Saturday, September 10, 2011

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ ရှိ အစ္စရေး သံရုံးအရှေ့ တွင် လူအစုလိုက် အပြုံလိုက် အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ပွား


ကိုင်ရိုမြို့ရှိ အစ္စရေးလ်သံရုံးကို ဒေါသထွက်နေသော ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြပြီး သံရုံးကို ကာကွယ်ပေးထားသော အပြင်ဘက်ဆုံး အုတ်နံရံတစ်ခုကို ဖြိုချပစ်ခဲ့ကြသည်။ ထို့နောက် သံရုံးအတွင်းမှ စာရွက်စာတမ်းများကို ပြူတင်းပေါက်မှ လွှင့်ပစ် ခဲ့ကြသည်။

သောကြာနေ့က ညက ယင်းသို့သံရုံးတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ဒေါသထွက်နေသော ဆန္ဒပြသူများက အစ္စရေးအလံကို ဖြုတ်ကာ အီဂျစ်အလံကို အစားထိုးလွှင့်တင်ခဲ့ကြသည်။

အီဂျစ်ဝန်ကြီးချုပ် အက်သံရှာရက်ဖ်က အကြပ်အတည်း ဖြေရှင်းရေး ဝန်ကြီးအဖွဲ့ကို ဆင့်ခေါ်ခဲ့ပြီး ဖြစ်ရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးက တိုင်းပြည်တွင်း သတိထားဖွယ် အခြေအနေတစ်ရပ 
ကြေငြာခဲ့သည်။

စစ်ကားများနှင့် စစ်သားများ ရာနှင့်ချီ အဓိကရုဏ်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြပြီး ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ ရဲကားများ မီးရှို့ခံရပြီး နယ်မြေရဲစခန်းတစ်ခုကိုလည်း တိုက်ခဲ့ကြသည်။

မျက်ရည်ယို ဗုံးမီးခိုးငွေ့များ၊ ကားတာယာ မီးရှို့မှုမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကြားတွင် ဆန္ဒပြသူများနှင့် ရဲများသည် တစ်ညလုံး ပြေးတမ်းလိုက်တမ်း ကစားနေကြသကဲ့သို့ ဖြစ်သည်။ ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ တဖြည်းဖြည်း အသာစီးရလာပြီး စနေနေ့မနက်ပိုင်းတွင် အခြေအနေငြိမ်သက်သွားသည်။

သံရုံးတဝိုက်က် နားမှာတော့ လူအယောက် ၅၂၀ လောက် ဒဏ်ရာ ရရှိခဲ့ပြီး အစောပိုင်း သတင်းပေးပို့ချက် တစ်ခုတွင်လည်း လူတစ်ယောက် သေဆုံးသွားကြောင်း  ဒေသစံတော်ချိန် မနက် ၃ နာရီခန့်တွင် အီဂျစ်ကျန်းမာရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ယင်းနောက် လူအုပ်ကြီးသည် သံရုံးမှ ထွက်ခွားသွားခဲ့ပြီး တာဟီရီ ရင်ပြင်သို့ ဆက်လက်ထွက်ခွာကာ လက်ရှိ အီဂျစ် အာဏာရ စစ်အစိုးရအား ဖြုတ်ချ၍ အစိုးရသစ် တစ်ရပ် ပြန်လည်ဖွဲ့စည်းရန် အတွက် ဆန္ဒပြသူများ စုရုံး၍ တောင်းဆိုခဲ့ကြသည်။

အယ်လ်ဂျာဇီးယား သတင်းထောက် ရှရိန်တေဒေါစ် ၏ သတင်းပေးပို့ချက်အရ " ထောင်ပေါင်းများစွာသော စာရွက်စာတမ်းတွေကို ပြတင်းပေါက် အပြင်ဘက်ကို ပစ်ထုတ်နေခဲ့ပြီး သူတို့တွေ ဆင်းလာတဲ့ အဆောက်အအုံ မရိုးသားပါဘူး။" ဟု သိရသည်။

ရှုပ်ထွေးသော ဖြစ်ရပ်

လက်ရှိအခြေအနေကတော့ အလွန်ကို ရှုပ်ထွေးနေပြီး ဆန္ဒပြသူများ ရဲကားနှစ်စီးအား မီးရှို့ ခဲ့သည်။

နော်ရာရှလဘိုင်က အစ္စရေးလ် သံရုံးအပြင်ဘက်တွင် ဆန္ဒပြသူများအား လိုက်လံ စုရုံးခဲ့သည်။

"ကျွန်တော်တို့အတွက် ဖြစ်နိုင်တဲ့လမ်းကြောင်းကတော့ ဒီတစ်နည်းပဲ ရှိတော့တယ်။ ကျွန်တော်တို့ အခုထိ မျက်ရည်ရိုဗုံးတွေ၊ ရော်ဘာ ကျည်ဆံတွေနဲ့ အပစ်ခံနေရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို အခြေခံအဆင့်အနေနဲ့ တိုက်ခိုက်တာပဲ ရှိပါသေးတယ်" ဟု သူမက ပြောကြားသွားခဲ့သည်။

နာရီအနည်းငယ် အကြာတွင် ဆန္ဒပြသူများအား စတင်ခြေမှုန်းရန် အီဂျစ် စစ်တပ်မှ စတင်ခြေလှမ်းလိုက်ကြောင်း ကျွန်တော်တို့ သတင်းထောက်များ ပြောကြားချက်အရ သိခဲ့ရသည်။

