Friday, August 19, 2011

ဂါဇာကို အစ္စရေးလေကြောင်းမှ တိုက်ခိုက်



ဂါဇာကမ်းမြှောင်ဒေသ ဟားမားစ် လုံခြုံရေး တပ်ဖွဲ့များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း (၆)ဦး သေဆုံးခဲ့သည်။ အီဂျစ် နယ်စပ်အနီး အစ္စရေးလ်တွင် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးလ် (၈)ဦး သေဆုံးခဲ့ရသည်ကို အကြောင်းပြု၍ လက်စားချေခြင်းဖြစ်သည်။
ဂါဇာ ကမ်းမြှောင်ဒေသကို အုပ်ချုပ်နေသော ရာဖာရှိ ဟားမားစ် အဖွဲ့၏ အဆောက်အဦး (၃)ခုကို ညဘက် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံး သွားသူများထဲမှ(၅) ယောက်မှာ လူထု ခုခံကာကွယ်ရေး ကော်မီတီ (PRC) အဖွဲ့ဝင်များ ဖြစ်ပြီး နောက်တစ်ယောက်မှာ ယောင်္ကျားလေး (၁)ဦးဖြစ်ကြောင်း သိရသည်။ အခြား (၁၇) ဦး လည်း ဒဏ်ရာရရှိသွားကြောင်း ဆေးအဖွဲ့များက ဆိုသည်။

သေဆုံးသူများထဲတွင် PRC ခေါင်းဆောင် ပါဝင်သွားကြောင်း၊ ယင်အတွက် မည်သည့်ကို မဆို နည်းမျိုးစုံဖြင့် လက်စားချေ သွားမည် ဖြစ်ကြောင်း ကြုံးဝါးလိုက်သည်။

ရာဖာကို လေကြောင်းမှ ဗုံးကြဲပြီးနောက် သောကြာနေ့ မနက်က ဂါဇာဘက်မှ အစ္စရေးလ် တောင်ပိုင်းသို့ အမြောက်ဆံ (၄)လုံးကျ ရောက်ခဲ့ကြောင်း အစ္စရေးလ် စစ်တပ်မှ အတည်ပြု ပြောဆိုခဲ့သည်။

ကြာသပတေးနေ့က အစ္စရေးလ်မြောက်ဘက် ပင်လယ်နီ ကမ်းခြေ အိုင်းလက် အပန်းဖြေစခန်း ကန္တာရအတွင်းရှိ လမ်းမကြီးပေါ်တွင် ဘတ်စ်ကား(၂)စင်း၊ ကား(၂)စင်း၊ စစ်ကား (၁)စင်းတို့ကို သေနတ်သမားများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက်၊ စစ်သားနှစ်ယောက် သေဆုံးခဲ့သည်။ အစ္စရေး တောင်ဘက်တွင် သေနတ်သမား (၇)ဦး သေဆုံးခဲ့ပြီး၊ (၂)ဦးမှာ ဘတ်စ်ကား များထဲမှ တစ်စီးပေါ်တွင် အသေခံ ဗုံးခွဲသွားခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ သေနတ်သမားများသည် ဂါဇာ ကမ်းမြှောင်ဒေသမှ အီဂျစ် ဆိုင်းနိုင်းကန္တာရမှ တစ်ဆင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လိုက်လံ ရှာဖွေသုတ်သင်မည် ဖြစ်ကြောင်း အစ္စရေးက ပြောကြားလိုက်သည်။

အစ္စရေးလ် စစ်တပ်မှ ဂါဇာ ကမ်းမြှောင်ဒေသအနီး ရာဖာမြို့အနီးသို့ လေကြောင်းပစ်ခတ်မှုကြောင့် အီဂျစ်ရဲ (၂)ဦး သေဆုံးကြောင်း စစ်တပ်အရာရှိ (၁)ဦး၏ ပြောစကားကို ကိုးကား၍အီဂျစ် MENA သတင်းဌာနမှ ကြေငြာခဲ့သည်။

“အစ္စရေးလ် စစ်လေယာဉ် တစ်စင်းက တိုက်ခိုက်ရေး သမားတွေနောက်ကို ရာဖာကို ရောက်တဲ့အထိ နောက်ကနေ လိုက်ပစ်တယ်။ အဲဒီမှာ ဗဟိုလုံခြုံရေး အဖွဲ့ဝင်တွေ အများကြီး ရှိနေတယ် ။ အဲဒီ အဖွဲ့ဝင်တွေကို ထိတယ်။ ” MENA သတင်းဌာနသို့ အဆိုပါ အရာရှိက ပြောပြသည်။
 တိုက်ခိုက်ရေး သမားများ နောက်သို့ လိုက်လံ သုတ်သင်သော လေယာဉ်မှာ အပါချီ ရဟတ်ယာဉ်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် နယ်စပ်မျဉ်း တလျှောက် ကြာသပတေးနေ့ တိုက်ခိုက်မှု ပြီးနောက် လုံခြုံရေး အင်အား ဖြည့်တင်းထားကြောင်း ၊ ဆိုင်းနိုင်း ကန္တာရ အတွင်း ရှိသော လက်နက်ကိုင် အုပ်စုများကို ရှင်းလင်းရန် စစ်ဆင်ရေး (၁)ရပ် ဆင်နွှဲနေကြောင်း MENA သတင်းဌာနက ကြေငြာ ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။