Sunday, September 11, 2011

လေယာဉ်ပျက်ကျပြီး သုံးရက်ကြာမှ အသက်ရှင်သူတစ်ဦးရှာတွေ့


လေယာဉ်ပျံပျက်ကျပြီး သုံးရက်အကြာတွင် အမေဇုံတောအတွင်း အသက်ရှင်ကျန်ရစ်သူ ဘိုလီးဘီးယား လူမျိုးတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။

မိုင်နာဗီဒယ် အသက် ၃၅ နှစ်သည် အင်္ဂါနေ့ လေယာဉ်ပျက်ကျရာတွင် ပါဝင်ခဲ့ပြီး လေယာဉ်ပျက်ကျရာ နေရာနှင့် အလွန်ဝေးကွာသော နေရာတွင် သူ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အပျက်အစီးများကြား ညှပ်နေပြီးနောက် မိမိ၏ ကျင်ငယ်ရေနှင့် ရေအိုင်များမှ ရေများကို သောက်သုံးပြီး အသက်ရှင် နေခြင်းဖြစ်ကြောင်း မစ္စတာဗီဒယ်က ပြောပြသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၉)ဦး ပါဝင်ခဲ့ပြီး ဘိုလီးဗီးယား အရှေ့မြောက်ဘက် ထရီနီဒက်အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အခြားခရီးသည် (၈)ဦး သေဆုံးခဲ့သည်။

ယင်းလေယာဉ်သည် အယ်ရိုကွန် လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး ဘိုလီဗီးယားနိုင်ငံ ဆန်တာခရုစ်မြို့မှ ထရီဒက်သို့ ပျံသန်းစဉ် ပျက်ကျသွားခြင်း ဖြစ်သည်။

အစောပိုင်း ကယ်ဆယ်ရေးနှင့် ရှာဖွေရေးမှ သတင်း ထုတ်ပြန်ချက်အရ ခရီးသည် ၉ ဦးစလုံးနှင့် လေယာဉ် အမှုထမ်းများ အားလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ကြသည်။
ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး ဒေးဗစ်ဘပ်စတို့စ်က အပျက်အစီးများနှင့် အနီးအနား တစ်ဝိုက်တွင် ရုပ်အလောင်း ၈ ခု ကိုသာ သူတို့ တွေ့ရှိခဲ့ကြောင်း ပြောသည်။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ရာ လေယာဉ် ပျက်ကျရာ နေရာနှင့် မိုင် အတော်အဝေး အရောက်တွင် ကမ်းပါးပေါ်မှ လူတစ်ဦး အချက်ပြနေသည်ကို တွေ့မြင်ရ၍ သွားရောက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗိုလ်ကြီး ဒေးဗစ်ဘပ်တို့စ်က ပြန်လည်ပြောပြခဲ့ပါသည်။

Source: BBC

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။