Monday, August 15, 2011

အာဖဂန်အသေခံဗုံးခွဲမှု ၂၂ ဦးသေ



အာဖဂန်မြောက်ပိုင်း ပါဝမ်ပြည်နယ်အုပ်ချုပ်ရေးမှူး၏အိမ်ကို အသေခံဗုံးခွဲသမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့သည်။ အဆိုပါတနင်္ဂနွေနေ့ တိုက်ခိုက်မှုတွင် အရပ်သား ၁၆ ယောက်၊ ရဲ ၆ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၃၃ ခန့်ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်ပွားရာတွင် ပေါက်ကွဲမှုမဖြစ်မီ ဖေါက်ခွဲရေးသမားများနှင့် ရဲများအကြား မိနစ် ၅၀ ခန့်အခြေအနေတင်းမာခဲ့ပြီး တာလီဘန်တို့က သူတို့လက်ချက်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။
          “လက်ဦးရတဲ့ သတင်းတွေအရ ပေါက်ကွဲမှု ၆ ခုဖြစ်ပွားခဲ့ပါတယ်။” အာဖဂန်ပြည်ထဲရေးပြောရေးဆိုခွင့်ရှိသူ ဆဒစ်ဆက်ဒီကီက အယ်လ်ဂျာဇီယာသတင်းသို့ ပြောပြသည်။
ဖေါက်ခွဲရေးကိုယ်ကျပ်အင်္ကျီများဝတ်ဆင်ထားသော သေနတ်သမားများ အုပ်ချုပ်ရေးမှူးအဗ္ဗဒူလ်ဘက်ရှာဆလာန်ဂီ၏ အိမ်သို့ ချဉ်းကပ်လာပြီး တံခါးဝအရောက်တွင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဖေါက်ခွဲပစ်လိုက်သောအခါ ကျန်သူများက အိမ်အတွင်း ဝင်ရောက်သွားကြသည်။
          “နေ့လည်ခင်းလောက်မှာ ဖြစ်သွားတာပါ။ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။” ဟုအက်ဒီကီက ပြောပြ သည်။ ထို့နောက်အုပ်ချုပ်ရေးမှူးက သူဘေးမသီရန်မခရှိကြောင်း၊ အကြမ်းဖက်သမားများကို သူ့တပ်ဖွဲ့များက တိုက်ခိုက်နေ ကြောင်း ဒေသတွင်းရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။
          “တိုက်ခိုက်ရေးသမားတစ်ယောက်က ကျွန်တော့်ရုံးခန်းတံခါးကနေ ဝင်လာခဲ့ပါတယ်။ သူ့ကို ကျွန်တော်ပစ်သတ်လိုက် တယ်။” ဟု ဆလန်ဂီက တိုလိုသတင်းဌာနသို့ပြောပြခဲ့သည်။
ပါဝမ်ပြည်နယ်သည် မြို့တော်ကဘူးလ်မှ အနောက်မြောက်ဘက် ကားဖြင့်တစ်နာရီခန့်မောင်းရသော အကွာအဝေးတွင်သာရှိ သည်။
          အခင်းဖြစ်ပွားပြီး ၁၅ မိနစ်အကြာတွင် သူတို့လက်ချက်ဖြစ်ကြောင်းတာလီဘန်တို့က ကြေငြာခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ချားလ်စ်စထရက်ဖို့က ကဘူးလ်မြို့မှ သတင်းပေးပို့ခဲ့သည်။
          “ပါဝမ်ပြည်နယ်ဟာ အလုံခြုံဆုံးပြည်နယ်ဖြစ်တယ်လို့ သတ်မှတ်ထားတာပါ။ အခုဒီအဖြစ်အပျက်ကြောင့် အကြမ်းဖက် တွေအနေနဲ့ ဆန္ဒရှိရင်ဝင်ပြီး အကြမ်းဖက်လို့ရတယ်လို့ ပြသလိုက်ပါတယ်။” ဟု သူကဆိုသည်။
အကြီးဆုံးအမေရိကန်လေတပ်ဌာနချုပ်သည် ပါဝမ်ပြည်နယ်တွင်တည်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။