Wednesday, August 24, 2011

ကလေးစောင့်ရှောက်မှု ထောက်ပံ့ကြေး ဂျပန်လျှော့ချမည်


အသက် ၃ နှစ်မှ ၁၂ အထိ အလယ်တန်း အရွယ် ကလေးများအား ကလေးပြုစု ပျိုးထောင်စားရိတ် ကလေးတစ်ယောက် လျှင် ယန်း ၁၀,၀၀၀ နှုန်းဖြင့် ပေးမည့်ဥပဒေကို ဝန်ကြီးအဖွဲ့က ဗုဒ္ဓဟူးနေ့က သဘောတူညီလိုက်ပြီး လာမည့်အောက်တို ဘာလတွင် ထိုနှုန်းအတိုင်း စတင် ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးအဖွဲ့၏ သဘောတူညီမှုဖြင့် အစိုးရက ယင်းဥပဒေကြမ်းကို ဒိုင်းယက်လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်သည်။ အောက်တိုဘာနှင့် မတ်လအကြား ပေးမည့် အစိုးရ၏ ကလေးကျွေးမွေးစောင့်ရှောက် စားရိတ်ခံစားခွင့် အတွက် အခြေခံထား ကျင့်သုံးရမည့် ဥပဒေဖြစ်သည်။

ယင်းဥပဒေကို ယခုကျင်းပနေသော ဒိုင်းယက် လွှတ်တော် အစည်းအဝေးတွင် အာဏာရ ဒီမိုကရက်တစ်ပါတီ၊ အတိုက်အခံ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီနှင့် နယူကိုမီအီတို ပါတီတို့၏ သဘောတူညီချက်များဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

လက်ရှိပေးနေသော ကလေးစောင့်ရှောက်မှု ထောက်ပံ့ကြေးမှာ အလယ်တန်းနှင့် ထို့အောက်ငယ်သော ကလေးတစ်ဦး အတွက် တစ်လ ၁၃,၀၀၀ ယန်း ဖြစ်သည်။ သို့သော် အထူးပြဋ္ဌာန်းထားသော ဥပဒေ အသက်ဝင်လာမည် ဆိုလျင် ၃ နှစ်အောက် ကလေးတစ်ယောက်အတွက် တစ်လ ယန်း ၁၅,၀၀၀ နှင့် ၃ နှစ်မှ ၁၂ နှစ် အထိ ကလေးတစ်ယောက် အတွက်လည်း ယင်းပမာဏအတိုင်းပင် ရရှိမည်ဖြစ်သည်။

၃ နှစ်မှ ၁၂ နှစ်အထိ သားဦးနှင့် ဒုတိယသားတို့အတွက် တစ်လလျင် ယန်း ၁၀,၀၀၀ ရရှိမည်ဖြစ်သည်။
ယခုလက်ရှိ ပြဋ္ဌာန်းထားသော ဥပဒေသည် စက်တင်ဘာ လကုန်တွင် သက်တမ်းကုန်သွားပြီဖြစ်ပြီး အထက်တွင်ဖေါ်ပြ ခဲ့သော ပါတီသုံးခုက အထူးဥပဒေ တစ်ရပ်အနေနှင့် ယခုနှစ် ဘဏ္ဍာရေးနှစ်ကုန်အထိ မူလအတိုင်း ပေးသွားရန် သဘောတူညီခဲ့ကြသည်။

ကလေးသူငယ် ခံစားခွင့်ဆိုင်ရာ ဥပဒေနှင့် ထောက်ပံ့ကြေး စံနစ်များကိုလည်း နောက်နှစ် ဧပြီလမှ စတင်ကာ ပြင်ဆင်သွားရန် သဘောတူညီခဲ့ကြသည်။ နောက်နှစ်တွင်ပြောင်းလဲသွားမည့် ပုံစံများကို ဥပဒေကြမ်းတွင် ထည့်သွင်းဖေါ်ပြထားသည်။

ထောက်ပံ့ကြေး လက်ခံရရှိနိုင်သည့် ကလေးသူငယ်များ အဖြစ် သတ်မှတ်ချက်များ ထားရာတွင် ချွတ်ချော်မှုများ ရှိနေပြီး လက်ရှိဥပဒေသည် အပြစ်အနာဆာများ ရှိကြောင်း ဆိုသည်။

ဥပမာ- ကလေးစောင့်ရှောက်မှု အထောက်အပံ့ ခံစားခွင့်ရရှိနိုင်သည့် ကလေးသူငယ်များ အဖြစ် မိဘမဲ့ ကလေး စောင့်ရှောက် ဂေဟာများရှိ ကလေးဦးရေ ၁၁,၀၀၀ ရှိသည်ဟု လက်ရှိဥပဒေက သတ်မှတ်ထားသည်။ ထို့ပြင် နိုင်ငံရပ် ခြားတွင် ရောက်ရှိနေသော မိဘများက ကလေးများကို ဘိုးဘွားဆွေမျိုးများနှင့် စောင့်ရှောက်ခွင့် အပ်နှင်းခံထားရသူက စောင့်ရှောက်ထားရသော ကလေးများလည်း ခံစားခွင့်တွင် အကြုံးဝင်သည်ဟု လက်ရှိဥပဒေက ဆိုသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။