Wednesday, August 24, 2011

၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုတွင်ကျင်းပခွင့်ရရန် ကြိုးပမ်းမည်

ဂျပန်အိုလံပစ်ကော်မီတီဥက္ကဋ္ဌဇူနီကာဇု တာကီဒါ

မတ်လ ၁၁ ရက် ဆူနာမီနှင့် ငလျင်ဒဏ်မှ ပြန်လည်နိုးထနိုင်ရန် သံဓိဋ္ဌာန်ချမှတ်သည့် အနေနှင့် ၂၀၂၀ အိုလံပစ် ပွဲတော်ကို တိုကျိုတွင်ကျင်းပခွင့်ရနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရားဝင်ကြေငြာ လိုက်သည်။

၂၀၁၆ ပွဲတော်ကို ကျင်းပခွင့်ရရေး ယှဉ်ပြိုင်မှုတွင် ရှုံနိမ့်ခဲ့ရပြီး နောက်တစ်နေ့ အစည်းအဝေးတွင် အိုလံပစ်ကော်မီတီ အလုပ်အမှုဆောင်အဖွဲ့က ၂၀၂၀ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကြောင်း ကော်မီတီဥက္ကဋ္ဌ ဇူနီကာဇု တာကီဒါ က ပြောကြားခဲ့သည်။

“ဆူနာမီနဲ့ ငလျင်ဘေးဆိုးကြီးရဲ့ ဒဏ်ကနေ ဂျပန်ဟာ ရုန်းထွက်နိုင်ရမယ်။” ဂျပန်အိုလံပစ်ကော်မီတီ၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကိုတိုကျိုတွင်ကျင်းပစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုးအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မီတီဥက္ကဋ္ဌ ဂျက်ကီရော့ဂ် လည်းတက်ရောက်ခဲ့သည်။
“၂၀၂၀ အိုလံပစ်ပွဲတော်ဟာ ကျွန်တော်တို့ ပြန်လည်နာလံထူခြင်းရဲ့ အထိမ်းအမှတ်ဖြစ်စေရမယ်။”
ဟု ကြုံးဝါးပြောဆိုခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။