာ အလွန် လျှင်မြန်စွာ ကြီးမာလာတာလဲ။
ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကုသိုလ်ဖြစ် အလှူဒါနတွေအတွက်၊ ၉၉% လောက်သော အမေရိကန်မျိုးများအတွက် ၁%လောက်ရှိတဲ့ အချမ်းသာဆုံး စာရင်းဝင် လူတန်စားတွေဟာ ဘယ်လိုအကျိုးသက်ရောက် လာမလဲ ဆိုတာ လက်လှမ်းမှီသလောက် တင်ပြပြီး ဆက်လက် စုံစမ်းလျက် ရှိကြောင်း ဖော်ပြအပ်ပါသည်။

Video Source press here


Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။