Thursday, August 11, 2011

သက္ကရာဇ် ၂၀၅၀တွင် အိန္ဒိယ၌ ယခုထက် ရေအရင်းအမြစ် ၁၀%လောက် ပိုမို လိုအပ်မည်


အစိုးရနှင့် UN တို့၏  အိန္ဒိယ သန်းခေါင်စာရင်း လူဦးရေ တိုင်းတာ တွက်ချက်မှုအရ သက္ကရာဇ် ၂၀၅၀တွင် အိန္ဒိလူမျိုးစုအတွက် ယခုထက် ရေအရင်းအမြစ် ၅၀% ပိုမို လိုအပ်လာမည်ဖြစ်ကြောင်း Current Science (မျက်မောက်သိပ္ပံ) ဂျာနယ်မှ ဖော်ပြခဲ့သည်။

National Commission for Integrated Water Resources Development (NCIWRD) အိန္ဒိယ ရေအရင်းအမြစ် တန်းတူရရှိရေးဆိုင်ရာ အမျိုးသား ကော်မရှင် အဖွဲ့က သက္ကရာဇ် ၂၀၅၀ တွင် အိန္ဒိယ၏ လူဦးရေသည် ၁.၇ ဘီလီယံတွင် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ ယင်းခန့်မှန်းချက်သည် UN ၏ ခန့်မှန်းချက်နှင့်လည်း တစ်ထပ်တည်း ကျနေကြောင်း တွေ့ရှိရသည်။


(NCIWRD) က ၂၀၅၀ လောက်မှာ အိန္ဒိအတွက် ရေအရင်းအမြစ် အတိုင်းအတာ ၁၁၈၀ ဘီလီယံ ကူဗစ် မီတာလောက် လိုအပ်ကြောင်း ပြောခဲ့သည်။ ဆက်လက်ပြီး နောက်ဆုံး လေ့လာတွေ့ရှိချက်များဆိုင်ရာ စာရေးဆရာ တစ်ဦးဖြစ်သော  Sharad K. Jain က "လူဦးရေ တိုးပွားမှုကြောင့် အိန္ဒိယအတွက် ရေအရင်းအမြစ် လိုအပ်မှုတွေဟာ မြေအကျယ်အဝန်း ၁၃၂၇ ဘီလီယံ မိတာ၊ (၁၀%)အတိုင်းအတာလောက် မြင့်တက်သွားမှာ ဖြစ်ပြီး ၁ ကူဗစ်မီတာဟာ ၁ထရီလီယံ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) လီတာနှင့် ညီမျှပါတယ်" ဟု ပြောပြသွားခဲ့သည်။


"ဒါဟာ အကြမ်းမျဉ်း ခန့်မှန်းချက် တစ်ခုပါ။ ဒါပေမယ့် အိန္ဒိယ အနာဂတ်အတွက် ရေသုံးစွဲမှု အလားအလာကို အတိအကျ တာဝန်ယူ ဆောင်ရွက်ဖို့တော့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ လေ့လာတွေ့ရှိထားတဲ့ နည်းလမ်းအရ ရှေ့ လျှောက် အများကြီးတိုးတက်ဖို့ လက္ခဏာတွေကို မြင်တွေ့နေရပါတယ်။" ဟု အိန္ဒိယ ရော်ကီနည်းပညာ တက္ကသိုလ်မှ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်သော ဂျိန်းက တုန့်ပြန် ပြောဆိုခဲ့သည်။ 

"ရေ လိုအပ်အပ်ချက်တွေ  တိုးမြင့်လာမယ့် အကြောင်းအရင်း တွေထဲမှာ ဆည်မြောင်းတွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုဖို့ အများဆုံး ပါဝင်ပါတယ်။ အဲဒါကြောင့် ဂေဟစနစ်တစ်ခု လိုအပ်ပါတယ်။ လိုက်လျှော ညီထွေမှု ရှိအောင်  ထိန်းသိမ်းဖို့ လိုအပ်တယ်။ အဲဒီစနစ်အရ  ရေတွေကို မြစ်တွေနဲ့ ရေကန်တွေထဲမှာ ကြိုတင် သိုလှောင်ရမည်။ အဲဒါကြောင့် သက္ကရာဇ် ၂၀၅၀မှာ ရေအတွက် မြေပမာဏ ၉၀ မီလီယံ ကူဗစ်မီတာလောက် လိုလိမ့်မယ်" ဟု ဂျန်းက(NCIWRD)၏ ခန့်မှန်းချက်နှင့် နှိုင်းယှဉ်၍ ပြေခဲ့သည်။

"၁၀% မြင့်တက်လာမှုဟာ လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ရေကို ချွေတာ သုံးစွဲဖို့ဆိုတာ အစိုးရနဲ့ လူထုက သိတာ ကြာလှပါပြီ။  မိုးစပါး ရိတ်သိမ်းချိန် အစရှိသဖြင့်ပေါ့... အဲဒီလိုအချိန်တွေမှာ သေချာတဲ့ ရေလုံခြုံမှု ရှိဖို့လိုအပ်ပါတယ်" ဟု အိန္ဒိယ စိုက်ပျိုးရေး ဆိုင်ရာ သုတေသန တက္ကသိုလ်မှ သီးနှံစိုက်ပျိုးရေး ဝါရင့် ဆရာကြီးတစ်ဦးဖြစ်သော အိုပီဘမ်ဆဲလ်က ပြောပြသွားခဲ့သည်။


အိန္ဒိယ၏ ရေအတွက် ပူဆွေးဒုက္ခမှာ ကြီးမားလာပြီ ဖြစ်ကြောင်း ၂၀၀၇ ခုနှစ် အစိုးရ အစီရင်ခံစာက ရေစီမံခန့်ခွဲရေးအား မီးမောင်းထိုးပြခဲ့ပြီး ဖြစ်သည်။ ယင်းပြဿနာသည် ၂၁ရာစုတွင် အကြီးမားဆုံးသော ပြဿနာတစ်ခုလည်း ဖြစ်သည်။


ရာသီဥတု ပြောင်းလဲမှု အစီရင်ခံစာအရ "လူဦးရေ ၂၀%ဟာ ရေရှားပါးမှုနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ၈၀%လောက်ကတော့  လူဦးရေ တိုးပွားမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ရေတွေညစ်ညမ်းပြီး ကန်တွေနဲ့ မြစ်ရေတွေဟာလည်း အဆိပ်အတောက်တွေ ပါဝင်လာမှုတွေနဲ့ ကြုံတွေရမည်ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။




Source: The lite mint

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။