Sunday, September 25, 2011

ဖူဂျီတောင်နှင့် ကာမာကူရာကို ကမ္ဘာ့အမွေအနှစ်အဖြစ်စာရင်းဝင်နိုင်အောင် ကြိုးပမ်း

ကာမာကူရာ ရှေးဟောင်း ရုပ်ပွားတော်

၂၀၁၃ တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် ဖူဂျီတောင်နှင့် ကာမာကူရာမြို့တို့ကို ထည့်သွင်းသတ်မှတ်ပေးရန် ဂျပန် အစိုးရက ယူနက်စကိုတွင် စာရင်းပေးသွင်း မည်ဖြစ်ကြောင်း NHK သတင်းဌာနက ကြေငြာခဲ့သည်။
ဖူဂျီတောင်သည် ၁၇ ရာစု နှင့် ၁၉ ရာစုကြား ဂျပန်ရိုးရာပန်းချီများတွင် ထင်ရှားခဲ့ပြီး ဘာသာရေးဆိုင်ရာ အယူအဆများလည်း လွှမ်းခြုံထားကြောင်း ဆိုသည်။
ကာမာကူရာမြို့သည် ဂျပန်နိုင်ငံတွင် ပထမဦးဆုံး ဆာမူရိုင်းတို့၏ ရှိုးဂန်းအုပ်ချုပ်ရေး စတင်ဖြစ်တည်ရာနေရာဖြစ်၍ သမိုင်းအရ တန်ဘိုးကြီးမားကြောင်း ပညာရေးဝန်ကြီးဌာနက အဆိုပြုခဲ့သည်။
ဂျပန်နိုင်ငံတွင် အိုဂါဆာဝါရာ၊ နာရာနှင့် နစ်ကိုကျွန်းများ၊ ကျိုတိုမြို့ရှိ စေတီများ၊ ဟီမီဂျီ ရဲတိုက်၊ ဟီရိုရှီးမားငြိမ်းချမ်းရေး အဆောက်အဦ အပါအဝင် နေရာ ၁၆ ခု ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် သတ်မှတ်ထားပြီးဖြစ်သည်။
ဖူဂျီတောင်နှင့် ကာမာကူရာမြို့များကို အစိုးရက ယူနက်စကိုထံသို့ တရားဝင်တင်သွင်းပြီးလျှင် ကျွမ်းကျင်သူများက နောက်နှစ်တွင် လာရောက်လေ့လာမည်ဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။