Wednesday, September 7, 2011

တက္ကဆက်တောမီး အိမ်ခြေ ၁၀၀၀ ခန့်အား ဝါးမြို


တက္ကဆက် တောမီးကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်ခန့် လောင်ကျွမ်း ပျက်စီးသွားပြီး မီးသတ်သမားများ ဆက်လက် ငြိမ်းသတ်ဆဲဖြစ်ကြောင်း သိရသည်။လာမည့် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းအဖြစ် သမ္မတ ဝင်ရောက်ယှဉ်ပြိုင်မည့် ရစ်ပယ်ရီ အတွက် အကြပ်အတည်းဆိုက်လျက်ရှိသည်။

လွန်ခဲ့သော အပတ်က တောမီးလောင်မှု ၁၈၀ ဖြစ်ပွားခဲ့ရာ အော်စတင်အနီးရှိ ဘက်စတော့ပ် ပြည်နယ်ပတ်ဝန်းကျင်တွင် အိမ်ခြေ ၆၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ ယင်းတောမီးသည် တတိယနေ့ အဖြစ် အင်္ဂါနေ့အရောက်တွင် ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းခဲ့သည်။ 
လွန်ခဲ့သော အပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းလီမှ လေပြင်းများကလည်း တောမီးကို ပို၍ပင့်ပေးခဲ့သဖြင့် ၁၁၆ စတုရန်း ကီလိုမီတာအထိ လောင်ကျွမ်းခဲ့သည်။ ထို့ကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ရပြီး စတင် လောင်ကျွမ်းချိန်မှဆိုလျင် သေဆုံးသူ စုစုပေါင်း ၄ ဦးရှိပြီ ဖြစ်သည်။

“ထောင်ပေါင်းများစွာသော ဒေသခံများ ၄င်းတို့၏ နေအိမ်များကို ပြစ်၍ ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြရပြီး အချို့ မှာ သီသီကလေး လွတ်မြောက်ခဲ့ကြခြင်းဖြစ်ကြောင်း” အယ်လ်ဂျာဇီးယား သတင်းထောက် အန်ဒီ ဂလက်ဂါ၏ ဘက်စတော့ပ်မှ သတင်းပေးပို့ခဲ့သည်။

“ဘက်စတော့ပ်မှာရှိတဲ့ အချို့  မိသားစုတွေကတော့ ဟိုတယ်မှာ ခိုလှုံနေကြရပြီး အချို့ တွေကတော့ မြို့ တော်ခန်းမကြီးထဲမှာပဲ နေနေကြရပါတယ်။” ဟု ဂလက်ဂါက ပြောကြားခဲ့သည်။

“ဇောတကတက်စရာ မေးခွန်းတစ်ခုကတော့ သူတို့တွေ ပြန်လည် နားခိုကြဖို့ အိမ်ရှိသေးရဲ့ လား ဆိုတာပါပဲ။”

ယင်းတောမီးပြဿနာကြောင့် အမေရိကန် သမ္မတလောင်းနေရာအတွက် ရော့ခ်ပယ်ရီ၏ ကယ်ရိုလ်လိုင်းနားတောင်ပိုင်းသို့ စည်းရုံးရေးခရီးအား ဖျက်သိမ်းရန် သဘောတူညီခဲ့ရသည်။

အင်္ဂါနေ့တွင် ၄င်းသည် အော်စတွန် ပြည်နယ်မှ ၄၀ ကီလိုမီတာခန့် အကွာအဝေးရှိသော ဘက်စတော့ပ်ရှိ မီးလောင်ပြင်များအား လိုက်လံကြည့်ရှု လေ့လာခဲ့ပြီး ပြည်နယ်၏ အထက်တန်း ကယ်ဆယ်ရေးသမားများအား အသက်ရှင် ကျန်ရစ်သူများ ရှိနိုင်သေးသည့် နေရာများကို သေသေချာချာ ရှာဖွေကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

"အရမ်းကို ရုတ်ဆိုး အကျည်းတန်လှတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဒီလောက် အကွာအဝေးရှိတဲ့ နေရာက အိုးအိမ်တိုက်တာတွေအတွက် နှမြောလွန်းလို့ သေလို့တောင်ရပါတယ်။" ဟု ရော့ခ်ပယ်ရီက လေ့လာရေး ခရီးအပြီးတွင် ပြောကြားသွားခဲ့သည်။

