Monday, August 22, 2011

ကဒါဖီ၏ သားများအား ထိန်းသိမ်းထားနိုင်ခဲ့

ဆာအစ်အယ်လ်-အစ္စလာမ်

လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီ၏ သား နှစ်ဦးအား လစ်ဗျား သူပုန်များမှ ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း အခြားသော ကဒါဖီ၏ ခေါင်းဆောင် အရာရှိများမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

ထို့ကြောင့် လက်ရှိ ထိန်းသိမ်းထားသော အကျဉ်းသား အားလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)သို့ လွှဲပြောင်းပေးမည်လောဆိုသော မေးခွန်းကျန်ရှိနေခြင်း ဖြစ်သည်။

ကဒါဖီ၏ ဒုတိယသား ဆာအစ်အယ်လ်-အစ္စလာမ် အား သူပုန်များမှ တနင်္ဂနွေနေ့ ညပိုင်းတွင် ထိန်းသိမ်းနိုင်ခဲ့ပြီး တစ်စုံတစ်ရာ နစ်နာခြင်း မရှိပဲ ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားကြောင်း အမျိုးသားအသွင်ကူးပြောင်းရေး ခေါင်းဆောင် တစ်ဦးဖြစ်သော မိုစတာဖာ အက်ဒေါ ဂျာလီက ပြောကြားသွားခဲ့သည်။

၁ နာရီကျော်ခန့်တွင် နိုင်ငံတကာ တရားရုံးမှ ပြောရေးဆိုခွင့် ရှိသူက ၄င်းသတင်းကို အတည်ပြု ပြောကြားသွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) က ဆာအစ်အယ်လ်-အစ္စလာမ်အား လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားခဲ့သည်။

တရားရုံး အကြီးအကဲ လူးယစ် မော်ရမ်းနို အော်ခမ်ပို က
"လက်ရှိ ယာယီ လစ်ဗျားဝန်ကြီးချုပ်က ဆာအစ်အယ်လ်-အစ္စလာမ်သည် ၆လတာမျှ ကြာမြင်ခဲ့သော လူထု အုံကြွမှုကြီးအတွင်း  နိုင်ငံခြား ကြေးစားများ စုဆောင်း၍ ဆန္ဒပြသူများအား ရက်စက်စွာ နှိမ်နင်းခဲ့သည်" ဟု စွပ်စွဲထားကြောင်း ပြောပြသွားခဲ့သည်။

သို့သော် ဆာအစ်အယ်လ်-အစ္စလာမ်အား ရာဇဝတ်မှုတရားရုံး (ICC) အား လွှဲပြောင်းပေးရန်မှာ မပြောကြားရသေးကြောင်းနှင့် နိုင်ငံတကာ တရားရုံး ကိုယ်စားလှယ်တွေနဲ့ တနလာင်္နေ့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ပြီးဖြစ်ကြာင်း သိရသည်။

မိုဟာမက် ကဒါဖီ၏ အငယ်ဆုံးသား မိုဟာမက်ကိုပါ သူပုန်များက တနင်္ဂနွေနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၎င်းအားဖမ်းဆီသွားပြီး မကြာမီ အယ်လ်ဂျာဇီယာ သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် လစ်ဗျားတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများသည် အလွန်ပင် ဝမ်းနည်စရာကောင်းလှကြောင်း ရှင်းပြသွားခဲ့ပြီး သေနတ်သံများကြောင့် အင်တာဗျူးအား ရပ်နားခဲ့ရသည်။

"လစ်ဗျားမှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အလွန် ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒီလို မွတ်စလင် ညီအစ်ကိုတွေ အချင်းချင်း တိုက်ခိုက်မှုတွေဟာ ကျွန်တော့်ကို အရမ်းဝမ်းနည်းစေပါတယ်။" ဟု  သေနတ်သံများ ထွက်ပေါ်မလာမီ ခဏအတွင်း ၄င်းပြောကြားသွားခဲ့သည်။

၎င်းနောက် အက်ဒေါ ဂျာလီက ကဒါဖီ ထွက်ပြေး တိမ်းရှောင် နေကြောင်းပြောကြားခဲ့သည်။ လက်ရှိ ကဒါဖီ ဘယ်မှာရှိသည် ကိုတောင် မသိနိုင်ကြောင်း သိရသည်။

မိုဟာမက်သည် လစ်ဗျား ပြည်တွင်းဆက်သွယ်ရေး ဌာန၏ ဥက္ကဌတစ်ဦးဖြစ်ပြီး ၄င်း၏ ကဏ္ဍ အနည်းအကျဉ်းမျှသာ ဖခင်အား အစီရင်ခံခြင်း ဖြစ်ကြောင်း သိရသည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။