Tuesday, October 4, 2011

လေးနှစ်ကြာထောင်ဒဏ်ခံခဲ့ရပြီးနောက် အပြစ်မရှိကြောင်းတွေ့ရှိ

ရုံးတော်တွင်တွေ့ရသော အာမန်ဒါကွန့်စ်

၂၀၀၇ ခုနှစ်အတွင်းက အသက် ၂၁ အရွယ်ရှိဗြိတိန်နိုင်ငံသား မာရီဒစ်ကာချာကို သတ်မှုဖြင့် အာမန်ဒါကွန့်စ်နှင့် သူမ၏အပေါင်း အပါ ရာဖယ်လီဆိုလက်စီတို့ကို လေးနှစ်ခန့်ထောင်တွင်း အကျဉ်းချခံထားရပြီးနောက် အပြစ်မရှိကြောင်း အီတလီအယူခံတရားရုံး တစ်ရုံးမှ ဆုံးဖြတ်ပြီး တရားသေပြန်လည်လွှတ်ပေးခဲ့သည်။ သေဆုံးသူမှာ သူမနှင့် အခန်းဖေါ်ဖြစ်သည်။

တနင်္လာနေ့က တရားသူကြီးမှ ၂၀၀၉ ခုနှစ် ပြစ်မှုဆိုင်ရာစီရင်ချက်ကို ပြန်လည်ဖတ်ကြားခဲ့သည်။ ကာချာ၏ မိသားစုများသည် ဂျူရီလူကြီးရှစ်ဦးပါဝင်သော အဖွဲ့၏ ၁၁ နာရီကြာ စဉ်းစားဆုံးဖြတ်ပြီးနောက် တရားသူကြီးက ဖတ်ကြားပြသော ဆုံးဖြတ်ချက်ကို တင်းမာသောမျက်နှာထားများဖြင့် နားထောင်ခဲ့ကြသည်။ ကွန့်စ်ကိုယ်တိုင်လည်း မျက်ရည်ကျခဲ့လေသည်။

တရားရုံးအပြင်ဘက်တွင်မူ လာရောက်နားထောင်သူ ရာနှင့်ချီသော လူစုက “ရှက်ဖွယ်လိလိပဲ။” ဟု အော်ဟစ်ကြွေးကြော်နေခဲ့ ကြသည်။ တရားရုံးတွင်း၌လည်း လွန်ခဲ့သောလေးနှစ်အတွင်း အမေရိကန်နိုင်ငံ ဆီယက်တယ်မှ အီတလီရှိ ပီရူးဂျီယာသို့ အခေါက်ခေါက်အခါခါလာရောက်ကာ သူတို့၏ သမီးကိုလာရောက်တွေ့ဆုံနေခဲ့ကြရသော ကွန့်စ်၏ မိဘများသည် သူတို့၏ ရှေ့နေ များကို ပွေ့ဖက်ယမ်းကာ ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြလေသည်။
“ဒီအချိန်ကိုရောက်ဖို့အတွက် လေးနှစ်လုံးလုံးစောင့်ဆိုင်းခဲ့ရတာဗျာ။” ဟု ဆိုလက်စီတို၏ ရှေ့နေတစ်ဦးဖြစ်သူ ဂူလီယာ ဘွန်ဂျော်နိုက ပြောသည်။

သူတို့တွင် အပြစ်မရှိကြောင်း တရာရုံးမှ ကြေငြာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနုလန်းက “အီတလီ တရားရေးစံနစ်ရဲ့ စံနစ်တကျနဲ့ အသေအချာစဉ်းစားဆုံးဖြတ်မှုအတွက် အမေရိကန်က ကျေးဇူးဥပသကာရ တင်ရှိပါကြောင်း” ပြောဆိုခဲ့လေသည်။ ထို့နောက် သူမကဆက်လက်၍ အီတလီရှိအမေရိကန်သံရုံးမှ ကွန့်စ်နှင့်မိသားစုအတွက် သင့်လျော်သော ဆွေးနွေးအားပေးနှစ်သိမ့်မှု အစီအစဉ်များဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

လူသတ်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုတို့တွင် ကွန့်စ်၌ အပြစ်မရှိကြောင်းထင်ရှားသော်လည်း ဘားဆိုင်ပိုင်ရှင် ဒိုင်ယာပက်ထရစ်လူမန်ဘာ အား လူသတ်မှုဖြင့် မတရားစွပ်စွဲခဲ့သည့်အတွက် အသရေဖျက်မှုမြောက်နေသည်။ ယင်းအမှုအတွက် ကွန့်စ်ကို တရားသူကြီးက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။ ကွန့်စ်သည်ထောင်တွင်း၌ လေးနှစ်နေထိုင်ခဲ့ရပြီး ဖြစ်သည်။ ကွန့်သည် ၂၀၀၇ နိုင်ဝင်ဘာ ၆ ရက်နေ့မှစ၍ ထောင်ကျနေခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် စစ်ပွဲတစ်ပွဲတော့ မဟုတ်ပါဘူး။” ဟု ကွန့်စ်၏ရှေ့နေဖြစ်သူ လူစီယာနို ဂါဂါးက ပြောသည်။ တရားရုံးရှေ့နေ ဂူလီယာနိုမစ်နီနီက အယူခံဆုံးဖြတ်ချက်ကို ဗဟိုရုံးအထိတင်ကာ အမှုကိုကျိန်းသေအောင် ပိတ်သွား မည်ဖြစ်ကြောင်း ဆိုသည်။

နောက်ဆုံးအယူခံစီရင်ချက်ချမှတ်လျင် မျက်ကွယ်တွင်သာ ချမှတ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်အနေ နှင့် သူ၏ နိုင်ငံသားများကို အခြားနိုင်ငံတရားရုံးများသို့ ရင်ဆိုင်တက်ရောက်ရန် စေလွှတ်လေ့မရှိသောကြောင့်ဖြစ်သည်။

ပထမစီရင်ချက်မှာ ကွန့်စ်ကို ၂၆ နှစ်၊ သူမ၏ ရည်းစားဟောင်း ဆိုလက်စီတိုကို ၂၅ နှစ် အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။ ကာချာ သည် အသတ်ခံခဲ့ရစဉ်က အသက် ၂၁ နှစ်ရှိပြီး ကိုယ်တစ်ပိုင်းဗလာကျင်းကာ ကွန့်စ်နှင့် အတူနေထိုင်သော အခန်းတွင်းကြမ်းပြင် ပေါ်တွင်သွေးအိုင်ထဲ၌ အသက်ပျောက်နေခဲ့ခြင်းဖြစ်သည်။ သူမ၏ ကိုယ်ခန္ဓာတွင် ဓါးရာများနှင့် ပြတ်ရှရာများတွေ့ရှိရပြီး လိင်ပိုင်း ဆိုင်ရာ စော်ကားထားမှုလည်းတွေ့ရှိခဲ့ရသည်။

မြို့ခံရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့သောနှစ်အတွင်းက ကွန့်စ်နှင့် အင်တာဗျူးမေးမြန်းကာ စာအုပ်ထုတ်ဝေခဲ့သော ရော့ကိုဂါလန်ဒါ က အင်္ဂါနေ့တွင် လေယာဉ်ဖြင့် အမေရိကန်သို့ကွန့်စ်ပြန်တော့မည်ဖြစ်ကြောင်း သတင်းထောက်များကိုဖြေကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။