Monday, September 5, 2011

NGO အရှုပ်တော်ပုံများနှင့် ဆိုမာလီအငတ်ပြဿနာ


နိုင်ငံတကာ ဆေးဝါး ကူညီထောက်ပံမှု အသင်းခေါင်းဆောင် တစ်ဦးက အကူအညီပေးရေး အဖွဲ့များအား အထင်အမြင်မှားစေသော ဆိုမားလီယား အငတ်ဘေးဆိုက် ပြည်သူများ၏ ဓာတ်ပုံများအား တင်ပြခွင့် မပြုရန် တောင်းဆိုခဲ့ပြီး ဆိုမာလီရှိ အငတ်ဘေးဆိုက် ပြည်သူများအား ဆက်ကူညီရန် ဖြစ်နိုင်ဖွယ် နည်းကြောင်း ဝန်ခံသွားခဲ့သည်။

ယခင်အပတ်က ဆိုမာလီယာမှ ပြန်လာသော နိုင်ငံတကာ ဆေးဝါးကူညီမှု အဖွဲ့တစ်ဖွဲ့ Médecins Sans Frontières (MSF) မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ အန်နီ ကာရူနာကာရာက "အာဖရိက အရှေ့ ဘက် တလျှောက်လုံး နာတာရှည် အဟာရ ပြတ်လပ်မှုတွေနှင့် မိုးခေါင်ရေရှားမှုတွေ ရှိနေခဲ့ပါတယ်။ ဆိုမာလီယာ အတွင်းပိုင်း စစ်ဘေးသင့် နေရာတွေထိ ခက်ခက်ခဲခဲ ကူညီခွင့်တွေ ရခဲ့ပါတယ်။

ဓာတ်ပုံတွေထဲက နေရာတွေက ဆင်းရဲငတ်ပြတ်မှုတွေဟာ အကြီးအကျယ် စိတ်မကောင်းဖြစ်စေပါတယ်။ ဆက်လက်ပြီး သူက အချို့  အကူအညီပေးရေး အဖွဲ့များကို ပြစ်တင် ဝေဖန်သွားခဲ့ပြီး "ဒါတွေကို ယုံကြည် လက်ခံသူတွေကတော့ အစားအစာတွေ အတွက် ပိုက်ဆံပေးလိုက်တာဟာ အဖြေတစ်ခုဖြစ်ပါတယ်။" ဟု ပြောကြားသွားခဲ့သည်။

ကာရူနာကာရာ၏ ပြောကြားချက်အရ "အဖွဲ့အသီးသီးဟာ ကင်ညာနဲ့ အီသီရိုးပီးယားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက သန်ပေါင်းများစွာသော ဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီတွေနဲ့ အဟာရ စောင့်ရှောက်မှုတွေ ကူညီနိုင်ခွင့်ရှိခဲ့ပါတယ်။ အဲဒီ အကူအညီ တွေကိုလည်း ဆိုမာလီယာက ဒုက္ခသည်တွေ ရရှိခဲ့ပါတယ်။ တကယ့်အဓိက နေရာကို ရောက်ဖို့ကျတော့ အလွန်းခက်ခဲ ကြမ်းတမ်းလှပါတယ် အဲဒါတွေအတွက် နည်းလမ်းတွေကိုလည်း ရရှိဖို့ ကြိုးစားနေကြပါတယ်။

ကျွန်တော်တို့တွေ အတယ့် ဒုက္ခရောက်နေတဲ့ နေရာကို ရောက်ရှိနိုင်ဖို့ ဒုက္ခသည်တွေနဲ့ အနီးကပ် နေနိုင်ဖို့ လိုအပ်ပါတယ်။" ဟုပြောကြားသွားခဲ့သည်။

ကာရူနာကာရာက " ဒီငတ်ပြတ်မှုကို ကူညီဖို့က ဆူးကြားက ဘူးခါးနှိုက်ရသလိုပါပဲ။ နှစ် ၆၀ အတွင်းမှာ အဆိုးဆုံးဖြစ်ပြီး ဒီအတွက်ဖြေရှင်းဖို့တော့ ရှင်းရှင်းလေးပါ ပိုက်ဆံတွေ ရှာပြီး လုံလောက်တဲ့ အစားအစာတွေ ပို့ပေးရုံပါပဲ။" ဟု ပြောကြားသွားခဲ့သည်။

"မိုကာဒီရှူမြို့ ဟာ သစ်ရွက် ကိုင်းစတွေနဲ့ ထောက်ထားတဲ့ ပလက်စတစ်ပြားတွေနဲ့ ပြည့်နေပါတယ်။ အားနည်းနေပြီး ငတ်ပြတ်နေတဲ့ လူတစ်စုရဲ့  အဆောက်အအုံလေးတွေပေါ့။ သူတို့ဟာ ဆိုမာလီယာ တောင်ဖက်နဲ့ အလယ်ပိုင်း တကယ့် အဆိုးဆုံးနေရာတွေကနေ လမ်းလျှောက်လာရတာပါ။ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းမကြီးတစ်ယောက်ဆို သူ့အိမ်ကို သူ့ခင်ပွန်းနဲ့ထားခဲ့ပြီး သူ့ကလေး ၇ယောက်နဲ့ ဒီ မိုကာဒီရှူမြို့ ကို လမ်းလျှောက်လာခဲ့ရတာပါ။ ဒီမြို့ ကို ရောက်ပြီး ၅ရက်လောက် အကြာမှာတော့ သူ့သားသမီး ၄ယောက်ပဲ ကျန်တော့ကြောင်း ပြောပြပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ သူတွေ၊ အစားအစာ မရတဲ့ သူတွေဆီကို ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ငန်းတွေ ချဲ့ထွင်ဖို့၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့  ချထားရေးတွေအတွက် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ MSF ကြောင့် အခက်အခဲတွေကြုံရပါတယ်။

ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေလည်း သေနတ်နဲ့ အပစ်ခံရတယ်။ လူတွေကိုယ်တိုင်ဖန်တီးတဲ့ အခက်အခဲတွေကြောင့် အဲဒီမှာ ငတ်ပြတ်မွတ်သိပ်နေတာတွေ ပိုပြီးဆိုးဝါးလာနေတယ် ဆိုရင်တော့ အခက်အခဲက ပြေလည်သွားမှာ မဟုတ်ပါဘူး။ အခက်အခဲတွေ ပြေလည်စေဖို့အတွက် ဖြေရှင်းရာမှာ အကူအညီပေးရေး အဖွဲ့တွေ ကိုယ်တိုင်ကိုယ်က အဟန့်အတားတွေ ဖြစ်နေတယ်။

MSF ဟာ ဆိုမာလီယာမှာ အလုပ်လုပ်နေတာ နှစ် ၂၀ ရှိပြီ။ ကျွန်တော်တို့ ကပြင်းပြင်းထန်ထန်နဲ့ ကြိုးစားပြီး လုပ်မယ်ဆိုရင်လည်း အခြားအဖွဲ့တွေက လုပ်မှာ မဟုတ်တော့ဘူး။ လက်တွေ့မှာ ဆိုးဆိုးဝါးဝါးကို ခက်ခဲနေပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေပါတယ်။ ” ဟု ပြောကြားသွားခဲ့သည်။

Source: Ajazeeera



0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။