Tuesday, August 16, 2011

ဆိုမာလီတွင် နိုင်ငံတကာ အကူအညီပေးရေးအစားအစာများကို ခိုးယူမှုများရှိနေ


ဆိုမာလီယာတွင် အငတ်ဘေးဆိုက်ဒုက္ခသည်များအတွက် လှူဒါန်းထားသော အစားအစာများအခိုးခံရခြင်းကို စုံစမ်းစစ်ဆေးနေ သည်မှာ နှစ်လရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက တရားဝင်ထုတ်ဖေါ်ပြောဆိုလိုက်သည်။


ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဆိုမာလီဆိုင်ရာ ဒါရိုက်တာ စတက်ဖနိုပေါ်ရက်တီက ကုလသမဂ္ဂ၏ လွတ်လပ်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်သည့် စံနစ်ကြောင့် တတိယအုပ်စု
စောင့်ကြည့်ရေးအဖွဲ့များက အစားအစာများပျောက်ဆုံးကြောင်း ဖေါ်ထုတ် နိုင်ခဲ့သည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းထားသော ဂျုံအိတ်များ၊ မြေပဲထောပတ်အိတ်များ အခိုးခံရပြီး ဈေးကွက်ထဲတွင်ချ ရောင်းနေကြကြောင်း AP သတင်းဌာနက ဖေါ်ပြခဲ့သည်။

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းလာသော ပစ္စည်းများကို ဆိုမာလီနိုင်ငံတွင်း၌ စီးပွားရေးသမားများက ကြီးကြပ်ကြသည်။ မိုဂါဒစ်ရှူးရှိ စားသောက်ကုန်သွယ်ရေးတွင် နှံ့စပ်သော တာဝန်ရှိ သူတစ်ဦးက အေပီသတင်းသို့ပြောပြခဲ့ရာတွင် လှူဒါန်းပစ္စည်းတစ်ဝက်ခန့် အခိုးခံရကြောင်းဆိုသည်။

သို့သော် ပျောက်ဆုံးသော ပမာဏမှာ ဤမျှလောက်ထိမများပြားကြောင်းဆိုမာလီယာတွင် အငတ်ဘေးဆိုက်ဒုက္ခသည်များအတွက် လှူဒါန်းထားသော အစားအစာများအခုခံရခြင်းကို စုံစမ်းစစ်ဆေးနေ သည်မှာ နှစ်လရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက တရားဝင်ထုတ်ဖေါ်ပြောဆိုလိုက်သည်။
 
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဆိုမာလီဆိုင်ရာ ဒါရိုက်တာ စတက်ဖနိုပေါ်ရက်တီက ကုလသမဂ္ဂ၏ လွတ်လပ်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်သည့် စံနစ်ကြောင့် တတိယအုပ်စု
စောင့်ကြည့်ရေး အဖွဲ့များက အစားအစာများ ပျောက်ဆုံးကြောင်း ဖေါ်ထုတ် နိုင်ခဲ့သည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းထားသော ဂျုံအိတ်များ၊ မြေပဲထောပတ်အိတ်များ အခိုးခံရပြီး ဈေးကွက်ထဲတွင်ချ ရောင်းနေကြကြောင်း AP သတင်းဌာနက ဖေါ်ပြခဲ့သည်။

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းလာသော ပစ္စည်းများကို ဆိုမာလီနိုင်ငံတွင်း၌ စီးပွားရေးသမားများက ကြီးကြပ်ကြသည်။ မိုဂါဒစ်ရှူးရှိ စားသောက်ကုန်သွယ်ရေးတွင် နှံ့စပ်သော တာဝန်ရှိ သူတစ်ဦးက အေပီသတင်းသို့ပြောပြခဲ့ရာတွင် လှူဒါန်းပစ္စည်းတစ်ဝက်ခန့် အခိုးခံရကြောင်းဆိုသည်။

သို့သော် ပျောက်ဆုံးသော ပမာဏမှာ ဤမျှလောက်ထိမများပြားကြောင်းWFP က ငြင်းချက်ထုတ်ခဲ့သည်။
ကုလသမဂ္ဂကမူ အငတ်ဘေးဆိုက်ဒုက္ခသည်များထံသို့ လှူဒါန်းလိုက်သည့် အစားအစာ အများအပြား
ရောက်ရှိမည်ဟု ယုံကြည် ကြောင်းဆိုသည်။

