Wednesday, August 24, 2011

ကဒါဖီနှင့် သစ္စာခံများ ခုခံဖို့ အဓိဌာန်ပြုပြီ



လစ်ဗျား သူပုန်များ ထရီပိုလီမြို့ အား ဆက်လက်၍ အမိအရ ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ ဘက်အယ် အက်ဇီဇီယာ နယ်မြေတွင် ရှိသော မိုဟာမက် ကဒါဖီ၏ အဓိက ခြံဝင်းကြီးအတွင်းတွင်လည်း ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ရှောင်တိမ်းနေသော ကဒါဖီ၏ အခြားသော သစ္စာခံ ခေါင်းဆောင် တချို့ ကတော့ ကဒါဖီ ဆက်လက်ပြီး ပုန်းအောင်းနေဦးမှာ ဖြစ်ကြောင်း  ထုတ်ဖော် ပြောဆိုခဲ့သည်။

ဘက်အယ် အယ်ဇီဇီယာကို ဝင်ရောက် စီးနင်းခြင်းသည် လစ်ဗျားအားကဒါဖီ၏ ၄၂ နှစ်တာအုပ်ချုပ်မှု စိုးမိုးထားသော ဥပဒေများ အဆုံးသတ်သွားကြောင်း အသွင်ကို ဆောင်သည်ဟု သူပုန်များမှ ကြုံဝါးလျက်ရှိသည်။ သို့သော် ကဒါဖီနှင့် သြဇာကြီးသော သားနှစ်ယောက် ပျောက်ဆုံးနေခြင်းသည် လစ်ဗျားအတိုက်အခံ တို့အတွက် အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ရန် စောလွန်းသေးသည်ဟုလည်း ပြောကြားချက်များ ထွက်ပေါ်လျက်ရှိသည်။

အယ်လ်ဂျာဇီယာ မှ အီဗန်ဟေးလ်၏ ကဒါဖီ၏ ခြံဝင်းအတွင်းမှ သတင်းပေးပို့ချက်အရ-
"သေနတ်သံများကို ပြတ်တောင်းပြတ်တောင်း ကြားနေရပါတယ်။ ဒါပေမယ့် ပေါက်ကွဲသံတွေနဲ့ ဒုံးကျည်ပစ်သံတွေကိုတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အထိအောင် ကြားနေခဲ့ရပါတယ်။ အတိုက်အခံ သူပုန်များ ခြံဝင်းအတွင်းထဲအထိ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။" ဟု သိရသည်။ သို့သော် ဘယ်ကို ဦးတည်ပြီး ပစ်ခတ်နေတယ် ဆိုတာကိုတော့ အတိအကျပြောလို့ မရကြောင်း သိရသည်။

"ကျွန်တော်တို့ ဘက်အယ် အယ်ဇီဇီယာက ထွက်ခွာခဲ့ပြီး မနီးမဝေးလောက်မှာ ဘယ်ကမှန်းမသိတဲ့ ဒုံးကျည် သုံးစင်းကျလာပါတယ်။ ပြီးတော့ သူတို့တွေနဲ့ တဖြည်းဖြည်း နီးလာခဲ့ပါတယ်။ ပထမ ဒုံးကျည် နှစ်ခုကတော့ ကျွန်တော်တို့နဲ့ လွဲသွားခဲ့ပါတယ်။ နောက်ထပ်ကျန်တဲ့တစ်လုံးကတော့ မြက်တောထဲကို ကျသွားခဲ့ပါတယ်။"ဟု သူပြောကြားခဲ့သည်။

"ကျွန်တော် အဆောက်အအုံကြီးဘေးက ကွင်းပြင်မှာ လူသေ နှစ်လောင်းတွေ့ခဲ့တယ်။ တစ်ယောက်က လက်မှာလည်း ရွေပေါ်တွေ ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ မွေ့ရာနဲ့ ကွယ်လျက်သား လဲကျနေခဲ့တာပါ။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ ကျွန်တော်မသိဘူး။"

"ကျွန်တော်ကြည့်ရတာ အဲဒီလူသေဟာ သေပြီး အနည်းဆုံး တစ်ရက်လောက် ကြာပြီထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ခြေထောက်တွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီးတော့ သိသာထင်ရှားတဲ့ ဒဏ်ရာလည်း မတွေ့ရပါဘူး။ သွေးတွေလည်း မြေကြီးမှာ ခြောက်နေပါတယ်။ အဝတ်လည်း မဝတ်ထားပါဘူး။"

သူပုန်များ ဘယ်အယ် အက်ဇီဇီယာဒေသ တလျှောက်လုံးကို လှည့်လည်၍ အခြေအနေအား ကြည့်ရှုလျက်ရှိသည်။ တချို့ တွေက ပစ္စည်းတွေခိုး နေကြတယ်။ ကျွန်တော်တောင်မှ ဆေးတွေခိုးနေတဲ့ ဆရာဝန်တစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ ရာပေါင်းများစွာသော သူပုန်များသည် လက်နက်များ၊ စက်သေနတ်များ၊ ဒုံးကျည်များဖြင့် ခြံတလျှောက် လှည့်လည် ကြည့်ရှုလျက် ရှိသည်။

