Monday, September 5, 2011

ဆိုမာလီယာကို ကယ်တင်ပါ (ဆောင်းပါး)


အာဖရိက ဦးချိုဒေသ ဆိုမာလီနိုင်ငံတွင် ဖြစ်ပွားနေသော ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ကျွန်ုပ်တို့ တစ်ဦးချင်း တစ်ယောက်ချင်းရော အစုအဖွဲ့လိုက်ရော ဘယ်လို ကူညီဖြေရှင်းပေးနိုင်မည်လဲ။ ယနေ့ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အငတ်ပြဿနာအဖြစ် မှတ်တမ်း ဝင်နေပါတယ်။

၂၀၁၀ အောက်တိုဘာလ ကနေစပြီးတော့ မိုးခေါင်နေလိုက်တာ ဆိုမာလီယာမှာ အသက် ၅ နှစ်အောက် ကလေး ၂၉,၀၀၀ အပါ အဝင် လူပေါင်း သိန်းနဲ့ချီပြီး သေကြေ ပျက်စီးခဲ့ပါတယ်။ အနည်းဆုံး ယခုလာမည့် ဒီဇင်ဘာလအထိ အခြေအနေ ဆက်လက် ဆိုးဝါးနေဦးမည်ဟု မျှော်လင့်ရပါတယ်။ အာဖရိက ဦးချိုဒေသတွင်း လူဦးရေ ၁၂.၄ သန်းခန့်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဆိုမာလီယာ နိုင်ငံအတွင်းရှိ လူများသာမက ဂျီဘောက်တီ၊ အီသီယိုပီးယား၊ ကင်ညာနှင့် အခြားနိုင်ငံများကိုလည်း ထိခိုက်နိုင်ပါတယ်။

ကာလတာရှည်စွာ အကျပ်အတည်း ဆိုက်နေသည့်အတွက် သန်းပေါင်းများစွာ အိုးအိမ်များ၊ စားကျက်မြေများ၊ မွေးမြူရေးလုပ်ငန်းများကို စွန့်ခွာ ထွက်ပြေးလာကြရတယ်။ ပြည့်လျှံနေပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေဆီကို နေ့စဉ်ထောင်နဲ့ချီပြီးတော့ ရောက်လာ နေကြပါသေးတယ်။

ဒါပေမယ့် အငတ်ဘေးဟာ ဘယ်လောက်အထိ ခံရမယ်ဆိုတာ ကြိုတင် တွက်ဆလို့ရပါတယ်။ တကမ္ဘာလုံးမှာလည်း ကူညီနိုင်လောက်တဲ့ အရင်းအမြစ်တွေ ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဝိုင်းဝန်း ကူညီကြမယ်ဆိုရင် ပြေလည်သွားနိုင်ပါတယ်။

ဒါကြောင့် ကောက်ချက်ဆွဲရမှာက မိုးခေါင်မှုဒဏ်ကြောင့် ချည်းပဲ ငတ်မွတ်ခေါင်းပါးရတာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင် နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့မူဝါဒတွေကြောင့်လည်း ဒီလို ခံစားနေတာ
ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကို ဖန်တီးနေတဲ့ အုပ်စုတွေမှာလည်း တာဝန်ရှိပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့မှာ အာဖရိက သမဂ္ဂစုံညီ အစည်းအဝေး ပြုလုပ်ပြီး အာဖရိက ဦးချိုဒေသမှာအာဖရိက ဆိုမာလီနိုင်ငံတွင် ဖြစ်ပွားနေသော ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ကျွန်ုပ်တို့ တစ်ဦးချင်း တစ်ယောက်ချင်းရော အစုအဖွဲ့လိုက်ရော ဘယ်လို ကူညီဖြေရှင်းပေးနိုင်မည်လဲ။ ယနေ့ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အငတ်ပြဿနာအဖြစ် မှတ်တမ်း ဝင်နေပါတယ်။

