Tuesday, August 23, 2011

လစ်ဗျားအတိုက်အခံတို့ ထောင်ချောက်မိ

ဆာအစ်အယ်လ်-အစ္စလာမ်
တနင်္ဂနွေနေ့က အတိုက်အခံတို့မှ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဟု ဆိုသော ကဒါဖီ၏ သားတစ်ဦးဖြစ်သော ဆာအစ်အယ်လ်-အစ္စလာမ်သည် ထရီပိုလီမြို့တွင် ထောက်ခံသူများကြားသို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကောလဟာလတွေဟာ မဟုတ်မမှန်ဘူးဆိုတာ ပြဖို့ ကျုပ်ထွက်လာတာပါ။” ဟု ဆာအစ်အယ်လ်-အစ္စလာမ်က ပြောသည်။ သူသည် ညပိုင်းတွင် ရီဇော့ဟိုတယ်သို့ သွားရောက်ခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံခဲ့သည်။

“သူပုန်တွေရဲ့နောက်ကျောကိုဓါးနဲ့ ထိုးလိုက်တာပါ။ ကျုပ်တို့ ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျုပ်တို့ နိုင်တယ်။” ဟု ပြောသည်။ ရုပ်မြင်သံကြားတွင် လက်သီး လက်မောင်းတန်းကာ ထောက်ခံသူများကြား အော်ဟစ် ပြောဆိုနေသော ပုံများကို ပြသခဲ့သည်။


လွန်ခဲ့သော ၂၄ အတွင်းက သူပုန်တပ်များက ထရီပိုလီ မြို့အနှံ့သူ့ဖခင် ကဒါဖီကို ရှာဖွေခဲ့ကြကြောင်း၊ သို့သော် ထရီပိုလီမြို့သည် အစိုးရ လက်အောက်၌သာ ရှိသေးကြောင်း သတင်းထောက်များကို ပြောသည်။ သူ့ဖခင်ကဒါဖီမှာ လုံလုံခြုံခြုံပင် ရှိနေသေးကြောင်း ပြောသည်။

အစောပိုင်းက ဟိုတယ်တွင် ရှိနေသော သတင်းထောက် အုပ်စုတစ်စုကို ကဒါဖီ၏ လုံခြုံရေး တပ်များက ကဒါဖီ၏ ဘက်အယ်လ်-အဇစ်ယားနေ အိမ်ခြံဝင်းကြီးအတွင်းသို့
ခေါ်ဆောင်သွားခဲ့သည်။ နိုင်ငံတကာ တရားရုံးရှေ့နေ လူးဝစ်မော်ရန်နို အိုကမ်ပိုက လည်း မတိုင်ခင်က ဆာအစ်အယ်လ်-အစ္စလာမ်ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

အမျိုးသား အသွင်ကူးပြောင်းရေး ကော်မီတီဝင် တစ်ဦးဖြစ်သူ ဝါဟိဒ် ဘာဆန်က သူ့ကို ဖမ်းဆီးထားမိခဲ့ပြီး ဖြစ်ကြောင်း ၊ မည်သို့မည် ပုံပြန်လည် လွတ်မြောက်သွားသည်ကို မသိကြောင်းပြောလေသည်။

ကဒါဖီ၏ သားအကြီးဆုံး မိုဟာမက်ကိုလည်း တနင်္ဂနွေနေ့က ဖမ်းဆီးရမိထားကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီး ယခုအခါ ပြန်လည် လွတ်မြောက်နေသည်ဟု ဆိုသည်။ သူ့ကို ဖမ်းဆီးရမိပြီးနောက် အယ်လ်ဂျာဇီယာနှင့် အင်တာဗျူးပြောဆိုနေစဉ် သေနတ်သံများနှင့် ပစ်ခတ်မှုများကြောင့် အင်တာဗျူးကို ရပ်တန့်ခဲ့ရသည်။

