Sunday, September 25, 2011

ဂျပန်ဂိုးသမားကို ဘယ်လ်ဂျီယံပရိသတ်ပြောင်လှောင်


ဘယ်လ်ဂျီယံ ပြည်တွင်းကလပ် ဘောလုံးအသင်း ဘီယာစကော့၏ ပရိသတ်များက ဂျပန်ဂိုးသမား အီဂျီကာဝါရှီမာအား “ဖူကူရှီးမား၊ ဖူကူရှီးမား” ဟု လှောင်ပြောင်အော်ဟစ်ခေါ်ဝေါ်ခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူများက ကာဝါရှီမာအား အင်္ဂါနေ့က တောင်းပန်ခဲ့သည်။ လွန်ခဲ့သောလ က ဘီယာစကော့သည် ပြည်တွင်းလိဂ်ပွဲစဉ်တွင် လီယာ့စ်အသင်းနှင့် ကစားစဉ်က ပြောင်လှောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။






ဂျပန်နိုင်ငံတွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော ငလျင်နှင့်ဆူနာမီကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံယိုစိမ့်ထွက် မှုကို အကြောင်းပြု၍ လှောင်ပြောင်သရော်ခြင်းဖြစ်ပြီး ဒိုင်လူကြီးက ကြားဝင်ဖြေရှင်းပေးခဲ့ရသည်။ ယင်းသို့အော်ဟစ်နေသူများထံ သို့ ဂိုးသမား ကာဝါရှီမာက သွားရောက်ကာ ရင်ဆိုင်ပြောဆိုနေစဉ် ပရိတ်သတ်ထံမှ ဘီယာဘူးများ၊ အကြွေစေ့များနှင့် ပစ်ပေါက် လေသည်။ ယင်းအဖြစ်အပျက်ကြောင့် ကလပ်အသင်းကို ဒေါ်လာ ၃၄,၂၀၀ ဒေါ်လာဒဏ်ရိုက်ခဲ့လေသည်။
“အတော်ကို မှားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အတွက် ကျွန်တော် အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။” ဟု အသင်း ဥက္ကဋ္ဌ ပက်ထရစ် ဗန်နော့ပန်က ပြောသည်။

ယင်းသို့တောင်းပန်လိုက်ခြင်းကြောင့် ဂျပန်နိုင်ငံသားများ အဖို့ အလွန်စိတ်သက်သာရာရမည်ဖြစ်ကြောင်း ကာဝါရှီမာက ပြောသည်။
“စိတ်ထိခိုက်စေတာက ဂျပန်လူမျိုးတွေပါ။ တောင်းပန်လိုက်ပြီဆိုတော့ သူတို့တွေ ခွင့်လွှင့်နိုင်ပါတယ်။”

ဗုဒ္ဓဟူးနေ့တွင် သူ၏ တောင်းပန်လွှာကို ဂျပန်သံရုံးသို့ပေးပို့မည်ဖြစ်ကြောင်း ဗန်နော့ပါက ပြောသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။