၂၀၁၀ အောက်တိုဘာလကနေစပြီးတော့ မိုးခေါင်နေလိုက်တာ ဆိုမာလီယာမှာ အသက် ၅ နှစ်အောက် ကလေး ၂၉,၀၀၀ အပါ အဝင် လူပေါင်း သိန်းနဲ့ချီပြီး သေကြေပျက်စီးခဲ့ပါတယ်။ အနည်းဆုံး ယခုလာမည့် ဒီဇင်ဘာလအထိ အခြေအနေ ဆက်လက်ဆိုး ဝါးနေဦးမည်ဟု မျှော်လင့်ရပါတယ်။ အာဖရိက ဦချိုဒေသတွင်း လူဦးရေ ၁၂.၄ သန်းခန့်ကို ထိခိုက်စေမည်ဖြစ်သည်။ ဆိုမာလီယာ နိုင်ငံအတွင်းရှိ လူများသာမက ဂျီဘောက်တီ၊ အီသီယိုပီးယား၊ ကင်ညာနှင့် အခြားနိုင်ငံများကိုလည်း ထိခိုက်နိုင်ပါတယ်။

ကာလတာရှည်စွာ အကျပ်အတည်း ဆိုက်နေသည့်အတွက် သန်းပေါင်းများစွာ အိုးအိမ်များ၊ စားကျက်မြေများ၊ မွေးမြူရေးလုပ်ငန်း များကို စွန့်ခွာ ထွက်ပြေးလာကြရတယ်။ ပြည့်လျှံနေပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေဆီကို နေ့စဉ်ထောင်နဲ့ချီပြီးတော့ ရောက်လာ နေကြပါသေးတယ်။
ဒါပေမယ့် အငတ်ဘေးဟာ ဘယ်လောက်အထိ ခံရမယ်ဆိုတာ ကြိုတင်တွက်ဆလို့ ရပါတယ်။ တကမ္ဘာလုံးမှာလည်း ကူညီနိုင်လောက်တဲ့ အရင်းအမြစ်တွေ ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဝိုင်းဝန်း ကူညီကြမယ်ဆိုရင် ပြေလည်သွားနိုင်ပါတယ်။

ဒါကြောင့် ကောက်ချက်ဆွဲရမှာက မိုးခေါင်မှုဒဏ်ကြောင့်ချည်းပဲ ငတ်မွတ်ခေါင်းပါးရတာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင် နိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ မူဝါဒတွေကြောင့်လည်း ဒီလို ခံစားနေတာဖြစ်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကို ဖန်တီးနေတဲ့ အုပ်စုတွေမှာလည်း တာဝန်ရှိပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့မှာ အာဖရိက သမဂ္ဂစုံညီ အစည်းအဝေးပြုလုပ်ပြီး လေးနှစ် အာဖရိက ဦးချိုဒေသမှာ ရေရှည်စီမံကိန်းတစ်ခု ပြုလုပ်ဖို့အတွက် အာဖရိကန် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ကူညီထောက်ပံ့ငွေ ဒေါ်လာ သန်း ၃၀၀ အပါအဝင် ဒေါ်လာ သန်း ၃၈၀ ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အာဖရိက ခေါင်းဆောင်တွေက ဒေါ်လာ ၅၁ သန်းကူညီဖို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၁.၄ ဘီလီယံအထိ လိုတယ်လို့ NGO တွေက ပြောပါတယ်။

အခုအထိတော့ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာနဲ့ အီဂျစ်နိုင်ငံတွေ အပါအဝင် အာဖရိကသမဂ္ဂ ၅၄ နိုင်ငံထဲက ၂၁ နိုင်ငံက ရန်ပုံငွေ ဒေါ်လာသန်း ၂၀ မတည်ထားပါတယ်။ အချို့အာဖရိကနိုင်ငံတွေက ဒါထက်ပိုပြီး
ဦးဆောင်မှုပေးဖို့၊ လိုအပ်နေသေးတဲ့ ငွေကြေးကို ဖြည့်ဆည်း ပေးဖို့တောင်းဆိုနေကြပါတယ်။


