Saturday, August 20, 2011

ကက်ရှမီးယားတွင် သတင်းထောက်(၂)ဦးကို ရဲများက ဖမ်းဆီးရိုက်နှက်

သတင်းထောက်ဆာဖီကို ရဲများဖမ်းဆီးနေပုံ


အိန္ဒိယ ထိန်းချုပ် ကက်ရှမီးယားမြို့တော် ဆရင်နာဂါတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများကို ဓါတ်ပုံရိုက် မှတ်တမ်းယူခဲ့သော ဓါတ်ပုံ သတင်းထောက် (၂)ဦးကို ရဲများက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ နာရီးပေါင်း အတန်ကြာအောင် ထိန်းသိမ်းထားခဲ့သည်။

ကယ်လီဖိုးနီးယား အခြေစိုက် ဇူးမား သတင်းဌာနမှ နာစစ်ကို ကွန်ထရီရက်နှင့် ရိုက်တာနှင့် အယ်ဂျာဇီယာ သတင်းဌာနများ၏ အလွတ်သတင်းထောက် ရှိုးကက်ရှာဖီတို့က သောကြာနေ့က ကက်ရှမီးယား မြို့တော်ဟောင်းတွင် အိန္ဒိယ အစိုးရ ဆန့်ကျင် ဆန္ဒပြ ပွဲများကို ဓါတ်ပုံမှတ်တမ်း ရိုက်ယူခြင်းကြောင့် ရဲများက သူတို့ကို ရိုက်နှက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့ကို ခဲနဲ့ ပစ်တဲ့ သူတွေနောက်ကို ရဲတွေက လိုက်တယ်။ ကျွန်တော်လည်း ထွက်ပြေးရတယ်။ ဆံပင်ညှပ်ဆိုင်ထဲမှာ ကျွန်တော်တို့တွေ ပိတ်မိသွားပြီးတော့ ကျွန်တော် အပါအဝင် အကုန်လုံးကို လိုက်ရိုက်တော့တာပဲ။” ကွန်ထရီရက်က ပြောသည်။

“နောက်တော့ကျွန်တော့်ကို ရဲစခန်းကို ခေါ်သွားတယ်။ ကျွန်တော်က နိုင်ငံခြား သတင်းထောက် (၁)ယောက်ဖြစ်တဲ့ အကြောင်း အကြိမ်ကြိမ် ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ရာဇဝတ်သား (၁)စ်ယောက်လိုပဲ ဆက်ပြီး ရိုက်နှက်ကြတယ်။”

နောက်ပိုင်း သူက သတင်းထောက် (၁)ယောက် အစစ်အမှန် ဖြစ်ကြောင်း သိသွားတဲ့ အခါမှာတော့ ဆက်ဆံရေး တစ်မျိုးပြောင်းသွား တယ်လို့ သူကပြောပါတယ်။

ကွန်ထရီရက်သည် မက္ကဆီကို လူမျိုး တစ်ဦးဖြစ်ပြီး လွတ်မြောက်လာပြီးနောက် ဆရီနာဂါရှိ ဆေးရုံတစ်ရုံတွင် ဆရာဝန် (၁)ဦးက စစ်ဆေး ကုသပေးခဲ့သည်။ ဆာဖီကို SHSH ဆေးရုံသို့ တင်ပို့ခဲ့ပြီး နောက်ပိုင်းတွင် SK ဆေးသိပ္ပံဌာနသို့ ပို့ဆောင်ပေး ခဲ့သည်။ သူ့ကို တုတ်ဖြင့် ရိုက်နှက်ထားသည့် ဒဏ်ရာများနှင့် အတူ ပွန်းပဲ့ပေါက်ပြဲ ရာများတွေ့ရသည်။

“ကျွန်တော်တို့က ဆန္ဒပြသတင်းကို မှတ်တမ်းယူ နေကြတာပါ။ ကျွန်တော်တို့က ဆန္ဒပြသူတွေဘက်မှာ ရပ်နေခဲ့ကြပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို တိုက်ခိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ကိုလည်း ဆဲဆို ကြိမ်းမောင်းပြီးတော့ ဝါးရင်းတုတ်တွေ၊ နံပါတ်တုတ်တွေနဲ့ ရိုက်ပါတော့တယ်။” ဟု သူကပြောသည်။

ရဲအရာရှိ (၁)ဦးဖြစ်သူ ရှိုးကက်အာမက်က သူတို့ (၂)ဦးကို ဆန္ဒပြသူများနှင့် အတူတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း သတင်းထောက်များ ဖြစ်သည်ဟု သိသည်နှင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ရဲများက သူတို့ကို ရိုက်နှက်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။