Thursday, September 8, 2011

ဟော်ကီကစားသမားများအား သယ်ဆောင်လာသော ရုရှားလေယာဉ် ပျက်ကျ


ရေခဲပြင် ဟော်ကီကစားသမားများအား သယ်ဆောင်လာသော ရုရှားလေယာဉ်တစ်စီး ရာယိုဆလာဗာ မြို့ အနီး ပျက်ကျရာ ယင်းလေယာဉ်အတွင်း လိုက်ပါ စီးနင်းသွားခဲ့သော ကစားသမားများနှင့် ဝန်ထမ်းများ၏ ရုပ်အလောင်း ၄၂ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

ယခင် အိုလံပစ် အကျော်အမော်များနှင့် NHL နာမည်ကြီး ကစားသမားများ ယင်းလေယာဉ်တွင် ဗုဒ္ဓဟူးနေ့က လိုက်ပါသွားခဲ့ကြောင်း သိရသည်။

"ဒီနေ့ဟာ ကျွန်တော်တို့ရဲ့  အားကစား သမိုင်းတစ်လျှောက်အတွက် ရုပ်ဆိုးအကျည်းတန်ဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်" ဟု ရုရှား နိုင်ငံတကာ ရေခဲပြင် ဟော်ကီအားကစား ခေါင်းဆောင် တစ်ဦးဖြစ်သော ရင်းဖက်ဆဲလ်က ပြောကြားသွားခဲ့သည်။

"ဒါဟာ ရုရှား ဟော်ကီအားကစား လောကအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ဟော်ကီ အားကစား အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက်ပါ ဝမ်နည်းစရာကောင်းတဲ့ အဖြစ်ဆိုးတစ်ခု ဖြစ်ပါတယ်။"

သေဆုံးသူ ၄၃ ယောက်တွင် ၃၆ ယောက်သည် ဟော်ကီ ကစားသမားများ ဖြစ်ကြောင်းသိရသည်။

ခွဲစိတ်ကုသမှု ပြုလုပ်လျှက်ရှိသော ခေါင်းဆောင် ဆရာဝန်တစ်ဦးက " အလက်ဇန်ဒါး ဂလီးမော့်စ် ဆိုတဲ့ ကစားသမားတစ်ဦးနဲ့ ဝန်ထမ်းတစ်ဦးကိုပဲ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ လူနာတွေကတော့ သေဆုံးဖို့ ရာခိုင်နှုန်းများပါတယ်။" ဟု ပြောကြားသွားခဲ့သည်။

ကမ္ဘာ့ချန်ပီယံသုံးချိန်ဖြစ်ခဲ့ဖူးသော လိုကိုမိုးတစ် ရာယိုဆလာဗာအသင်းအား ဘယ်လာရုမြို့ တော် မင့်ဇ်တွင် သွားရောက်စကားရန် Yak-32 လေယာဉ်ဖြင့် သယ်ဆောင်လာစဉ် မော်စကိုမြို့  မြောက်ဘက် ၃၀၀ကီလိုမီတာခန့်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။