Sunday, August 28, 2011

နယူးယောက်ကို မုန်တိုင်း ဝင်ပြီ



အင်အားပြင်းသော လေပြင်း တိုက်ခတ်ခဲ့ပြီး မိုးကြီးနိုင်ကြောင်း နယူးယောက်တွင် ကြေငြာခဲ့သည်။ အီရင်းသည် အင်အားပြင်း မုန်တိုင်းတစ်ခု နီးပါး ပြင်းထန်ခဲ့ပြီး ဗာဂျီးနီးယား ဖလော်ရီဒါနှင့် မြောက်ကယ်ရိုလိုင်းနားတို့တွင် ယင်းဟာရီကိန်းကြောင့် လူ စုစုပေါင်း (၈)ဦး သေဆုံးသွားခဲ့သည်။

အစိုးရ မိုလေဝသ ခန့်မှန်းသူများက "မုန်တိုင်းအမျိုးအစား (၅) မျိုးထဲမှ အောက်ဆုံးအဆင့် အင်အားအနည်းဆုံး မုန်းတိုင်းငယ် အဆင့်သာ ဖြစ်ခဲ့ပြီး အင်အားကြီး မုန်တိုင်း တစ်ခုအသွင်သို့ ပြောင်းလဲသွားနိုင်ဖွယ်ရာ ရှိနေသေးကြောင်း" တနင်္ဂနွေနေ့ နှောင်းပိုင်းလောက်က ပြောကြားသွားခဲ့သည်။

ခါတိုင်းလို ဆူညံနေသော လမ်းများသည် ယခုအခါ တိတ်ဆိတ် လျက်ရှိပြီး မြို့ တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း ရပ်တန့်ထားရကြောင်း သိရသည်။

ဝါရှင်တန်၊ဖီလက်ဒယ်ဖီးယား၊ နယူးဂျာစီ ကမ်းခြေနှင့် မြောက်ဘက်ရှိ ဘော်စတွန် နယ်နိမိတ်အတွင်းရှိ မြို့ များလည်း မုန်တိုင်းကို ခံကြရသည်။

မုန်တိုင်းငယ်သည် နယူးဂျာစီ ပင်လယ်ပြင်နှင့် မြောက်ဘက် ကယ်ရိုလိုင်းနားသို့ ဝင်ရောက် တိုက်ခတ်မှု အပြီးတွင် ၁ နာရီ (၁၂၀) ကီလိုမီတာခန့်အထိ အင်အား အနည်းငယ် ပျော့သွားခဲ့သည်။ သို့သော် မုန်တိုင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည့် အခြေအနေများ ရှိသေးကြောင်း သိရသည်။

ယင်းဒေသများတွင် နေထိုင်သော ဒေသခံများအား မွန်းလွဲ ၅ နာရီအချိန်လောက်တွင် မုန်တိုင်း အားပျော့နိုင်ခြေ ရှိသော မက်ဟက်တန်၊ ဘရွတ်ကလင်းနှင့် ကွင်းစ် စသော နေရာများသို့ ရွှေ့ ပြောင်းကြရန် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

"အခြေအနေကတော့ ရုတ်ချည်းဆိုသလို ဆိုးရွားလာပါပြီ။ မကြာမီအချိန်မှာပဲ နယူးယောက်ကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ လေတိုက်နှုန်းတွေ တိုးလာမယ်၊ မိုးတွေကြီးမယ်၊ ပင်လယ်လှိုင်းတွေပါ ကြီးလာပါတော့မယ်" ဟု နယူးယောက်မြို့တော်ဝန်ဘရွန်းဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသွားခဲ့သည်။

 " နာရီအနည်းငယ် အကြာလောက်မှာ အခြေအနေဟာ တဖြည်းဖြည်း ဆိုးရွားလာပါတယ်။ နယူးယောက် မြို့ အလယ်မှာ မိုးကြီးနေပါတယ်။ နောက်လာမယ့် နာရီအနည်း ငယ်လောက်မှာတော့ ဒီထက် ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ရနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်" ဟု နယူးယောက်တွင် ရောက်ရှိနေသော အယ်လ်ဂျာဇီးယား သတင်းထောက် အနန်နယ်ဒို ကပြောပြသွားခဲ့သည်။

ကျွန်းများစွာဖြင့် ဖွဲ့စည်းထားသဖြင့် နယူးယောက်မြို့ ၏မြိ့သားများသည် ရေလွှမ်းမိုးမည်ကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြသည်။

အယ်လ်ဂျာဇီယာ အကြီးတန်း မိုးလေဝသ သတင်းကြေငြာသူ စတိတ်ဂေါက်တာက "မုန်တိုင်းသည် အားပျော့လာပြီး မိုးကတော့ ကြီးနိုင်ပါတယ်" ဟု ကြေငြာသွားခဲ့သည်။

နယူးယောက် တာဝန်ရှိသူများ၏ သတိပေးချက်အရ "တကယ်လို့ မုန်တိုင်းသာ အားကောင်းပြီး ဝင်ရောက် တိုက်ခတ် ခဲ့မယ် ဆိုရင် ပြင်းအား ၁ နာရီ ၁၇၃ ကီလိုမီတာထိ ရှိလာနိုင်ပြီး မိုးမျှော်တိုက် တံခါးများ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားနိုင်သော ပြင်းအားဖြစ်ကြောင်း" သိရသည်။

" စနေနေ့ နှောင်းပိုင်း အချိန်လောက်မှာ (CENG's Calvert) အငူမှာရှိတဲ့ နယူးကလီးယား ဓာတ်ပေါင်းဖို တစ်ခုတွင် ထရမ်စဖော်မာ (transformer) ကို မုန်တိုင်းကြောင့် ပြုတ်ထွက်ပါလာတဲ့ အလူမီနီယံ အစတွေနဲ့ ရိုက်မိပြီး ဓါတ်ပေါင်းဖိုလုပ်ဆောင်မှုတွေ အလိုလိုရပ်တန့် သွားခဲ့ပါတယ်။" ဟု ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တနင်္ဂနွေနေ့က ပြောကြားသွားခဲ့သည်။

"အခြားဘာမှတော့ ဖြစ်မသွားပါဘူး။ အလုပ်သမားတွေလည်း အထိအခိုက် မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေရာ တဝိုက် ကိုတော့ စောင့်ကြပ် ကြည့်ရှုဖို့ လိုအပ်ပါတယ်" ဟု ဆက်လက် ပြောကြားသွားခဲ့သည်။

မုန်တိုင်းသည် လမ်းဘေး နံရံများကိုပါ လမ်းကြောင်းပြောင်းသွား နိုင်သည့်အထိ အင်အားပြင်းနိုင်ပြီး ၁၉၈၀ နောက်ပိုင်းအတွင်း နယူးယောက်အတွက် အဆိုးဆုံး မုန်တိုင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသွားခဲ့သည်။

မြေအောက် ဥမင်လှိုဏ်ခေါင်းများအတွင် ရေဝင်နိုင်သောကြောင့် မြေအောက်လမ်းများ ပိတ်ထားခဲ့ရသည်။ အမေရိကန်၏ အကြီးဆုံး မြို့ ပြ လည်ပတ်မှု စနစ်ကြီး သဘာဝဘေးဒဏ်ကြောင့် ရပ်နားခဲ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။