Tuesday, September 6, 2011

တက္ကဆက်တွင် တောမီးမွှေ


ကြီးမား၍ အားကောင်းလှသော တောမီးကြီးသည် တက္ကဆက်ရှိ မွေးမြူရေးခြံများနှင့် မိုးနဲတောကြီး တလျှောက်လုံးအား ဖြတ်သန်း လောင်ကျွမ်းခဲ့သည်။ အိမ်ခြေ ၅၀၀ လောက် ပျက်ဆီးသွားခဲ့ပြီး လီ မုန်တိုင်း၏ အကြွင်းအကျန်အဖြစ် ရှိနေသော အနည်းငယ်ခန့် အားကောင်းသော လေနှင့် ထပ်တလဲလဲဖြင့် အားကောင်းလာသော လေတို့၏ ပွတ်တိုက်မှုကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ထင်ကြေးပေးကြလျက်ရှိသည်။

အမေရိကန် နိုင်ငံ အရှေ့ မြောက်ဘက်ရှိ ဂလိတ်ဝါးတားတွင် အသက် ၂၀ခန့် အမျိုးသမီးနှင့် ၁၈ လခန့်သာ ရှိသေးသော ၄င်း၏ သမီးတို့ ၂ ဦးလုံး မီးထဲ ပါသွားခဲ့ပြီး အလွန်မြန်ဆန်လှသော တောမီးသည် ၄င်းတို့၏ နေအိမ်ကိုပါ ဝါးမြိုသွားခဲ့သည်။

အော်စတင်မြို့  အရှေ့ ဘက်ရှိ ဘက်စတော့ပ် ရွာတွင် နေထိုင်သူ လူ ၅၀၀၀ ခန့် ဘေးကင်းရာသို့ ရွှေ့ ပြောင်းခဲ့ရသည်။ ၄င်းတို့ အများစုမှာ အလွန်ကြောက်ရွံ့ နေကြပြီး ယနေ့ညသည်အရေးပေါ် ရွက်ဖျင်တဲများ အတွင်း၌သာ ကုန်ဆုံးဖွယ်ရာရှိသည်။

တက္ကဆက် သစ်တော ထိန်းသိမ်းရေး အရာရှိများက " ၁၀၁၁၇ ဟက်တာ အကျယ်အဝန်း ရှိတဲ့ သစ်တောကြီးကို ဝါးမြိုသွားတာပါ" ဟု ပြောကြားခဲ့သည်။

မီးသတ်သမား ၂၅၀ လောက် ၂၄ နာရီ တာဝန် ထမ်းဆောင်နေကြပြီး ဘိုတူဆာ ကားများ ရေစုတ် ကားများကို အသုံးပြုနေကြရကြောင်း ဘက်စတော့ပ် ပြည်နယ် တရားသူကြီး ရော်နယ် မက်ဇ်ဒေါနယ်လ်က ပြောကြားခဲ့သည်။

ယခုလို ဖြစ်ပွားနေခြင်းကြောင့် ပြည်သူ ရွေးကောက်တင်မြှောက်သော သမ္မတနေရာအတွက် ကယ်ရိုလ်လိုင်းနား တောင်ပိုင်းသို့ ခရီးတိုထွက် စည်းရုံးရေး သွားသော ပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ခ်ပယ်ရီအား တက္ကဆက်သို့ ပြန်လည် ရောက်ရှိရန် အခြေအနေတစ်ရပ်ထိ ဖြစ်ခဲ့ပြီး ကယ်လီဖိုးနီးယား သို့သွားသော ခရီးစဉ်အတွက်လည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။

တက္ကဆက်တွင် တနင်္ဂနွေနေ့က တိုက်ခက်ခဲ့သော အပူပိုင်း မုန်တိုင်း လီ ၏ မွေနှောက်ချက်ကြောင့် အပြင်းထန်ဆုံး လောင်ကျွမ်းနေသော ၆၃ နေရာအား မြေပြင်သာမက လေကြောင်းကပါ ငြိမ်းသတ်ရန် မီးသတ်ဌာနမှ ဆော်သြလျက်ရှိသည်။ ၄င်းနေရာသည် ၁၉၅၀ ခုနှစ်ကတည်းက မိုးခေါင်မှုဒဏ်ကို ခံခဲ့ရသော ပြည်နယ်လည်း ဖြစ်သည်။

