Thursday, August 11, 2011

ဂျပန်ဆူနာမီကြောင့် အန္တာတိကရေခဲတုန်းကြီး ပဲ့ထွက်

ပဲ့ထွက်လာသောရေခဲတုန်းများကို ဂြိုလ်တုမှ မြင်ရပုံ

မတ်လ ၂၀၁၁ တုန်းက ဂျပန်မှာ ငလျင်လှုပ်ပြီး ရိုက်ခတ်သွားခဲ့တဲ့ ဆူနာမီရေလှိုင်းကြောင့် ငလျင်ဗဟိုနဲ့ မိုင်ပေါင်း ၈,၀၀၀ အကွာ မှာရှိတဲ့ အန္တာတိက ရေခဲပြင်က ရေခဲတုန်းကြီး တစ်တုံး ပဲ့ထွက်သွားခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ၁၈ လောက်အကြာမှာ အင်အားပြင်း ဆူနာမီရေလှိုင်းတွေက အန္တာတိကတိုက်ကို ရောက်ရှိသွားပြီးတော့ မက်ဟန်တန် ရပ်ကွက်တစ်ခုစာလာက် ကျယ်ဝန်းတဲ့ ရေခဲတုံး ကြီးကို သွားရိုက်ပြီးတော့ အပိုင်းပိုင်း ကွဲသွားပါတယ်။

ရေခဲတုန်း အစိတ်အပိုင်းများကို တနင်္လာနေ့ထုတ် ရေခဲပြင်ဗေဒ (Glaciology) ဂျာနယ်မှာ အသေးစိတ် ဖေါ်ပြထားပါတယ်။ နာဆာက ထုတ်ပြန်တဲ့ ကြေငြာချက်အရ ဆူနာမီ ရိုက်ခတ်မှုကြောင့် ရေခဲတုန်းကြီး ကွဲရတယ်ဆိုတဲ့ ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိမှုက ဒီကိစ္စ ပထမဦးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။


Source: Japanese Media

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။