Sunday, August 7, 2011

အစ္စရေးတွင် ဆန္ဒပြမှုများဆက်လက်ဖြစ်ပွား



အစ္စရေး နိုင်ငံတွင် နေထိုင်မှု စားရိတ်များ မြင့်မားခြင်းကြောင့် တဲလ်အဗစ်နှင့် အခြားမြို့ကြီးများတွင် လူပေါင်းသိန်းနှင့်ချီ၍ လမ်းမ များပေါ်သို့ ထွက်ကာ ဆန္ဒပြလျှက်ရှိသည်။ တဲလ်အဗစ်မြို့လည်တွင် လူလတ်တန်းစား ၃၀၀,၀၀၀ ခန့် အလံများကို ဝှေ့ယမ်းကာ၊ ဗုံများကိုတီးခတ်ကာ “လူထုလူတန်းစားညီမျှရေး” ဟူသော ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြကြသည်။

ယခုအကြိမ် ဆန္ဒပြမှုသည် သမိုင်းတွင် ယခင်ဖြစ်ပွားခဲ့သည့် လူမှုအရေး ဆန္ဒပြမှုများထက် အဆပေါင်းများစွာ သာလွန်သည်။ ဂျေရုစလင်မြို့တွင် ဆန္ဒပြသူ ၂၀,၀၀၀ ခန့်က အစ္စရေး လ်ဝန်ကြီးချုပ် နေတန်ယာဟု နေထိုင်ရာ ရပ်ကွက်သို့ ချီတက်ခဲ့သည်။

မော်ဒီအင်မြို့တွင် လူ ၅,၀၀၀ ခန့်၊ ကာယက် ရှမိုနာမြို့တွင် ၃,၀၀၀ ခန့်၊ ဟော့ဒ်ဟက်ရှာရွန်မြို့တွင် ၁,၀၀၀ ခန့်၊ အီလတ် မြို့တွင် ၁,၀၀၀ ခန့်၊ အက်ရှ်ခလွန်မြို့တွင် ၅၀၀ ကျော်ခန့် နှင့် ဒီမိုနာမြို့တွင် ၂၀၀ ခန့်ဆန္ဒပြခဲ့ကြသည်။


စနေနေ့ညက အစ္စရေး လမ်းမများပေါ်တွင် လူအများဖြင့် ပြည့်နှက်နေသည်ကို အစ္စရေးလ်ရုပ်သံက ပြသခဲ့သည်။ အလားတူ ယခင်အပတ်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၁၅၀,၀၀၀ ခန့်ဆန္ဒပြခဲ့ကြသည်။ စနေနေ့ည ဆန္ဒပြပွဲသည် အားစမ်းပွဲတစ်ခုဖြစ်ကြောင်း လေ့လာသုံးသပ်သူ အများက ထင်ကြေးပေးကြသည်။

အီဂျစ်နိုင်ငံကိုင်ရိုမြို့ တာဟာရာ ရင်ပြင်တွင် ဖြစ်ပွားခဲ့သည့် မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အာရပ် အုံကြွမှုဆန္ဒပြပွဲများကို ရည်ရွယ်၍ “This is Egypt” ဟူသော ဆိုင်းဘုတ်များကို အချို့က ကိုင်ဆောင်ထားကြပြီး အာရပ်အုံကြွမှုများကိုလည်း ရိုသေလေး စားကြောင်းပြသခဲ့ကြသည်။

ဇူလိုင်လလယ်ခန့်မှ စ၍တယ်လ်အဗစ်မြို့လည်ခေါင် အိမ်ဈေးမြေဈေးကြီးသော နေရာတွင် တဲများထိုးကာ အနည်းငယ်မျှသော ဆန္ဒပြမှုများဖြင့်စတင်ခဲ့ပြီး နောက်ပိုင်း လျင်မြန်စွာကြီးထွားလာပြီး နိုင်ငံအနှံ့ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့သည်။ နေတန်ယာဟု ဦးဆောင်သော ညွန့်ပေါင်းအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။