Friday, August 26, 2011

မက္ကဆီကိုရှိ ကာဆီနို တစ်ခုအတွင်း အစုလိုက် အပြုံလိုက် လူသတ်မှု ဖြစ်ပွား

မက္ကဆီကို မြောက်ဘက် မွန်တာရီမြို့ရှိ ကာဆီနို ကစားရုံတစ်ခုကို သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ကာ မီးတင်ရှို့ခဲ့သဖြင့် ၅၃ ဦးထက်မနည်း သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ညီဗိုလီယွန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရိုဒရီဂို မန်ဒီနာက လူ ၅၃ဦး သေဆုံးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ၏ သတိပေးချက်အရ အသေစာရင်း ဆက်လက် မြင့်တက်နိုင်ကြောင်း တယ်လီဗီဆာ ရုပ်မြင်သံကြားတွင် ပြောပြသွားးခဲ့သည်။

မက္ကဆီကိုသမ္မတ ဖီးလစ်ကယ်လ်ဒီရွန်ကလည်း “စက်ဆုပ်ဖွယ်ရာ သတ်ဖြတ်မှု” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းကဲ့သို့ ရာဇဝတ်မှုများကို ဆက်လက် တွန်းလှန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း ကာဆီနို ကစားဝိုင်းတွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုသည်  ၂၀၀၆ လောက်မှ စတင်ခဲ့သော သမ္မတ ကယ်လ်ဒီရွန်၏ “မူးယစ်ဂိုဏ်းများ နှိမ်နှင်းရေး” ကာလအတွင်း အဆိုးဆုံး အကြမ်းဖက်မှုတစ်ခု ဖြစ်ကြောင်း မက္ကဆီကို ဖျော်ဖြေရေးဌာနမှ ပြောကြားသွားခဲ့သည်။

“မျက်နှာဖုံးစွပ်နဲ့ သေနတ်သမားတွေ ကာဆီနိုထဲကို ရုတ်တရက် ဝင်ရောက်လာပြီး သေနတ်နဲ့ တရစပ် ပစ်တော့တာပဲ။ ပြီးတော့ ကစားသမားတွေကို ချိမ်းခြောက်ခဲ့တယ် ပြီးတော့ ကော်ဇောပေါ်ကို ဆေးဖြန်းလိုက်တယ်။ ပြီးတော့ အဲဒီဆေးဖြန်းထားတဲ့ နေရာကို မီးတင် ရှို့ ခဲ့တာပါ။” ဟု အသက်ရှင် ကျန်ရစ်သူတစ်ဦးက ပြောကြားသွားခဲ့ည်။

၎င်းနောက် သေနတ်သမားများက ဆဲဆိုပြီး ဧည့်သည်တွေနဲ့ အလုပ်သမားတွေကို အပြင်ထွက်ဖို့ အော်ဟစ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အကြောက်လွန်နေသော လောင်းကစားသများနှင့် အလုပ်သမားများသည် အဆောက်အဦ ထဲတွင် ဟိုဒီပြေး၍ ပိတ်မိနေကြသည်။ မီးစများသည် တဖြည်းဖြည်း ကြီးမားပြီး မီးခိုးလုံးပြီးများ အဆောက်အဦအပြင်ဘက်သို့ တလိပ်လိပ်တက်လာကြောင်း သိရသည်။

“ကာဆီနိုရှိ ရေချိုးခန်းအတွင်းမှာ အလောင်းတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အဲဒီနေရာမှာ အလုပ်သမားတွေနဲ့ ဧည့်သည်တွေကို ပိတ်ထားခဲ့ပြီး၊ သေနတ်သမားတွေ လွတ်မြောက်အောင် ထွက်ပြေးသွားခဲ့ဟန် တူပါတယ်။” ဟု မွန်တာရီမြို့ တော်ဝန် ဖာနန်ဒို လာရာဇဘယ်က ပြောကြားသွားခဲ့သည်။ မွန်တာရီမြို့  ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သော အိန်ဂျယ်လ် ဖလောရက်စ်က သေသွားသူ အများစုဟာ အောက်စီဂျင်ပြတ်၍အသက်ရှူကြပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကြမ်းဖက်မှု နောက်ကွယ်