သို့သော် ရော့ခ်ပယ်ရီသည် တက္ကဆက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်း၌ ကျင်းပမည့် အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲအတွက် စကားရည်လုပွဲအား ပါဝင်ဆင်နွဲရန် မပြောဆိုခဲ့ပဲ ဒုက္ခရောက်လျက်ရှိသော ဒေသခံများကိုသာ ပိုမို၍ ဂရုစိုက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။

ပယ်ရီသည် ပညာရှင်များ နိုင်ငံရေးသမားများ စုစည်း ဖလှယ်ကြသော တီး-ပါတီခေါ် နိုင်ငံရေး စကားဝိုင်းတွင် အစိုးရ၏ အားနည်းသော လုပ်ဆောင်ချက်များအား ထောက်ပြ၍ ယင်းအစိုးရနှင့် ဆန့်ကျင်ဘက် စကားရည်လုရာတွင် နာမည်ကျော်ကြားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

အမေရိကန် သမ္မတအိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက "အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ၇ ပြည်နယ် သဘောတူညီချက်အရ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တက္ကဆက်ကို ကူညီသွားမည် ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီတောမီးပြဿနာကို ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး အရာရှိတွေနဲ့ ၄င်းတို့ရဲ့  ကြိုစားအားထုတ်မှု လုံ့လတွေကို အကြိုးရှိရှိနဲ့ နီးနီးကပ်ကပ် ဆက်လက် လုပ်ဆောင်သွားမှာပါ။" ဟု ပြောကြားသွားခဲ့သည်။

၁၂၀၀ ခန့်ရှိသော မီးသတ်သမားများ ဆက်လက်တိုက်ပွဲ ဝင်နေရဆဲဖြစ်ပြီး အခြားပြည်နယ်တွေက အမှုထမ်းများ အပါအဝင် ယင်းနေရာ တဝိုက်မှာရှိသော သက်ဆိုင်ရာ ရုံးအဖွဲ့ဝင်တွေအားလုံး အတူတကွ ဖေးမကူညီကြရန် တက္ကဆက်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

အခြားသော မီးသတ်သမားများ ဝင်ရောက် ကူညီရန် မှတ်ပုံတင်ထားကြပြီး မှတ်ပုံတင်ပြီးသား မီးသတ် အဖွဲ့ဝင်များကိုလည်း လိုအပ်သော နေရာများသို့ စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ငွေ့ဗူး သယ်ဆောင်နိုင်သော လေယာဉ် ၅စီးနှင့် ရေဂါလံပေါင်း ၁၅၀၀ ခန့် သယ်ဆောင်နိုင်သော တိုက်လေယာဉ် ၃စီအား အစိုးရမှ စေလွှတ်ပေးခဲ့သည်။

"ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်တောင်စုတွေနဲ့ အဖွဲ့အစည်း အသီးသီးက အလွန်ကောင်းတဲ့ အကူအညီတွေကို ရရှိခဲ့ရပါပြီ" ဟု တက္ကဆက် သစ်ထော ထိန်းသိမ်းရေး အဖွဲ့ကြီး၏ အလုပ်အမှုဆောင် ဒါရိုက်တာ မားခ်စတန်းဖော့က် က ပြောကြားသွားခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် နှစ်ပေါင်းကြာရှည်စွာ မိုးခေါင်နေခဲ့သော ယင်းဒေသကို အပြစ်တင်ခဲ့ပြီး မြင်ဖူးသမျှ ပြည်နယ်များထဲတွင် အဆိုးဆုံး အပူပြင်းဆုံး ဒေသလည်း ဖြစ်ကြောင်း သိရသည်။

တက္ကဆက်ပြည်နယ်ရှိ ဘက်စတော့ပ်ကို ဝါးသွားသော တောမီးသည် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ဘေအန္တရာယ်တစ်ခု ဖြစ်ပြီး တက္ကဆက်မြောက်ပိုင်းတွင်လည်း အိမ်ခြေ ၁၆၈လုံးလောက် မီးထဲပါသွားခဲ့ကြောင်း သိရသည်။

တက္ကဆက်ပြည်နယ် သစ်တောထိန်းသိမ်းရေး ပြောရေးဆိုခွင့်ရှိသူ အေပရယ်ဆာဂျီနောက ဒီတောမီးဟာ ၁၉၉၀ နောက်ပိုင်းလောက်ကို ပြန်ပို့နေသလိုပဲဟု ပြောကြားသွားခဲ့သည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။