Friday, September 2, 2011

ပါကစ္စတန် ယောင်္ကျားလေး ၃၀ ကျော် တာလီဘန် ပြန်ပေးဆွဲ


ပါကစ္စတန်အနောက်မြောက်ဘက် ဥပဒေ စိုးမိုးမှု ကင်းမဲ့နေသော အာဖဂန်နစ္စတန်နှင့် နယ်စပ်ကို အမှတ်မထင် ကျော်ဖြတ်မိသော ပါကစ္စတန် ယောင်္ကျားလေး အယောက် ၃၀ ကျော်ကို တာလီဘန်တို့ ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကြာသပတေးနေ့က မွတ်စလင် ဘာသာရေး အားလပ်ရက်ဖြစ်သော အစ်ပွဲတော်နေ့တွင် အသက် ၁၂ နှစ်နှင့် ၁၈ ကြား ယောင်္ကျားလေး အုပ်စုတစ်စု ပါကစ္စတန် ဘာဂျား တိုင်းရင်းသား ဒေသရှိ ဂါကီသို့ ပျော်ပွဲစားထွက်ရာ အာဖဂန်နယ်စပ်ကို ဖြတ်ကူးမိ သဖြင့် တာလီဘန်တို့က ဆွဲသွားခြင်းဖြစ်သည်။

“ဒီချာတိတ်တွေက မရည်ရွယ်ပဲ အစ်ပွဲတော် ဒုတိယနေ့မှာ ပျော်ပွဲစားထွက်ရင်း အာဖဂန်နယ်ထဲကို ဖြတ်ကူးမိပြီးတော့ တာလီဘန်တွေနဲ့ တွေ့သွားတာဖြစ်ပါတယ်။” ဟု ဒေသ အုပ်ချုပ်ရေး အကြီးတန်းအရာရှိ ဆိုင်းယက်နာဆင် က AFP သတင်းဌာနကို ပြောပြခဲ့သည်။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်နှင့် ကီလိုမီတာ ၂,၄၀၀ နယ်နိမိတ်ထိစပ်လျက်ရှိပြီး ယင်းနယ်နမိတစ်လျှောက် တာလီဘန်တို့ ခိုအောင်းလျက်ရှိသည်ဟု ယူဆရသည်။

အခြားအရာရှိတစ်ဦးက နယ်စပ်မျဉ်းတစ်လျောက် လုံခြုံရေးလျော့ရဲကြောင်းပြောဆိုသည်။
“နယ်စပ်မျဉ်းတစ်လျှောက်မှာ နေရာတိုင်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားခြင်းမရှိပါဘူး။” ဟု ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။