Monday, September 5, 2011

ဟေတီ ဆယ်ကျော်သက်တစ်ဦးအား လက်နက်နှင့် ခြိမ်းချောက်၍ အဓမ္မပြုကျင့်ခဲ့သော ဥရုဂွေး ရေတပ်ဗိုလ်အား အမိ နိုင်ငံသို့ ပြန်ပို့


ဟေတီတွင် တာဝန်ထမ်းဆောင်နေသော UN မှ ဥရုဂွေး ရေတပ် အရာရှိတစ်ဦးက ဟေတီဆယ်ကျော်သက် ယောင်္ကျားလေး တစ်ဦးအား အတင်းအဓ္မမ ပြုကျင့်သည့် ရုပ်သံဖိုင်အား အင်တာနက်တွင် ပြန့်သွားခဲ့ပြီးနောက် ၄င်း ရေတပ်ဗိုလ်အား တာဝန်ရွှေ့ ပြောင်းရန် ဥရုဂွေး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ဝင်များက တိုင်ကြားခဲ့သည်။

ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့အတွက် ထိုသူအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက တနင်္ဂနွေနေ့က အတည်ပြု ပြောကြားသွားခဲ့သည်။

နာမည်မဖော်ပြလိုသော ရေတပ် အရရှိတစ်ဦးနှင့် ပါဝင်သည်ဟု သံသယရှိသူ ရဲဘော် ငါးဦးတို့အား
အမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် စစ်သဘောင်္တစ်ခုပေါ်တွင် စာရွက်စာတမ်းများ စီစဉ်ပေးခဲ့ပြီး အစည်းအဝးပြုလုပ်ခဲ့သည်။

"ဒီလိုဖြစ်ရပ်မျိုး တကယ်ရှိခဲ့တာ စိတ်တော့မကောင်းပါဘူး သူတို့တွေ တကယ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကို ဆက်လက်စုံစမ်းသွားပြီး သံသယရှိသူတွေအားလုံးကို သင့်တော်လျှော်ကန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ ပြုလုပ်သွားမှာပါ" ဟု ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဆာဂျီရို ဘီကျူးက ပြောကြားသွားခဲ့သည်။

ဥရုဂွေး ကာကွယ်ရေး ဝန်ကြီးက ၁၈နှစ်အရွယ် ယောကျာင်္းလေး တစ်ဦးအား အဓမ္မပြုကျင့်နေသော လုပ်ရပ်အား တီဗွီဖန်သားပြင်ပေါ်တွင် ပြသခဲ့ပြီးနောက် "လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်မှုကို တကယ်ချိုးဖောက်ခဲ့တာလား ဒါမှမဟုတ် အထင်မှားတာလားဆိုတာ အမြန်ဆုံး စုံစမ်း စစ်ဆေးရေး ပြုလုပ်ရန် တနင်္ဂနွေနေ့က အမိန့်ပေးလိုက်သည်။ဓ

ယင်းလုပ်ရပ်အား ဟေတီ သမ္မတက မိုက်ကယ်မာတယ်လီက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ပြီး နောင်ဒီလိုဖြစ်ရပ်မျိုး ဆက်လက်မဖြစ်ပွားရန် UN အထက်အရာရှိများနှင့် တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Source: Aljazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။