ထရီပိုလီတွင်ရှိသော ရီဇော့ဟိုတယ် အနီးတဝိုက်မှလည်း အလွန်ကျယ်လောင်သော သေနတ်သံများ ထွက်လာသောကြောင့် များစွာသော နိုင်ငံခြား သတင်းထောက်များ ပိတ်မိနေကြပြီး ကဒါဖီ၏ သစ္စာခံတပ်များက လက်နက်ကြီးများဖြင့် စောင့်ရှောက်ပေးလျက်ရှိကြောင်း ရီယူတာ သတင်းဌာနမှ ဖော်ပြခဲ့သည်။

အယ်လ်ဂျာဇီယာ သတင်းထောက် ဆူးတာတွန်က
"တိုက်ပွဲနည်းနည်းလေး ပြင်းထန်သွားခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ အဲဒီနေရာကနေ တပ်ဆုတ်ဖို့ လုပ်နေကြပါတယ်။"

"လက်ဖြောင်တပ်သားတွေ အဲဒီ အဆောက်အအုံကြီးရဲ့  အတွင်းမှာ သို့မဟုတ် အနောက်မှာ ရှိနေပါတယ်။ အဲဒီ လက်ဖြောင့်သမားတွေက လက်နက် အမျိုးမျိုး ကိုင်ဆောင်လာတဲ့ သူတွေကို ပစ်ခတ်နှိမ်နင်းပါတယ် လေယာဉ်ပစ် သေနတ်၊ စက်သေနတ်ကြီးတွေ ကိုင်ဆောင်လာတဲ့ သူတွေကို တောင်မှ အဆောက်အအုံကြီးထဲကနေ အပြင်ကို ထွက်သွားအောင် ပစ်ခတ်ခဲ့ပါတယ်။" ဟု ပြောကြားခဲ့သည်။


"ခင်ဗျား လက်ဖြောင့်သမားလို့ ပြောလိုက်ရင် အဲဒီစကားလုံးဟာ လူတွေကို တုန်လှုပ်ခြောက်ခြား စေပါတယ်။ ဒီမှာ ရှိနေတဲ့လူတွေ စီးပွားရေး မလုပ်နိုင်ဘူး။ ဒီလမ်းကြီးဟာလည်း ငြိမ်သက်နေပါတယ်။ လမ်းလျှောက်နေတဲ့ လူအနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်မှ ဈေးဆိုင်တွေထဲ ဝင်တာ မတွေ့ရပါဘူး။ သူတို့ တုန်လှုပ်ခြောက်ခြားနေကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ များစွာသော ကဒါဖီရဲ့  သစ္စာခံတပ်သားတွေနဲ့ အနီးလေးမှာ ရှိနေလို့ပါပဲ။"

ကဒါဖီကတော့ ဗုဒ္ဓဟူးနေ့က အယ်ရိုင် ရုပ်မြင်သံကြားဌာနက လွှင့်တဲ့ အသံလွှင့် အစီအစဉ်လေးတစ်ခုမှာ "ထရီပိုလီမှာ နေထိုင်တဲ့ သူတွေ သူပုန်တွေကို တွန်းလှန်ရမယ်လို့" နောက်ဆုံး ပြောသွားခဲ့ပါတယ်။

 "လစ်ဗျားလူမျိုးတွေဟာ ထရီပိုလီအတွက် အမြဲတမ်းရှိနေရမယ်။ လူငယ်တွေ လူကြီးတွေ အမျိုသမီးတွေ အားလုံး သစ္စာဖောက်တွေကို ထရီပိုလီကနေပြီး ရှင်းထုတ်ပစ်ရမယ်" ဟု သူပြောကြားသွားခဲ့သည်။ "ဘယ်သူမှ မမြင်အောင် ထရီပိုလီကနေ မသိမသာလေး ထွက်သွားပါပြီ။ ဒါပေမယ့် ထရီပိုလီမှာ အန္တရာယ်တွေ ကျရောက်နေတယ်လို့တော့ မခံစားခဲ့ရပါဘူး။"

အယ်ရိုင်က လစ်ဗျားခေါင်းဆောင် ကဒါဖီအား ပြောပြချက်အပေါ် ကိုးကားဖော်ချက်အရ " နေတိုး 64 တိုက်လေယာဉ်တွေ လာပြီဆိုကတည်းက ထရီပိုလီရှိ ၄င်းရှိခြံဝင်းအတွင်းမှ "ပရိယာယ်" ဖြင့် ဆုတ်ခွာသွားခဲ့ပါတယ်။" ဟု သိရသည်။

၎င်းနောက် အယ်ရိုင်မှ "ကဒါဖီနှင့် ၄င်း၏ တပ်များသည် အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာသော ရန်သူများအား ခုခံမည်ဖြစ်ကြောင်း၊ သေရင်လလဲမြေကြီးပဲ ရှင်ရင်ရွှေထီးပဲ" ဟု အဓိဌာန်ချထားခဲ့ကြောင်း  ကောက်နှုတ်တင်ပြသွားခဲ့သည်။

Video link: http://english.aljazeera.net/news/africa/2011/08/2011824688335330.html

 Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။