ဥပမာအားဖြင့် ပြောရရင် အာဖရိက လူမှုအဖွဲ့အစည်း စည်းမျဉ်းအမှတ် ၄ အရ စီးပွားရေး အတိမ်အနက်
ပေါ်မူတည်ပြီး နိုင်ငံတွေဟာ အနည်းဆုံး ဒေါ်လာသန်း ၅၀ ပြည့်အောင် အချို့ က ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကလို စီးပွားရေး တောင့်တင်းတဲ့ နိုင်ငံတွေအနေနဲ့က အချိုးအစားပိုပြီးတော့ ထည့်ဝင်သင့်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အကူအညီလည်း လုံးဝကို လိုအပ်ပါတယ်။ ဒီအပတ်တွေ့ဆုံခဲ့ကြတဲ့ အာဖရိက
ခေါင်းဆောင်တွေကို ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး အာရှာ-ရို့စ်မီဂျီရိုက ယခု အငတ်ဘေး ပြဿနာမှသည် လူထုကျန်းမာရေး၊ လုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်သုဉ်းမည့် အရေးအထိ ကျယ်ပြန့်သွားနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ဝက်သက် အစရှိသည့် ရောဂါများ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကြပ်ညပ်နေသည့် ဒုက္ခသည်စခန်းများအတွင်း သောက်ရေသန့်၊ ဆေးဝါးနှင့် သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ လိုအပ်နေပါတယ်။ ထို့ပြင် အမျိုးသမီးများ အဓမ္မမ အပြုမခံရရေး၊ မိဘမဲ့ကလေးများ အထီးကျန်မှုနှင့် ကြောက်ရွံ့မှုများ မရှိစေရေးအတွက် ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန်ကြီးများလည်း ရှိသေးသည်။ ဒုက္ခသည် စခန်းများသို့ ခရီးကြမ်းများကို လမ်းလျှောက်လာရသည့် ဒုက္ခသည်များအတွက် လက်နက်ကိုင် အုပ်စုများ၏ အန္တရာယ်ပေးမည့် အရေးမှ ကာကွယ်ပေးရန်လည်း တာဝန်ရှိနေပါတယ်။

လယ်သမားများနှင့် မွေးမြူရေး သမားများလည်း ၎င်းတို့၏ လုပ်ငန်းများ
ပြန်လည် ထူထောင်နိုင်ရန် လိုအပ်နေပါတယ်။ ယင်းသို့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ ဆိုမာလီ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းသော အခြေအနေ တစ်ရပ်နှင့် တည်ငြိမ်သော အစိုးရတစ်ရပ် လည်းရှိရန် လိုအပ်ပါတယ်။ ဆိုမာလီတွင် ဆယ်စုနှစ် နှစ်စုကျော်ကြာ တည်ငြိမ်သော အစိုးရနှင့် တည်ငြိမ်အေးချမ်းသော အခြေအနေများမရှိခဲ့ပေ။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့နှင့် ဒုက္ခသည်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့ကြီးတို့မှ ကူညီရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းများမှ အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။

အဖွဲ့အစည်း ကြီးများဖြစ်သော Oxfam International, Save the Children, နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ဂရုဏာအဖွဲ့ စသည့်အဖွဲ့များကလည်း အကူအညီများ ပေးလျက်ရှိသည်။ USAID မှလည်း ကူညီနေပါတယ်။

အခုအချိန်ဟာ နောက်မကျသေးပါဘူး။ အာဖရိက ဦးချိုဒေသမှာ ငတ်မွတ်နေတဲ့၊ ကျန်းမာရေး ချို့တဲ့နေတဲ့ မိသားစုတွေ ၊ မိခင်တွေ ၊ ကလေးတွေအတွက် အသက်ကယ် လှူဒါန်းမှုများ ယခုပင်လုပ်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ဒေါ်လာအနည်းငယ်မျှ လှူဒါန်းရုံနဲ့ ဆာလောင်မွတ်သိပ်ပြီး အာဟာရ ချို့တဲ့နေတဲ့ ကလေးငယ် တစ်ဦးအတွက် အားဖြည့် အရည်များနဲ့ ဗီတာမင် အပြည့်ပါတဲ့ မြေပဲထောပတ်တို့လို အစားအသောက်မျိုးတွေ ကျွေးမွေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျောရောဂါ ၊ ဝက်သက်ရောဂါတို့အတွက် ကာကွယ်ဆေးများ လှူဒါန်းနိုင်ပါတယ်။
အာဖရိက ဦးချိုဒေသက မျိုးဆက်သစ် ကလေးငယ်များကို ကယ်တင်ခြင်းအားဖြင့် သူတို့ အသက်မွေးမှု လုပ်ငန်းတွေ၊ သူတို့အနာဂတ်တွေ၊ တည်ငြိမ်အေးချမ်းမှုတွေကို သူတို့ပြန်လည် တည်ဆောက်နိုင်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သူတွေဖြစ်လာမှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် စူပါမော်ဒယ် အီမန်၏ Saving the Children in the Horn of Africa ဆောင်းပါးကို ဘာသာပြန်ဆိုသည်။

အီမန်သည် Save the Children အဖွဲ့ကြီး၏ သံတမန်အဖြစ်၎င်း၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖြစ်၎င်း ဆောင်ရွက်လျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။