Friday, September 9, 2011

၉/၁၁ နှစ်ပတ်လည်နေ့ ခြိမ်းခြောက်မှုဖြစ်ပွား


၉/၁၁ နှစ်ပတ်လည်နေ့အဖြစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ
ပြုလုပ်ခံရမည်ဟု ခြိမ်းခြောက် မှုများရှိနေကြောင်း အမေရိကန် တာဝန်ရှိသူများက သတိပေး
ပြောကြားလိုက်သည်။

“ဖြစ်လာမယ်လို့ ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်ပြီးတော့ အတည်ပြုလို့တော့ မရသေးပါဘူး။” ဟု နိုင်ငံတော်လုံခြုံရေး ဌာနက ကြာသပတေးနေ့က ပြောကြားခဲ့သည်။
“ခြိမ်းခြောက်လာမှုတွေ မှန်သမျှ ဖြေရှင်းသွားဖို့ ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်သွားမှာပါ။”

လွှတ်တော်မှလာသော သတင်းအရ သံသယရှိသူ နှစ်ဦး သို့မဟုတ် သုံးဦးကို လိုက်လံရှာဖွေနေကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့သည်။

၂၀၀၁ စက်တင်ဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော နယူးယောက်နှင့် ဝါရှင်တန်ဒီစီမြို့များ ယခု တစ်ဖန်ခြိမ်းခြောက်ခံရသည့် စာရင်းတွင်ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း အကြမ်းဖက်မှုပြန်လည်တိုက်ဖျက်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြား ထားကြောင်း အိမ်ဖြူတော်မှ အတည်ပြုပြောကြားလိုက်သည်။
နယူးယောာက် မြို့သူမြို့သားများ လုံခြုံရေးအတွက် မြို့တော်တစ်ခွင်တွင် လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းထားကြောင်း မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်ဂ်ျက သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

“ခြိမ်းခြောက်မှုတိုင်းကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေ မှာ သတိဝီရိယနဲ့ နိုးနိုးကြားကြား နေကြဖို့ မြို့သူမြို့သားတွေကို တိုက်တွန်းထားပါတယ်။”
“ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ပုံမှန် သွားလာလုပ်ကိုင် နေတာတွေကတော့ ဒီလိုပဲရှိနေမှာပါ။”

နယူးယောက်မြို့တွင် ကား သို့မဟုတ် ထရပ်ကားဖြင့် ဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အာဏာပိုင်များက သတိပေး ထားကြောင်း အယ်လ်ဂျာဇီယာ သတင်းထောက် ကက်သ်တာနာက နယူးယောက်မြို့မှ သတင်းပေးပို့ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။