Monday, September 26, 2011

မြောက်ကိုရီးယားကိုးဦးကို ဂျပန်ယာယီလက်ခံထား

 မြောက်ကိုရီးယားကိုးဦးကို ဂျပန်ကမ်းခြေစောင့်တပ်မှ ဆယ်ယူနေစဉ်

ဂျပန်အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်အတွင်း သစ်သားလှေတစ်စီးပေါ်မှာ တောင်ကိုရီးယားကထွက်ပြေးလာတဲ့သူတွေလို့ ယူဆရတဲ့လူ ကိုးဦးကို ခေတ္တခိုလှုံခွင့်ပေးထားတယ် လို့ ဂျပန်တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီကိုးဦးမှာ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးနဲ့ ၊ ကလေးငယ်ယောင်္ကျားလေး ၃ ဦးတို့ဖြစ်ပါတယ်။ သူတို့ကို ဂျပန်မြေပေါ်ကမ်းကပ်ခွင့်ပေးခဲ့ပြီး ဗုဒ္ဓဟူးနေ့က လူဝင်မှုကြီးကြပ်ရေးကို လေယာဉ်ပျံနဲ့ခေါ်ဆောင်သွားခဲ့ပြီး သူတို့တောင်းဆိုထားတဲ့ တောင်ကိုရီးယားကို တစ်ဆင့်ပို့ဆောင်ပေး ရေးတောင်းဆိုချက်ကို စဉ်းစားပေးနေပါတယ်။ ဝန်ကြီးများရုံးအထွေထွေအတွင်းရေမှူးချုပ် အိုဆာမူဖူဂျီမာရူက သူတို့တောင်းဆို ချက်ကို ဂျပန်အစိုးရက လိုက်လျောပေးနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။