Thursday, September 22, 2011

ဂျပန်ရှိ တရားမဝင်နေထိုင်သူနိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုကြေငြာများ


ဟန်ဆောင်လက်ထပ်မှုဆောင်ရွက်လိုသူများ၊ တရားဝင်နေထိုင်ခွင့်ရလိုသူများအတွက် ကြော်ငြာများကို ရဲပိတ်ပင်

တရားမဝင်အလုပ်လုပ်ကိုင်ခြင်းနှင့် ဟန်ဆောင်လက်ထပ်ခြင်းများကို အားပေးအားမြှောက်ပြုနေသော ကြော်ငြာများကို အခမဲ့ ဝေသော သတင်းစာများတွင် နိုင်ငံခြားသားများကို ပစ်မှတ်ထား၍ ကြော်ငြာနေကြောင်း ရဲအဖွဲ့မှ ပြုစုသော စစ်တမ်းတစ်စောင် အရ သိရှိရသည်။
မေလနှင့် ဇွန်လအတွင်းက အမျိုးသားရဲတပ်ဖွဲ့မှ ပြုလုပ်သောစစ်တမ်းအရ စီးပွားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများရှိသော ခရိုင် များတွင် ထုတ်ဝေသော အဆိုပါသတင်းစာများတွင် ယင်းသို့ကြော်ငြာမျိုး ၇၃၆ ခုတွေ့ရှိရကြောင်းဆိုသည်။
ယင်းသတင်းစာထုတ်ဝေသူများကို ထိုသို့ ကြေငြာများမထည့်ရန် ရဲတပ်ဖွဲ့က သတိပေးပြောကြားမည်ဖြစ်သည်။ ထိုကြော်ငြာများ ထည့်သွင်းကြော်ငြာပေးလျှင် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
စစ်တမ်းအရ ထိုသို့သောသတင်းစာမျိုး တိုကျိုတွင် ၅၈ စောင်နှင့် အခြားနယ်မြေများတွင် ၂၄ စောင်ရှိကြောင်းဆိုသည်။ ယင်းတို့ထဲမှ ၂၆ စောင်မှာ တရုတ်လူမျိုးများကို ရည်ရွယ်၍၊ ၂၂ စောင်မှာ ကိုရီးယားလူမျိုးများကို ရည်ရွယ်ထုတ်ဝေကြောင်း သိရသည်။ အခြားအစောင်များမှာ ဖိလစ်ပိုင်နှင့် ဘရာဇီးလူမျိုးများကို ရည်ရွယ်ကြောင်းသိရသည်။
ယင်းသတင်းစာများတွင် နိုင်ငံခြားသားများအတွက် လမ်းညွှန်များနှင့်စားသောက်ဆိုင်များ နှင့်ဆိုင်သော သတင်းအချက်အလက် ကြော်ငြာများ ပါဝင်သည်။ ကြော်ငြာ ၄၀% (၂၉၁ ခု) မှာ အလုပ်အကိုင်တရားမဝင် ခေါ်ယူခန့်ထားရန် ဖြစ်ပြီး လိင်ပိုင်းဖျော်ဖြေမှု ဆိုင်ရာများနှင့် အကျုးံဝင်ဖွယ်ရှိသော အလုပ်အကိုင်များဖြစ်သည်။

ကြော်ငြာ ၂၄%( ၁၇၄ ခု ) မှာ နေထိုင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရန် ပွဲစားဝန်ဆောင်မှုပေးလိုသည့် ကြော်ငြာများဖြစ် သည်။ ယင်းကြော်ငြာများတွင်
“ဂျပန်လူမျိုးနှင့် လက်ထပ်လိုသော တရားမဝင်နေထိုင်နေသူများအလိုရှိသည်။”
“သင်တရားမဝင် နေထိုင်နေရသူဖြစ်ပါက တရားဝင်နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးမည်။” စသည့် စာသားများထည့်သွင်း ကြော်ငြာလေ့ရှိ သည်။

မြို့ပြရဲဌာနကလည်း အလုပ်အကိုင်တရားမဝင်လုပ်ကိုင်နေသူများနှင့် ဟန်ဆောင်လက်ထပ်ထားမှုများကို အမြောက်အများဖေါ် ထုတ်နိုင်ခဲ့သည်။ ဖေါ်ထုတ်နိုင်ခဲ့သော အမှုများထဲတွင် သတင်းစာကြော်ငြာပါ အတိုင်း ကျွမ်းကျင်သူပွဲစားများနှင့်တွေ့ကာ လုပ်ဆောင်ခဲ့သူများနှင့် သတင်းစာတွင် ကြော်ငြာထည့်သွင်းခဲ့သူများပါဝင်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။