Sunday, August 21, 2011
လစ်ဗျား အတိုက်အခံများ ထရီပိုလီ ရောက်ပြီ
ထရီပိုလီမြို့ တွင် ညဘက်၌ သေနတ်သံများနှင့် ပေါက်ကွဲမှုတချို့  ထွက်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အတိုက်အခံ များက ပြောကြားသွားခဲ့သည်။
ပေါက်ကွဲမှုများနှင့် သေနတ်သံများသည် စနေနေ့ နေ၀င်ရီတရော အချိန်လောက်တွင် စတင်ဖြစ်ပွားခဲ့သည်။
"ဆူ(က်)အယ်ဂျူးမားနှင့် တာဂျိုယာပြည်နယ် အနီးတစ်ဝိုက်တွင် ဒေသစံတော်ချိန် (၉း၃၀) လောက်မှစ၍ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး
ဖက်ခ်ျလိုဟန်၊ ဖောနတ်ခ်ျ၊ စဘတ်၊ ဂုတ်အယ်ရှ်ယော၊ ဟန်ရှာနှင့် ဒါဟယာ နယ်မြေမှ ဒေသခံများပါ ဆန္ဒပြသူများထဲတွင် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
၎င်းဒေသရှိ လစ်ဗျားသူပုန် တချို့ ၏ မိသားစုဝင်များမှ ဆွေမျိုးများအား တဆင့် ပြန်လည် ပြောပြချက်အရ- "သူတို့ကလေးတွေနဲ့ ဇနီးကို အိမ်မှာနေဖို့ ပြောပြီး အမျိုးသားတွေကတော့ ဆန္ဒပြဖို့ လမ်းပေါ်ထွက်သွားခဲ့ကြ ပါတယ်။ တချို့ တွေက လက်နက်တွေနဲ့ပါ။" ဟူ၍ သိရသည်။
နေ၀င်ရီတရော အချိန်လောက်တွင် မြို့ အား ဗုံးစကျဲခဲ့ခြင်း ဖြစ်ကြောင်း နေတိုးမှ သတင်းထုတ်ပြန်ခဲ့သည်။
အစိုးရ ပြောရေးဆိုခွင့်ရှိသူ မူဆာ အီဘရာဟင် က "သူပုန်တွေ ထရီပိုလီကို ၀င်ရောက် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း" အတည်ပြု ပြောကြားခဲ့သည်။
ဒေသ ရုပ်မြင်သံကြားဌာမှ ထုတ်လွှင့်မှုတွင်-
 မူဆာ အီဘရာဟင်သည် မနက်အစောပိုင်းက ထောက်ခံသူများ ၀န်းရံလျက် ထရီပိုလီ မြို့ လယ်ခေါင်ရှိ ဂရင်းစကွဲရင်ပြင်တွင် ၄င်း၏ကားအတွင်းမှ "ကဒါဖီကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ကြောင်း၊ သို့သော်  သစ္စာဖောက်များအား ပြန်လည်ခုခံခဲ့ကြသော မြို့ သားများအားအတွက် ဂုဏ်ယူကြောင်း" ကဒါဖီကိုယ်တိုင် ပြောထားသော အသံဖိုင်အား ဖွင့်ပြခဲ့သည်။
"လွတ်မြောက်သွားတဲ့ သူပုန်တွေ ဒီပတ်ဝန်းကျင် နယ်မြေထဲက ဒေသခံတွေနဲ့ လျောထွေးနေတယ်ဆိုတာ သေချာပါတယ်။"
ဟု အီဘရာဟင်က ပြောကြားသွားခဲ့ပြီး "နာရီဝက်လောက်ပဲ မငြိမ်မသက် ဖြစ်ခဲ့တာပါ အခု အားလုံး အေးချမ်းသွားပြီ" ဟု ဆက်လက် ပြောခဲ့သည်။
အီဘရာဟင်က "တချို့  ပတ်ဝန်းကျင် ဒေသ အတော်များများက အစိုးရ ထောက်ခံသူတွေဟာ သောင်းကျန်းသူတွေကို ပြန်လည်ခုခံခဲ့ပါတယ်။ အစိုးရစနစ် ပျက်သုဉ်းတော့မယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ကျွန်တော် ငြင်းပယ်ပါတယ်။" ဟု ပြောကြားသွားခဲ့သည်။
ထိုသို့ပြောအပြီးတွင် ရုပ်မြင်သံကြားမှ သေနတ်သံများ ကြားခဲ့ကြောင်း သိရသည်။
မြို့ တွင်းရှိ နိုင်ငံခြား သတင်းထောက်များ နေထိုင်သော ဟိုတယ်မှ သေနတ်သံများ သိသိသာသာ ကြားနေရပြီး၊ အစိုးရဘက်မှ လှုပ်ရှားမှုများကို ကန့်သတ်ထားကြောင်း သိရသည်။
Source: Aljazeera
0 comments:
Post a Comment
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။