Tuesday, September 6, 2011

လစ်ဗျားသူပုန်များ ကဒါဖီသစ္စာခံနယ်မြေကို အလွယ်တကူထိန်းချုပ်



အင်္ဂါနေ့က လစ်ဗျားသူပုန်များသည် လစ်ဗျားအာဏာရှင်ဟောင်းကဒါဖီ၏ အမာခံသစ္စာခံမြို့ဖြစ်သော ဘန်နီဝလစ်မြို့မှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံကာ အပစ်အခတ်မပြုဘဲ မြို့တွင်းသို့ ဝင်ရောက်ရန် သဘောတူညီချက်ရယူခဲ့ကြသည်။

သူပုန်များဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် မြို့မှ ကိုယ်စားလှယ်တစ်စုတို့တွေ့ဆုံကာ မြို့တွင်းသို့မည်သို့မည်ပုံဝင်ရောက်ရေးနှင့် ငြိမ်းချမ်းစွာဖြင့် မြို့ကို ထိန်းချုပ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ကို တိုက်ခိုက်ချင်တဲ့လူတွေရှိနေရင် သူတို့ရှိန်သွားအောင်လို့ လက်နက်တွေနဲ့ တကွကျွန်တော်တို့ မြို့တွင်းကို ဝင်ရောက်ကြမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ ” တွေ့ဆုံပွဲကို အယ်လ်ဂျာဇီယာသတင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး သူပုန်ကိုယ်စားလှယ်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့ လက်စားချေတိုက်ခိုက်ဖို့ ရောက်လာခြင်းမဟုတ်သလို၊ လူတွေကိုလည်း နှိပ်စက်ကလူပြုဖို့ မဟုတ်ပါဘူး။” ဟု ဆက်လက်ပြောဆိုခဲ့သေးသည်။

ဘန်နီဝလစ်မြို့ကိုယ်စားလှယ်က ပစ်မယ်ခတ်မယ် ကြိမ်းဝါးနေတာတွေ ငြိမ်းချမ်းစွာအဆုံးသတ်သွားတဲ့အပေါ် မြို့သူမြို့သား ၉၀% လောက်ကနှစ်ထောင်းအားရ ထောက်ခံကြပါတယ် ဟုဆိုသည်။

“မြို့တွေအများစုနဲ့ မြို့ငယ်ရွာငယ်လေးတွေမှာ လုံခြုံရေး စိတ်ချရသွားပြီဖြစ်ပေမယ့် ကဒါဖီတပ်တွေဟာ ဘန်နီဝလစ် နယ်မြေ၊ ဆာ့တ်၊ အယ်လ်ဂျူဖရား အိုအေစစ်အနီးဒေသနဲ့ ဆက်ဘဟားဒေသတွေမှာ အနည်းနဲ့ အများဆိုသလိုရှိနေပါသေး တယ်။ ” ဟု နေတိုးတပ် ပြောရေးဆိုခွင့်ရှိသူ ကာနယ် ရိုလန်လာဗိုအီးက ပြောသည်။

ဆက်လက်၍ ကာနယ် လာဗိုအီးက ကဒါဖီတပ်များ အင်အား အလွန်နည်းသွားပြီ
ဖြစ်ကြောင်း၊ ကြေးစားစစ်သားများလည်း ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း၊ ယခင် အစိုးရခေါင်းဆောင် များလည်း သူတို့၏ နောက်လိုက်များကို စွန့်ခွါ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။

ကဒါဖီ အစိုးရ ထိပ်တန်းခေါင်းဆောင်တစ်ဦး ထရီပိုလီမြို့အရှေ့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အဝေးတွင်ရှိသောမြို့တွင် ပုန်းခိုနေသေး ကြောင်းသူပုန်များက ယူဆထားကြသည်။ အချို့ကလည်း ကဒါဖီ၏ သားနှစ်ဦးမှ တစ်ဦးဖြစ်သော ဆာဒီ သော်လည်းကောင်း၊ ဆာအစ်အယ်လ်အစ္စလာမ်သော်လည်းကောင်း၊ သို့မဟုတ် ကဒါဖီအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မူဆာအီဘရာဟင်သော်လည်းကောင်း ထိုမြို့ထဲတွင် ပုန်းအောင်းနေနိုင်သေးကြောင်း ယူဆကြသည်။