"အခုထိ မီးခိုးတွေထွက်နေတာ ကြောက်စရာကြီးပါ။" ဟု တက္ကဆက်ပြည်နယ် သစ်တော ထိန်းသိမ်းရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်းအမမ်န်က ပြောကြားခဲ့သည်။

၂၄၀၀ ဟက်တာလောက်ရှိတဲ့ ဘက်စတော့ပ် ပြည်နယ် ဥယျာဉ်၏ ၃ပုံ ၂ပုံအား ဝါးမြိုပစ်ခဲ့ပြီး ယင်းနေရာသည် ဘက်စတော့ပ် အရှေ့ ဘက်၏ လူကြိုက်များသော အပန်းဖြေနေရာ တစ်ခုလည်း ဖြစ်ကြောင်း တက္ကဆက်ပြည်နယ် ဥယျာဉ်နှင့် တောရိုင်းထိန်းသိမ်းရေး အဖွဲ့မှ မိုက်ကော့ဇ် က ပြောကြားသွားခဲ့သည်။ မလိုအပ်ဘဲ အလုပ်အသမားများ ဥယျာဉ်တွင်း ဝင်ရောခြင်း မပြုရန် အမိန့်ပေးခဲ့သည်။

"ကျွန်တော်မြင်နေရတာကတော့ မီးခိုးငွေ့တွေကြီးပဲ" ဟု ကော့ဇ်က ဥယျာဉ်အရှေ့ ဘက် ဝင်ပေါက်မှရပ်၍ ပြောသည်။

၁၉၃၀ နှင့် ၁၉၄၀ လောက်က ဆောက်လုပ်ခဲ့သော သမိုင်းဆိုင်ရာ ကျောက်ရုပ်ထုတွေနဲ့ ကျောက်အဆောက်အဦးများ ထားရှိရာ နေရာလည်းဖြစ်ကြောင်း အမေရိကန် အရပ်သား ထိန်းသိမ်း စောင့်ရှောက်မှု အဖွဲ့မှ ပြောပြခဲ့ရသည်။

"ကျွန်တော်တို့ အဲဒါတွေကို ကယ်ထုတ်ဖို့ လူဖြန့်ပြီး ကြိုးစားနေကြပါတယ်။ မီးကတော့ တဖြည်းဖြည်း နီးလာနေပါပြီ။" ကော့ဇ်က ပြောကြားသွားခဲ့သည်။

"ဘက်စတော့ပ်ကို မီး ဘယ်က စတင် လောင်ကျွမ်းခဲ့တယ်ဆိုတာ အသေအချာတော့ မသိနိုင်ဘူး။ ဒါပေမယ့် မီးတောက် နှစ်ခု ပေါင်းပြီး ဒီလို ကြီးမားတဲ့ မီးစကြီးဖြစ်လာ ပုံပေါ်ကြောင်း" အမမ်န်က ပြောကြားသွားခဲ့သည်။

ဘက်စတော့ပ်တွင် အသေအပျောက်နှင့် ဒဏ်ရာရသူ မရှိကြောင်း သတင်းရရှိခဲ့သည်။ သို့သော်လည်း တနင်္ဂတနွေနေ့က အသက် ၂၀ အရွယ် အမျိုးသမီးနှင့် ၁၈ လသားအရွယ် ကလေးငယ်တစ်ဦး ဂလိတ်ဝါးတားတွင် သေဆုံးသွားကြောင်း သတင်းရရှိခဲ့သည်။

မီးလောင်ကျွမ်းမှုသည် တနလာင်္နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး တက္ကဆက်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ၄ရွာလောက် အနည်းဆုံး လက်ဆက် လောင်ကျွမ်းမည် ဖြစ်ကြောင်း သိရသည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။