Monday, August 1, 2011

နော်ဝေလူသတ်သမား ဘရီဗစ်က ဂျပန်ကို ချီးကျူး

နော်ဝေလူသတ်သမား အန်ဒါးစ်ဘရီးဗစ
လွန်ခဲ့သော သောကြာနေ့က လူပေါင်း ၇၆ ယောက်ကို နော်ဝေနိုင်ငံ အော်စလိုမြို့တွင် အစုလိုက် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ နော်ဝေလူမျိုး အန်ဒါးစ်ဘဲရင်း ဘရီဗစ်က ဆယ်နှစ်နီးပါး ဝါဒဖြန့်စာမျက်နှာ ၁,၅၀၀ ကျော်ရေးသားခဲ့ရာ သူ့ကိုယ်သူ မကောင်းဆိုးဝါးဟု အမည်ပေးထားသည်။ ယင်းစာများမှာ တော်လှန်ရေးတစ်ရပ်ဆင်နွှဲရန် အကြောင်းအရာများပါဝင်ပြီး ဥရောပတွင် လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ လက်ခံကျင့်သုံးနေထိုင်ခြင်းကို တော်လှန်ရမည်ဟု သူက ဆိုသည်။
ဂျပန် တိုကျိုမြို့လည်လူစည်ကားရာတစ်နေရာ

အသက် ၃၂ နှစ်ရှိ ဘရီဗစ်က ဂျပန်သည် လူမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ စံနစ်ကို ငြင်းပယ်ပြီး မွတ်စလင်ပျံ့နှံ့မှုကို ထိန်းချုပ်ထားခြင်း အတွက် ချီးကျူးကြောင်းဆိုသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ယဉ်ကျေးမှုစုံစံနစ်နှင့် မွတ်စလင်ငြင်းဆိုသော စံပြနိုင်ငံ များအဖြစ် သူက သတ်မှတ်သည်။ သူ့ရည်ရွယ်ချက်မှာလည်း ယင်း ၂နိုင်င်ငံ ကဲ့သို့ပင် လူတစ်မျိုးတည်း၊ ယဉ်ကျေးမှု တစ်မျိုးတည်း နိုင်ငံပြုရန် ဖြစ်ကြောင်း ဆိုသည်။
ဒီနိုင်ငံတွေ ကျင့်သုံးနေတဲ့ ပုံစံက ၁၉၅၀ နှစ်များက ဥရောပနိုင်ငံ အများအပြားမှာ လက်ခံကျင့်သုံးခဲ့တဲ့ ဂန္ဓဝင်မြောက် လက်ယာ စည်းမျဉ်း စည်းကမ်းတွေကို ကိုယ်စားပြုထားကြောင်း၊ သိပ္ပံနည်းပညာရှေ့တန်းရောက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့အဖွဲ့ အစည်းတွေအဖြစ် ရပ်တည်နေသော်လည်း ယဉ်ကျေးမှုစုံစံနစ်နှင့် မာ့ခ်စ်ဝါဒကို လက်ခံမထားကြောင်း သူက ရေးသားထားပါ တယ်။

ထို့နောက် ဘရီဗစ်က ဂျပန်နှင့် ကိုရီးယားနိုင်ငံများတွင် မုဒိန်းကျင့်ခြင်း၊ လုယက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ကို အမြဲတစေ ထိတ်လန့်ကြောက်ရွှံ့ နေစရာမလိုပဲ နိုင်ငံတွင်း မည်သည့်နေရာကို မဆိုလွတ်လပ်စွာ သွားလာနိုင်သည့် နိုင်ငံများ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။