Friday, September 2, 2011

ကလေးသူငယ်များအား မတော်မတရား ပြုကျင့်မှု စီရင်ချက်များ ၆၀% ထိ မြင့်တက်


အင်္ဂလန်နှင့် နော်ဝေ နိုင်ငံတို့တွင် ၁၆ နှစ်အောက် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စီရင်ချက်များအရ ၆နှစ်အတွင်း ၆၀%အထိ တိုးပွားလာခဲ့သည်။

BBC ၏ Freedom Of Information အား ပြောပြချက်အရ ၂၀၀၃ ခုနှစ်တွင် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူပေါင်း ၁၃၆၃ ဦးမျှကိုသာ တရားစီရင်ခဲ့ရပြီး ယခုနှစ် ၂၀၁၀ တွင် ကျူးလွန်သူ ဦးရေ ၂၁၃၅ ဦးထိ တိုးလာခဲ့ကြောင်း သိရသည်။

ဒီလို မြင့်တက်လာမှုကြီးဟာ ဒီထက် ပိုပြီးကောင်းတဲ့ ကာကွယ်မှုတွေနဲ့ သတိပြု မှုတွေကို တိုးပွား လုပ်ဆောင်မယ်ဆိုတာကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါတယ်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ လက်ရှိ အရေအတွက်သည် နည်းသေးကြောင်း စီရင်ချက် မချရသေးတာတွေတောင် ရှိနေသေးကြောင်း ပြေားကြားခဲ့သည်။

NSPPC:National Society for the Prevention of Cruelty to Children (ဗြိတိန် အမျိုးသားဆိုင်ရာ ကလေးသူငယ်များအား ရက်စက်ကြမ်းကြုတ်မှု ကာကွယ်တားဆီးရေး) အဖွဲ့ခေါင်းဆောင် လီဆာ ဟာကာက "ဒီလို တားမြစ်မှုတွေ လုပ်နေတဲ့ကြားက ကျူးလွန်မှု ကိန်းဂဏန်းတွေ ဒီလောက်ထိ တိုးလာတယ် ဆိုတာကတော့ ပြောပြဖို့ အရမ်းကို ခက်ခဲ့နေပါပြီ" ဟု ပြောကြားသွားခဲ့သည်။

"ကလေးသူငယ်တွေနဲ့ အရွယ်ရောက်ပြီးသား သူတွေ အထူးသတိထားဖို့ လိုအပ်ကြောင်း" ဗြိတိန် ရဲဌာနများနှင့် တာဝန်ရှိသူများအား ပေးပို့ထားသော အစီရင်အခံစာများက သတိပေးချက်ရှိသည်။။

"အရေအတွက် အနည်းငယ်သာ ဖြစ်ပါစေ ဒီလို ကလေးသူငယ်တွေကို အတော်မတရား ပြုကျင့်မှုတွေဟာ ပြဿနာကြီးတစ်ခုလို့ ယူဆပါတယ်။"

ကလေးသူငယ်များ အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် အွန်လိုင်း ကာကွယ်ရေး စီမံခန့်ခွဲမှု ခေါင်းဆောင် ပီတာဒေးဗစ်က "သတင်းကောင်း တစ်ခုဖြစ်သလို ကောင်းတဲ့ လမ်းညွှန်မှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရဲတွေနဲ့ အခြားအဖွဲ့အစည်းတွေ လက်တွဲလုပ်ကိုင်တော့မှာ ဖြစ်လို့ပါ။" ဟု ပြောကြားသွားခဲ့သည်။

"အာဏာပိုင်တွေက ဒီ တိုင်းတာမှု ကိန်ဂဏန်းတွေကို အတည်ပြုခြင်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ တချို့ သောအမှုတွေဟာ တရားစီရင်ဖို့ အစီရင်ခံထားဆဲဖြစ်ပြီး မျက်မြင်သက်သေလည်း မရှိသလောက်နည်းနေလို့ပါ" ဟူ သူက ဆက်လက်ပြောကြားသွားခဲ့သည်။

Source: Guardian 

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။