WFP က အေပီသတင်းတွင်ဖေါ်ပြထားသော အခိုးခံရသည့် အိတ်ပေါင်း ထောင်ဂဏန်းနှင့် ချီသည်ဟူသည့် ပမာဏမှာ တစ်လဝေငှသည့် ပမာဏ၏ တစ်ရာခိုင်နှုန်းမျှပင်မရှိကြောင်း ဆို၏။
 
နိုင်ရိုဘီအခြေစိုက် ကာတူနီအတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဂျိုအာကင်ဂန်ဒဲလ်က “ခင်ဗျားတို့က ငတ်နေတဲ့လူတွေကို အစာကျွေးနေတယ်ဆိုပေမယ့် သူ့တို့ အကျိုးစီးပွားသူတို့လုပ်နေတဲ့ အာဏာလွန်ဆွဲနေတဲ့ စီးပွားရေးသမားတွေကို လုပ်ကျွေးနေတာနဲ့ အတူတူပဲ။” ဟုဆိုသည်။

ယင်းပုဂ္ဂိုလ်သည် ဆိုမာလီမှ အကူအညီများရုပ်သိမ်းသင့်ကြောင်း မကြာခဏပြောဆိုနေသူဖြစ်သည်။
“ခင်ဗျားတို့ ဒီနေ့ကျွေးလိုက်လို့ ဒီနေ့အသက်ရှင်နေတဲ့ လူတွေက မနက်ဖြန်ဆို သေနိုင်တာပဲ။” ဤသို့ဆိုသည်။

ဆိုမာလီအစိုးရပြောခွင့်ရ အဗ္ဗဒီရာမန်အိုမာအိုစမာက ကုလသမဂ္ဂအစားအစာများ အခိုးယူခံရသည်ဟူသော ကိစ္စကို မယုံကြည် ကြောင်း၊ အကယ်၍ အမှန်တကယ် အခိုးခံရသည်ဆိုလျှင် လုပ်နိုင်သည့် အတိုင်းအတာ အတွင်း စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို စစ်ခုံရုံးတင်ပစ်မည်ဖြစ်ကြောင်း ဆိုသည်။

မိုဂါဒစ်ရှူးအနှံ့မွစာကြဲနေသော ဒုက္ခသည်တဲစခန်းများမှ ဒုက္ခသည်များထံသို့ အစားအသောက်များ ဝေငှရောက်ရှိသွားသည့် တိုင်အောင်ပင် အစားအစာများမှာ လုံခြုံစိတ်ချရမှုမရှိသေးပေ။

အလှူရှင် အဖွဲ့အစည်းအများအပြား အစားအသောက်ဝေငှနေသည့် အစိုးရတည်ထောင်ပေးထားသော ဘက်ဘာဒိုဒုက္ခသည်စခန်းတွင် ဝေငှပေးသူများက ဒုက္ခသည်များကို သူတို့ရရှိထား သော အစားအစာများနှင့်အတူသတင်းထောက်က ဓါတ်ပုံရိုက်ယူပြီးသည်နှင့် အစားအသောက်များကို ပြန်လည်တောင်းယူသိမ်း ဆည်းသွားကြောင်း ပြောကြသည်။

“အဲဒီအခါ ကျွန်တော်တို့ မပေးဘူးလို့ ငြင်းလို့မရဘူး ။ အဲလိုငြင်းရင် စခန်းထဲကနေမောင်းထုတ်လိမ့်မယ်။ ဒါဆို ဘာနဲ့ စားရမှန်း သိမှာတောင်မဟုတ်တော့ဘူး။” ဟု ဒုက္ခသည်တစ်ဦးဖြစ်သူ ဟာလီမာရှိတ်အဗ္ဗဒီက ပြောသည်။

မိုဂါဒစ်ရှူးဈေးများတွင် WFP တံဆိပ်၊ အမေရိကန်အစိုးရတံဆိပ်၊ ဂျပန်နှင့် ကူဝိတ်နိုင်ငံတံဆိပ်များဖြင့်လှူဒါန်းထားသော ပစ္စည်း များတောင်ပုံရာပုံချရောင်းနေကြသည်။