“လစ်ဗျားမှာ ဖြစ်နေတာတွေက အင်မတန် စိတ်ပျက်ဝမ်းနည်းစရာ ကောင်းပါတယ်။ ညီအစ်ကိုအချင်းချင်း၊ မွတ်စလင်အချင်းချင်းသတ်ဖြတ်နေကြတာတွေက ကျွန်တော့်ကို စိတ်နှလုံးမသာမယာဖြစ်စေပါတယ်။” ဟုပြောခဲ့သည်။

မိုဟာမက်သည် လစ်ဗျားအစိုးရပိုင် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သည်။ သို့သော် သူ့ဖခင်၏အစိုးရတွင်း၌မူ သူ့အခန်းကဏ္ဍမှာ ဆာအစ်အယ်လ်-အစ္စလာမ်နှင့်နှိုင်းလျှင် ပြောပလောက်အောင်မရှိပေ။

ကဒါဖီ၏အသံကို တနင်္ဂနွေနေ့ညက ရုပ်သံတွင် ခဏမျှနောက်ဆုံးကြားခဲ့ရပြီး ယခုမည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရပေ။ ယင်းသို့ အသံလွှင့်ပြောကြား ခဲ့စဉ်က လစ်ဗျား တိုင်းရင်းသားများ အားလုံး မြို့တော်ထရီပိုလီသို့ ချီတက်လာကြရန် တောင်းဆိုခဲ့ပြီး
“ထရီပိုလီကို မီးလောင်တိုက် သွင်းမယ့် ကိစ္စကို ခင်ဗျားတို့ ကြည့်နေကြမှာလား” ဟု ဆိုခဲ့သည်။


ကဒါဖီ၏ အခြားသားသုံးယောက်ဖြစ်သော ဟန်နီဘယ်၊ မူတာဆင် နှင့် ခါမစ် တို့လည်းမည်သည့်နေရာတွင်ရှိမှန်းမသိရပေ။ ဟန်နီဘယ်သည် နိုင်ငံရေးတွင် အနည်းငယ်သာ ပါဝင်ပတ်သက်ပြီး ခါမစ်သည် ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းသော စစ်တပ်ကို ဦးဆောင်ခဲ့သည်။ ထို့ပြင် စစ်ဘက် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး သူ့ဖခင်၏ လုံခြုံရေး အကြံပေး တစ်ဦးဖြစ်သည်။

အယ်လ်-အာရေဗီးယား သတင်းဌာနက ခါမစ်သည် တနင်္လာနေ့က သူ့ကို သစ္စာခံသော စစ်တပ်နှင့်အတူ ထရီပိုလီလယ်ပိုင်းသို့ ထွက်ခွာသွားကြောင်း ဆိုသည်။


ကဒါဖီ၏ ယောက်ဖတော်သူ ထောက်လှမ်းရေး အကြီးအကဲဟောင်း အဗ္ဗဒူလာအယ်လ်-ဆနုဆီကိုလည်း မည်သည့်နေရာတွင် ရှိသည်ကို မသိရပေ။ တနင်္ဂနွေက ရီဇော့ ဟိုတယ်တွင် နိုင်ငံခြား သတင်းထောက်များကို “အနောက်အုပ်စု ထောက်လှမ်းရေးများသည် အယ်လ်ကေဒါတို့နှင့် ပူးပေါင်းကာ လစ်ဗျားကို ဖျက်ဆီးနေသည်” ဟုပြောဆိုခဲ့ပြီး သူ့ကို နောက်ဆုံး တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။

ကောလဟာလ သတင်းများ အရ ဆနုဆီသည် လစ်ဗျားတောင်ပိုင်း သို့မဟုတ် တူနီးရှားရှိ ဂျာဘာမြို့သို့ ထွက်ပြေးသွားကြောင်း သတင်းများ ဖြစ်ပေါ်လျက် ရှိသော်လည်း အတည်ပြု၍ မရပေ ။ ဇွန်လအတွင်းက လစ်ဗျားအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ တရားရုံးတွင် တတိမြောက် စာရင်းပေါက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လစ်ဗျားတွင် ဆန္ဒပြသူများကို သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ် စက်မှုများဖြင့် အလိုရှိနေခြင်းဖြစ်သည်။

SOURCE: AL JAZEER

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။