ယင်းမြို့သည် လစ်ဗျားရှိ လူဦးရေအများဆုံးတိုင်းရင်းသားအုပ်စုဖြစ်သော ဝါဖာလာတိုင်းရင်းသားဒေသဖြစ်သည်။

အင်္ဂါနေ့အစောကပင် မူဆာက ကဒါဖီကျန်းမာရေးအလွန်ကောင်းနေကြောင်း၊ သြဇာအာဏာလည်း ရှိနေသေးကြောင်း နှင့် တိုင်းပြည်အတွက် တိုက်ခိုက်ရန် သူ့အစားသူသားများက တာဝန်ယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

“အောင်ပွဲခံတဲ့အထိ ကျုပ်တို့ ဆက်တိုက်သွားဦးမှာ။” ဟု ဒမားစကတ်အခြေစိုက် အယ်လ်ရိုင်ရုပ်မြင်သံကြားသို့ အီဘရာဟင်က ပြောကြားခဲ့သည်။

ထို့ပြင် အယ်လ်-အာရေးဘီးယားရုပ်မြင်သံကြားသတင်းဌာနက သူပုန်စစ်ကြောင်းတစ်ခု နိုင်ဂျာနိုင်ငံနယ်စပ်သို့ ကန္တာရကိုဖြတ်၍ သွားနေကြောင်း ၊ ကဒါဖီအနေနှင့် ရင်းနှီးသော မိတ်ဆွေ အာဖရိကနိုင်ငံဖြစ်သော နိုင်ဂျာတွင် တိတ်တဆိတ် ခိုလှုံခွင့်တောင်းခံ မည်ဟု ယူဆထား၍ဖြစ်ကြောင်း ကြေငြာခဲ့သည်။ သို့သော် ကိုင်ရိုရှိ နိုင်ဂျာသံရုံးက ယင်းသတင်းအပေါ် တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်းမရှိခဲ့ပေ။

တနင်္ဂနွေနေ့က နိုင်ဂျာ တာဝန်ရှိသူများက ကဒါဖီသစ္စာခံ ပြည်တွင်းလုံခြုံရေးအကြီးအကဲ မန်ဆဝါဒေါ်အပါအဝင်အစိုးရအရာရှိ များ တိုင်းပြည်တွင်းသို့ဝင်ရောက်လာခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဘဏ်ကိုယ်စားလှယ်တစ်ဦးက အဆိုပါ သူပုန်စစ်ကြောင်း ယာဉ်တန်းတွင် နိုင်ငံခြားငွေများ သယ်ဆောင်သွားသည်ဟု သံသယဖြစ် မိကြောင်း အယ်လ်-အာရေးဘီးယားသို့ပြောကြားခဲ့သည်။ ယင်းသို့ပြောဆိုမှုအပေါ် နေတိုးကလည်း မှတ်ချက်ပေးရန် ငြင်းဆန် ခဲ့သည်။၏

“ကျွန်တော်တို့ ရှာဖွေထားတဲ့ စုံစမ်းထာက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားလို ခြင်းမရှိပါ။” ဟု ကာနယ် လာဗိုအီးက ဆိုသည်။ ကာနယ်လာဗိုအီးသည် မဟာမိတ်လစ်ဗျားစစ်ဆင်ရေး ဌာနချုပ်စိုက်ရာ နေပယ်လ် မြို့တွင်ရောက်ရှိနေသည်။

လစ်ဗျားတစ်ခွင် စစ်ယာဉ်တန်းများ၊ စစ်လက်နက်များနှင့် လှုပ်ရှားနေသော သတင်းများ နေတိုးက အဆက်မပြတ် လက်ခံရရှိနေ လျက်ရှိကြောင်း လာဗိုအီးက ဝန်ခံခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ဂျာသွားစစ်ကြောင်း ယာဉ်တန်းသတင်းနှင့် ပတ်သက်၍ ဘာမှ မသိကြောင်းပြော သည်။

Source: M&C News

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။