Tuesday, August 23, 2011

အီရန်နျူကလီးယား အစီအစဉ်

အီရန်ဒုတိယသမ္မတ အက်ဘာဆီ

လေကြောင်း တိုက်ခိုက်မှု ရန်မှ ကင်းဝေးနိုင်ရန် အီရန်နျူကလီးယား သန့်စင် စက်ရုံကို မြေအောက်သို့
ပြောင်းရွှေ့မည်ဖြစ်ကြောင်း အီရန် ဒုတိယ သမ္မတက ပြောကြားလိုက်သည်။

ဖေါ်ဒိုရှိ တောင်အတွင်း လှိုင်ခေါင်းဖောက်၍ တည်ဆောက်မည်ဖြစ်ပြီး အင်ဂျင်နီယားများ ခက်ခက်ခဲခဲ လုပ်ဆောင်နေရကြောင်း ဒုတိယ သမ္မတ ဖာရီဒေါင်းအက်ဘာဆီက ပြောခဲ့ကြောင်း အစိုးရ ရုပ်မြင်သံကြားမှ တနင်္လာနေ့က ကြေငြာခဲ့သည်။ နျူကလီးယား ဓါတ်ပေါင်းဖို အလုံး မည်မျှ မြေအောက်သို့ ပြောင်းရွှေ့မည်၊ မည်မျှ ပို၍သန့်စင်နိုင်စွမ်း ရှိသည်ဟူသော အချက်များကို ပြောပေ။ အီရန်သည် လက်ရှိ အချိန်တွင် IR-1 အမျိုးအစား အထိ သန့်စင်နိုင်သည်ဟု ဆိုသည်။

အက်ဘာဆီသည် နျူကလီးယား ထုတ်လုပ်ရေး ဆိုင်ရာ အကြီးအကဲ တစ်ဦးလည်း ဖြစ်သည်။ အီရန်အလယ်ပိုင်း နာတန့်ဇ်တွင် ရှိသော သန့်စင်စက်ရုံရှိ ဓါတ်ပေါင်းဖိုများကို ပြောင်းရွှေ့မည်ဟုသာ ဆိုသည်။

အီရန်တွင် နျူကလီးယား စွမ်းအင်နှင့် နျူကလီးယားဗုံး ထုတ်လုပ်နိုင်စွမ်းသော ယူရေနီယံ သန့်စင်နည်း ပညာများ ပိုင်ဆိုင်ထားသည် ဟူသော အချက်သည် အနောက်နိုင်ငံ အုပ်စုများကြားတွင် မရေမရာ
ဖြစ်နေသော ကိစ္စဖြစ်သည်။ အရပ်ဘက် အသုံးပြုရန် ဟူသော အကြောင်းပြချက်ဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်ရန် ကြံရွယ်နေသည်ဟု အမေရိကန်နှင့် အပေါင်းအပါများက စွပ်စွဲလျက် ရှိသည်။

သို့သော် အီရန်က ၎င်း၏ နျူကလီးယား အစီအစဉ်မှာ ငြိမ်းချမ်းစွာ အသုံးပြုရန် အတွက်သာ ဖြစ်ပြီး လျှပ်စစ် ဓါတ်အားထုတ် လုပ်နိုင်ရေး သက်သက်သာ ရည်ရွယ်ကြောင်း အတိအလင်းဆိုသည်။

ယခုကဲ့သို့ မြေအောက်သို့ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနုလန်းက ပြောသည်။

“အီရန်နျူက လီးယား အစီအစဉ်မှာ သန့်စင်ပြီးသား ယူရေနီယံ ၂၀% ရှိနေတာ၊ အမြောက်အမြား ထုတ်လုပ်နေတာ၊ အခုမြေအောက်ကို ပြောင်းရွှေ့နေတာ စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ယုံကြည်အားထားလောက်တဲ့ အကြောင်းပြချက်မျိုး မပေးနိုင်ပါဘူး။ သန့်စင်မှုရာခိုင်နှုန်း ၃.၅% ထက် မပိုရဘူး ဆိုတဲ့ လိုက်နာရမယ့် အတိုင်းအတာထက် ကျော်လွန်ပြီး ၂၀% အထိ သန့်စင်ထား တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သံသယ ဖြစ်စရာအချက်ပါ။”

လက်နက် ထုတ်လုပ်နိုင်ရန် သန့်စင်ပစ်ရမည့် ပမာဏမှာ ၉၀%ဖြစ်သည်။ သို့သော် ၂၀% ဆိုသည့် ပမာဏမှာ နျူကလီးယား ဓါတ်ပြု မှုဖြင့် ရေဒီယို သတ္တိကြွစေနိုင်ကာ လက်နက်အဖြစ် အသုံးပြု၍ ရသော ပမာဏ ဖြစ်သောကြောင့် အနောက်နိုင်ငံ အုပ်စုများက စိုးရိမ်ပူ ပန်နေကြခြင်း ဖြစ်သည်။ အီရန်အနေနှင့် သန့်စင်စက်များကို မြေအောက်သို့ ပြောင်းရွှေ့ရာတွင် အလောတကြီး လုပ်ဆောင်သွား ဦးမည် မဟုတ်ကြောင်း၊ ကျွမ်းကျင်သူများက နည်းပညာ လိုအပ်ချက်များကို လေ့လာနေဆဲ ဖြစ်ကြောင်း အက်ဘာဆီက ပြောကြားသွားသည်။

ဇွန်လတွင် ၂၀% သန့်စင်ပြီး ယူရေနီယံ လက်ရှိထက် သုံးဆခန့် ထုတ်လုပ်သွားမည် ဖြစ်ပြီး၊ ဖေါ်ဒိုတွင် လျှို့ဝှက် ဆောက်လုပ်ထားသော နေရာအသစ်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အက်ဘာဆီက ပြောကြားသွားခဲ့သည်။

SOURCE: AL JAZEERA

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။