ဒီအကြမ်းဖက်မှုကို မူးယစ်ဂိုဏ်းတစ်ဂိုဏ်းက ကျုးလွန်တယ်ဆိုတာ သိသာထင်ရှားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မူးယစ် ဂိုဏ်းများသည် ကာဆီနို လောင်းကစားဝိုင်းများနှင့် အခြားသော စီးပွားရေးလုပ်ငန်းများမှ မကြာခဏဆိုသလို ငွေညှစ်ကာ ငြင်းဆိုပါက ပစ်သတ်ရန် သို့မဟုတ် မီးရှို့ ပစ်ရန်  ခြိမ်းခြောက်လေ့ရှိသည်။

မီးလောင်နေစဉ်အတွင်း အာဏာပိုင်များသည် အနီးအနားရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှ မြေလှန်ကားတစ်စီးအား အကူအညီတောင်း၍ ကာဆီနိုအတွင်းပိတ်မိနေသော လူများဆီသို့ ရောက်ရှိရန် နံရံအား ဖြိုချခဲ့ရကြောင်း သိရသည်။

ထိုနေ့ညအဖို့ မက္ကဆီကိုအတွက် ဝမ်းနည်းမှုများနဲ့ ပြည့်နေတဲ့ ညတစ်ည ဖြစ်ကြောင်း ပြည်ထောင်စု လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ပိုင်ယိုက  ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြားသွားခဲ့သည်။

“ပြန် မပြောပြနိုင်လောက်အောင် မနှစ်မြို့ စရာကောင်းသော ရက်စက်မှုကြီးကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ပြန်ပြီး ပြောမပြနိုင်လောင်အောင် ဖြစ်ရပ်တစ်ခုကို အပြစ်မပေးဘဲ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး” ဟု ဆက်လက် ပြောကြားသွားခဲ့သည်။

မုးယစ်ဂိုဏ်းနှင့် ပတ်သက်၍ အချက်အလက်များ ချက်ချင်း မသိနိုင်သေးကြောင်း သိရသည်။ မွန်တာရီမြို့သည် ပြီးခဲ့သည့် လကလည်း ဇီးထက်စ်နှင့် ဂက်ဘ် ဆိုသော မူးရစ်ဂိုဏ်းတို့၏ တိုက်မှုများကြားတွင် သွေးမြေကျခဲ့သော မြို့ တစ်မြို့ ဖြစ်သည်။

မက္ကဆီကို၏ ချမ်းသာကြွယ်ဝမှုနှင့် တိုးတက်မှု သင်္ကေတကို ပြလျက်ရှိသော မြို့ သည် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူသတ်မှုများနှင့် မြင်တွေ့ နေရပြီး လွန်ခဲ့သော (၂) နှစ်၊ (၃) နှစ် အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

လာရာဇဘယ်က “ဒီကာဆီနိုက မွန်တာရီ မြို့ ရဲ့  ပျော်စံရာ နေရာလေး တစ်နေရာ ဖြစ်ပြီး ယင်းအဆောက်အဦးအား ခွင့်ပြုချက်မရပဲ တိုးချဲ့ ဆောက်လုပ်ထားခြင်းကြောင့် မေလက အာဏာပိုင်များက ပိတ်ခိုင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီး တစ်ဦးရဲ့  တရားဝင် အာမခံနဲ့ ဆက်လက် ဖွင့်ပိုင်ခွင့် ရရှိခဲ့ပါတယ်။

အစပိုင်း သတင်းပေးပို့ချက်များအရ ကာဆီနိုဖောက်သည် (၁၁)ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။ မီးသတ်သများများသည် အဆောက်အဦထဲတွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အသက်ရှင် ကျန်ရစ်သူများအား အသက်ရှူလမ်းကြောင်းပုံမှန်ပြန်ဖြစ်အောင် ဆရာဝန်များမှ ကုသ ပေးလျက်ရှိကြောင်း သိရသည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။