အကူအညီပေးအစားအသောက်များ ရောင်းချနေသည်ကို အေပီသတင်း ဌာနက တွေ့ရှိခဲ့ပြီး ယင်းတို့ထဲတွင် ကူဝိတ်မှလာသော စွန်ပလွန်သီးများ၊ ဘီစကစ်မုန့်များ၊ ပြောင်း၊ ဂျုံနှင့် မြေပဲဆန်များပါဝင် ကြောင်းသိရှိရသည်။

နောက်ထပ် တစ်နေရာဖြစ်သော မိုဂါဒစ်ရှူး ရေရုံးတွင် အကူအညီပေး အစားအစာအိတ်များ စုပုံထားကြောင်းတွေ့ရသည်။ ထိုရုံး၏ အပြင်ဘက်တွင်အမျိုးသမီးများက ၅၀ ကီလိုဂရမ်ပါဝင်သော အစားအစာအိတ်ကို ဖွင့်ကာ အထဲမှပစ္စည်းများကို (အလွတ်) ထုတ် ရောင်းနေသည်ကို တွေ့မြင်နိုင်ပြီး ကုန်သည်များကလည်း လှည်းများ၊ ကားများပေါ်သို့ ရုံးတွင်းရှိ အစားအစာအိတ်များကို သက်ဆိုင်တာဝန်ရှိသူများရှေ့မှောက်မှာပင် တင်ဆောင်နေကြသည်။

WFP ဒေသဒါရိုက်တာ ပေါ်ရက်တီကလည်း အစားအသောက်များကို စောင့်ကြည့်ရေးအလုပ်မှာ သူ့ဝန်ထမ်းများအတွက် အန္တရာယ် များသော အလုပ်ဖြစ်ကြောင်း ပြောသည်။ ဝန်ထမ်း ၁၄ ဦးသေဆုံးသွားပြီးနောက် အာဖရိကသမဂ္ဂလုံခြုံရေးစစ်တပ်မှ အစောင့်ထူ ထပ်စွာချပေးထားသော အဓိကဆိုက်ရောက်ရာ လေဆိပ်တွင်သာ ဝန်ထမ်းများကို ကြီးကြပ်ရန် စေလွှတ်တော့သည်။

“အစားအစာတွေကို စောင့်ကြည့်တဲ့ အလုပ်ဆိုတာလည်း အင်မတန်အန္တရာယ်များတဲ့ အလုပ်ပါ။” ဟု ပေါ်ရက်တီက ပြောသည်။ ယခုအခါ WFP သည် ဆိုမာလီအကူအညီပေးရေးအဖွဲ့များ၏ အကူအညီဖြင့် အစားအသောက်ဝေငှရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေရသည်။

အထက်တွင်ဖေါ်ပြခဲ့သော ဂျိုအာကင်ဂန်ဒဲလ်က ၁၉၉၂ ဆိုမာလီတွင်အငတ်ဘေးဆိုက်စဉ်က ကမ္ဘာအဝှမ်းမှ အကူအညီစားစရာများကို စံနစ်တကျ လုယက်ခိုးယူခဲ့ကြရာ အမေရိကန်စစ်တပ်မှ ဝင်ရောက်ကြားဝင်ဖြေရှင်းရသည်အထိ ဆိုးဝါးခဲ့သည့် အဖြစ်အပျက်ကို အကူညီပေးရေးအဖွဲ့များက သင်ခန်းစာမယူကြကြောင်း ပြောသည်။

ကာလတိုအနေနှင့် အကူအညီပေးရေးအဖွဲ့များအနေနှင့် သူတို့၏ အကူအညီဝေငှရေးကွန်ယက်များကို ပုံစံအမျိုးမျိုးထားသင့် ကြောင်း၊ ပူးတွဲလုပ်ဆောင်နေသူများကို မကြာခဏဆိုသလို စစ်ဆေးသင့်ကြောင်း၊ သူတို့အလုပ်လုပ်နေရာ ဒေသရှိ လူ့အဖွဲ့အစည်းကို စည်းရုံးသင့်ကြောင်း၊ သို့သော် အရေးပေါ်အခြေနေများ ပေါ်ပေါက်မလာမီ လုပ်ဆောင်သင့်ကြောင်း သူက ပြောသည်။

“အခုဆိုရင် အလွန့်အလွန်ကို လုပ်ရကိုင်ရခက်ခဲနေပါပြီ။” သူက ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။