Saturday, August 13, 2011

လစ်ဗျား အတိုက်အခံများ ဘရာဂါမြို့ သို့ ရောက်ပြီ




လစ်ဗျား အတိုက်အခံများသည် မိုဟာမက် ကဒါဖီ၏ သစ္စာခံတပ်များ ပိုင်ဆိုင်ထားဆဲ ဖြစ်သော ဘရာဂါနယ်မြေအား သိမ်းပိုက်ရန် ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။

အတိုက်အခံများသည် နယူးဘရာဂါရှိ လူနေရပ်ကွက်အချို့ အား သိမ်းပိုက်ထားပြီး
၎င်းနေရာသည် ဓာတ်ဆီများ အဓိက သိုလှောင်ထားသော ဂိုဒေါင်များအပြင် သင်္ဘောဆိပ်ကမ်းနှင့်လည်း ၁၅ကီလိုမီတာခန့် အဝေးတွင် တည်ရှိသည်။

အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သော မိုဟာမက် ဇာဝါဝီက "မြို့ ထဲကို ဝင်ဖို့ အန္တရာယ်များနေတုန်းပဲ။" ဟု ရီယူတာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

"အခု ကျွန်တော်တို့ အဲဒီနေရာကို ရှင်းထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ကဒါဖီရဲ့  သစ္စာခံ အချို့ ကတော့ ကျန်ရှိနေသေးတယ်။" ဟု ထပ်လောင်း ပြောကြားခဲ့သည်။

မိုဟာမက် ကဒါဖီ၏ သစ္စာခံတပ်များသည် ဓာတ်ဆီ ဂိုဒေါင်များကို ဆုတ်ကိုင်ထား နိုင်ဆဲဖြစ်ပြီး၊ အမြှောက်များမြင့် အဆက်မပြတ် ပစ်ခတ်နေခဲ့ရာ နောက်ဆုံးတွင် အနည်းဆုံး အတိုက်အခံ (၈)ဦး သေဆုံးကာ၊ ဒဏ်ရာရသူ (၂၅)ဦးမျှ ရှိခဲ့ကြောင်းသိရသည်။

"ဓာတ်ဆီ ရုံတွေနဲ့ အတော်လေးကို နီးလာပါပြီ ဒီနေ့တိုက်ပွဲကို ဒီမှာပဲအဆုံးသတ် နိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု အတိုက်အခံဘက်မှ စစ်သားတစ်ဦးက ပြောဆိုသွားခဲ့သည်။

NATO တပ်သားများက  "ဘရာဂါအနီးရှိ အမြှောက်ပစ်စင် တစ်ခုနှင့် လက်နက် တပ်ဆင်ထားသော ယာဉ်တစ်စီးအား တိုက်လေယာဉ်များဖြင့် ပစ်ခတ်နိုင်ခဲ့ကြောင်း" ဘရက်ဆဲလ်သို့ အစီအရင်ခံစာ တင်သွင်းခဲ့သည်။

ထရီပိုလီမြို့  အရှေ့ ဘက် ၇၅၀ ကီလိုမီတာ အကွာအဝေးရှိ သဘောင်္ဆိပ်ကမ်းအား ထိန်းချုပ်နိုင်ရန်အတွက် နှစ်ဖက်စစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ လအတော်ကြာသွားပြီဖြစ်သည်။

အတိုက်အခံများသည် ဘရာဂါမြို့ အား အပြီးသတ် သိမ်းပိုက်နိုင်ရန် နေရာယူထားပြီး သဘောင်္ဆိပ်ကမ်းနှင့် ဓာတ်ဆီဂိုဒေါင်များအား ရရှိကာ ဓာတ်ဆီ တင်ပို့မှု ဆက်လက် လုပ်ဆောင်နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ဆို၏။

 Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။