Wednesday, August 17, 2011

ဆေးလိပ် ကုမ္ပဏီကြီးများက အမေရိကန် အစားအစာနှင့် ဆေးဝါးဌာနကို တရားစွဲ


အမေရိကန် အစားအစာနှင့် ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲရေးဌာန (FDA) မှ ဆေးလိပ် ကုမ္ပဏီများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အခြေခံ အခွင့်အရေးများကို ချိုးဖေါက်သည်ဟူသော စွပ်စွဲချက်များဖြင့် ကုမ္ပဏီကြီးငါးခုအနက် လေးခုက တရားစွဲဆိုလိုက်သည်။

အမေရိကန်တွင် တတိယအကြီးဆုံး ဆေးလိပ် ကုမ္ပဏီဖြစ်သော Lorillard, Inc., က “စီးကရက်သောက်ခြင်းကို တားမြစ်တဲ့ ကြော်ငြာ အသစ်ကိုးခုမှာ ဆေးလိပ် ကုမ္ပဏီတွေရဲ့ အခွင့်အရေးတွေကို ချိုးဖေါက်ပြီးတော့ အစိုးရရဲ့ ဆေးလိပ် ဆန့်ကျင်ရေး မူဝါဒ ထဲကို အတင်းရိုက်သွင်းနေတယ်။”

စီးကရက်ဗူးများ၊ သေတ္တာများတွင် ရုပ်ပုံဖြင့် တားမြစ်သတိပေးထားသော စာများကို ၂၀၁၂ စက်တင်ဘာ ၂၂ ရက်နေ့မှ စ၍ဖေါ်ပြ ရမည်ဟု FDA ၏ကြေငြာချက်အသစ်တွင်ဖေါ်ပြခဲ့သည်။

“ဒီဥပဒေက ပထမပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ဥပဒေ ကိုချိုးဖေါက်ခြင်းဖြစ်ပါတယ်။” ဟု Lorillard Inc., ကိုကိုယ်စားပြုသော ရှေ့နေ ဖလွိုက်အေဘရမ်က ပြောသည်။ R.J. Reynolds ဆေးလိပ်ကုမ္ပဏီ၊ Commonwealth Brands ကုမ္ပဏီ နှင့် Liggett Group နှင့်ပူးပေါင်း၍ Lorillard ကုမ္ပဏီများမှ အမှုကို ဝါရှင်တန်ဒီစီ ပြည်နယ် တရားရုံးတွင် စွဲချက်တင်ပြခဲ့သည်။

သို့သော် အမေရိကန် အကြီးဆုံး ဆေးလိပ်ကုမ္ပဏီဖြစ်သော Phillip Morris USA ကုမ္ပဏီ၏ မိခင်ကုမ္ပကြီးဖြစ်သော Altria Group Inc., ကမူ တရားစွဲဆိုရာတွင်မပါဝင်ခဲ့ပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ FDA မှ တစ်စုံတစ်ရာ မှတ်ချက်မပေးပေ။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။