Tuesday, August 9, 2011

ကာကွယ်ရေး ဝန်ကြီးဟောင်း ရမ်းစ်ဖဲလ်ကို တရားစွဲ


အီရတ်နိုင်ငံတွင် တာဝန် ထမ်းဆောင်စဉ်က အမေရိကန် စစ်တပ်၏ နှိပ်စက် ညှဉ်းပန်းမှုများကို ခံခဲ့ရသည် ဟူသော စွပ်စွဲချက်ဖြင့် အီရတ်တွင် သွားရောက် တာဝန် ထမ်းဆောင်ခဲ့သူ အမေရိကန် နိုင်ငံသားနှစ်ဦးက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟာင်း ဒေါ်နယ်ရမ်းစ်ဖဲကို တရားစွဲဆိုထားသည်။
လွန်ခဲ့သောနှစ်က အောက်တစ်ရုံးတွင် ဦးတိုက် လျှောက်ထားသော အဆိုပါ အမှုကို ချီကာဂိုမြို့ အထက်တရားရုံးက ကြားနာရန် လက်ခံခဲ့သည်။

တရားလိုနှစ်ဦးမှာ ဒေါ်နယ်လ်ဗင့်စ်နှင့် နေသန်အာတယ် တို့ဖြစ်ပြီး ရမ်းစ်ဖဲနှင့်နောက်တစ်ဦးကို တရားစွဲဆိုထားခြင်းဖြစ် ကာ ရုံးတော်တွင် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။ သမ္မတဟောင်း ဂျော့ဘုရှ်နှင့် လက်ရှိသမ္မတအိုဘားမားတို့က အမှုကို ပပျောက်အောင် ကြိုးပမ်းခဲ့ကြသော်လည်း တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။

တရားလိုနှစ်ဦးသည် ၂၀၀၆ ခုနှစ်အတွင်းက အီရတ်ရှိပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ကြသည်။ ထို့နောက် ကုမ္ပဏီက တရားမဝင်အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု သိရှိကာ အမေရိကန်အာဏာပိုင်များကို အကြောင်းကြားကာ အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်။

ထို့နောက် ၂၀၀၆ အစောပိုင်းတွင် အမေရိကန်စစ်တပ်မှ သူတို့ကို ထိန်းသိမ်းထားခဲ့ပြီး ဘဂ္ဂဒက်လေဆိပ်အနီး ခရူပါစခန်းသို့ပို့ ဆောင်ခဲ့သည်။ သူတို့ကို စစ်ဆေးမေးမြန်းရာတွင် အမေရိကန်စစ်တပ်မှ ရုပ်ပိုင်း၊ စိတ်ပိုင်းနှိပ်စက်ညှဉ်းဆဲပြီး စစ်ဆေးခဲ့ကြောင်း ဗင့်စ်နှင့် အာတယ်လ်တို့က စွပ်စွဲထားသည်။

လအတန်ငယ်ကြာသောအခါ သူတို့နှစ်ယောက်ကို ဘာမှ မပြောမဆိုပဲ လေဆိပ်သို့ပို့ဆောင်ပေးခဲ့ကြောင်း ဆို၏။ သူတို့၌အပြစ် မရှိကြောင်း အမေရိကန်တာဝန်ရှိသူများလည်းသိရှိပြီး သူတို့၏ အခွင့်အရေးကို ချိုးဖေါက်ခံရသည့်အတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီး ထိန်းသိမ်းထားသည့် လူများအပေါ် ရမ်းစ်ဖဲလ် ကိုယ်တိုင်က နှိပ်စက်ညှဉ်းပန်းရန် ခိုင်းစေခဲ့သည် ဆိုသည်မှာ မဖြစ်နိုင် တရားရုံးက သုံးသပ်ခဲ့သည်။ အဆင့်မြင့် အရာရှိများကိုယ်တိုင် အမိန့်ပေး ခိုင်းစေခဲ့ကြောင်း သူတို့တွင် သက်သေ အထောက်အထား အခိုင်အလုံရှိကြောင်း တရားလိုများက ဆိုသည်။

“ကာကွယ်ရေးဝန်ကြီး ရမ်းစ်ဖဲလ်ကိုယ်တိုင် ညွှန်ကြားချက်တွေ ပေးခဲ့ပြီးတော့ တရားလိုနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထား စဉ်မှာ သူတို့ရဲ့အခြေခံ အခွင့်အရေးတွေကို ချိုးဖေါက်ခဲ့ကြောင်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တဲ့ အပေါ် သဘောတူပါတယ်။” ဟု အထက်တရားရုံးက ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။