"အဲဒီမှာပဲ စစ်တပ်က လက်နက် ခဲ ယမ်းတွေနဲ့ လေထဲကို စတင်ပြီး ပစ်ခတ်ပါတော့တယ်။ အဲဒီ အချိန်မှာ ဆန္ဒပြသူတွေဟာ ဌာနချုပ်ရုံးများသို့ ဝင်ရောက် စီးနင်းရန် ကြိုးစားခဲ့ကြပါသေးတယ်။"

"ကျွန်တော်တို့ နားလည်ထားသလောက်တော့ အဲဒီမှာ စစ်တပ် အာဏာပိုင်တွေ ၄ နာရီလောက် ရှိနေခဲ့ကြပြီး ဆန္ဒပြသူတွေကို ဖမ်းခေါ်သွားခဲ့တာပါ။" ဟု ရှရိန်တေဒေါစ်က ဆက်လက် ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံဌာနမှ ပြည်နယ်တွင်း အရာရှိများ၏ ပြောကြချက်များအား ကိုးကားတင်ပြရာတွင် "နိုင်ငံခြားလက်သည်တွေ ဒီအကြမ်းဖက်မှု နောက်မှာ ရှိလိမ့်မည်" ဟုပြောကြားသွားခဲ့ပြီး အီဂျစ် အာဏာပိုင်များက ယင်းနိုင်ငံခြား လက်သည်များအား နိုင်ငံတွင်း ဖမ်းဆီးရန် မကြာခဏ ပြစ်တင်ပြောဆိုလေ့ရှိသည်ဟု သိရသည်။

အစ္စရေး သံတမန်အား အကြမ်းဖက်မှုအတွက်

အစ္စရေးလ် သံအမတ် ရစ်ဇက် လေဗနွန်သည် ၄င်း၏ မိသားစုများအပါအဝင် အခြား သံရုံးအရာရှိများနှင့် ကိုင်ရိုလေဆိပ်မှ အစ္စရေးလ်သို့ ပြန်သွားခဲ့ကြောင်း အီဂျစ် ရုပ်သံဌာနများမှ ကြေငြာသွားခဲ့သည်။

လေဗနွန်သည် မကြာသေးခင် အချိန်လောက်ကမှ အစ္စရေးလ်သို့ အားလပ်ရက် အပန်းဖြေရန် ပြန်သွားခဲ့ပြီး ပြီးခဲ့သည့် လ ကတည်းက ဆန္ဒပြသူများသည် ၄င်းအား ဒေါသထွက်နေကြခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရက်အိုမားဘားက သံရုံးအား ဆန္ဒပြသူများ အကြမ်းဖက်မှုမှ ကာကွယ်ပေးရန်နှင့် နိုင်ငံတကာ ဂုဏ်သိက္ခာအရ အစ္စရေးလ် သံရုံးအား အစောင့်အကြပ်များ ချထားရန် အီဂျစ်အား တောင်းဆိုလိုက်သည်။

"အီဂျစ်ရှိ အစ္စရေးလ်သံရုံးအတွက် အလွန်စိတ်ပူမိကြောင်း"  အိမ်ဖြူတော်မှ အဆိုပြုချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"ဟယ်လာရီ ကလင်တန်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ကာမယ်လ် အာမာအား ဗီယင်နာ ညီလာခံတွင် ဂုဏ်သိက္ခာအရ သံတမန်များအား ကာကွယ်မှု ပြုလုပ်ပေးရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း" အီဂျစ် ပြည်နယ် လက်ထောက် အရာရှိ တစ်ဦးက ပြောကြားသွားခဲ့သည်။

သံရုံးနံရံအား ဖျက်ဆီး

ယင်းအမှုသည် လူ ၁၀၀၀ ဝန်းကျင်လောက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ရှိ အစ္စရေး သံရုံးအပြင်ဘက်ရှိ နံရံအား ရုတ်တရက် အကြမ်းဖတ် ဖြိုခွင်းရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ 

တူများ သံချောင်းကြီးများကို အသုံးပြုကာ ၂ မီတာလောက်ရှိသော နံရံအား တညီတညာ ဖြိုခွဲကြရန် ဆန္ဒပြသူများက စီမံခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူတစ်ဦးသည် သံရုံးအဆောက်အဦး အထက်ရှိ အလံတိုင်အား ဖြုတ်ကာ အောက်သို့ ပစ်ချပြီး အောက်တွင်ရှိသော ဆန္ဒပြသူများကလည်း ပီတိများဖြစ်ခဲ့ကြသည်။

လွန်ခဲ့သောလတွင်လည်း အီဂျစ်များသည် နယ်စပ်တွင် အစ္စရေး အကြမ်းဖက်သူများ လိုက်လံ ပစ်ခတ်မှုကြောင့်
အီဂျစ် ရဲများသေဆုံးခဲ့ပြီး အစ္စရေးသံရုံးအပြင်ဘက်တွင် အစ္စရေးသံတမန်အား မောင်းထုတ်ရန် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

အီဂျစ်သည် အစ္စရေးအား ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည် တောင်းပန်ရန် တောင်းဆိုခဲ့ပြီး သေဆုံးသွားခဲ့သော ရဲ ငါးဦးကိုလည်း သက်သေအဖြစ် ထုတ်ပြခဲ့သည်။

Source: Aljazeera

 

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။