Wednesday, October 12, 2011

အစ္စရေးလ်-ပါလက်စတိုင်း အကျဉ်းသားလဲလှယ်ရေး သဘောတူ

အစ္စရေးလ်စစ်သား ဂါလက်ရှာလစ်

ပါလက်စတိုင်းနှင့် အစ္စရေးလ်တို့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ် ကြေငြာပြီးနောက် ဂါဇာနှင့်ဂျေရုစလင်တွင် အောင်ပွဲခံ နေကြလေသည်။
ပါလက်စတိုင်းက ဖမ်းထားသော အစ္စရေးလ်စစ်သားတစ်ဦးနှင့် အစ္စရေးလ်အကျဉ်းထောင်များအတွင်းရှိပါလက်စတိုင်း အကျဉ်း သား ၁၀၀၀ ကျော်ကို လဲလှယ်မည်ဖြစ်သည်။ အင်္ဂနေ့ကြေငြာချက်အရ အစ္စရေးလ်စစ်သား ဂါလက်ရှာလစ်ကို ငါးနှစ်ကြာဖမ်းဆီး ထားပြီးနောက် ပြန်လည်လွှတ်ပေးမည်ဖြစ်သည်။
ရှာလစ်ကို ဟားမားစ်အဖွဲ့က ၂၀၀၆ ခုနှစ်အတွင်းက ဂါဇာနယ်စပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်းပြန်လည်လွတ် မြောက်လာတော့မည်ဟု အစ္စရေးလ်ကပြောကြားခဲ့သည်။ လွန်ခဲ့သောညက အစ္စရေးလ်ဝန်ကြီးအဖွဲ့ အစည်းအဝေးထိုင်ခဲ့ပြီး အကျဉ်းသားလဲလှယ်ရေးအစီအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆ မဲ၊ ကန့်ကွက်မဲ ၃ မဲဖြင့် သဘောတူညီခဲ့ကြသည်။
ဟားမားခေါင်းဆောင် ခါလက်မာရှားလ်ဆီးရီးယားနိုင်ငံ ဒမားစကတ်မြို့မှနေ၍ ရုပ်မြင်သံကြားမှတစ်ဆင့် အစ္စရေးလ်အကျဉ်း ထောင်များအတွင်းရှိ ပါလက်စတိုင်းအကျဉ်းသား ၁,၀၂၇ ဦးပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
`ကျွန်တော်တို့အတွက် ဂုဏ်ယူသင့်တဲ့ အမျိုးသားအောင်ပွဲတစ်ခုပါ။`ဟု ဆိုသည်။
ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ဂါဇာရှိ ဒုက္ခသည်စခန်း ဂျာဘာလီယာ လမ်းများပေါ်တွင် အောင်ပွဲခံလူစုများ သေနတ်များ ပစ်ဖေါက်ခြင်း၊ ကားဟွန်းများတီးခြင်းဖြင့် အောင်ပွဲခံခဲ့ကြသည်။ ယင်းအကြောင်းကို အယ်လ်ဂျာဇီယာသတင်းထောက် နစ်ကိုးလ် ဂျွန်စတန်က တင်ပြထားသည်။
`ဂါဇာကို သိမ်းပိုက်ထားတာ ဟားမားစ်အဖွဲ့ရွေးကောက်ပွဲမှာနိုင်ပြီး ဂါလက်ရှာလစ်ကို ဖမ်းထားပြီးနောက်ပိုင်း စတင်ခဲ့ တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။` နစ်ကိုးလ်က ပြောကြားခဲ့သည်။
`ဂါလက်ရှာလစ်ကို ငါးနှစ်တာဖမ်းဆီးထားတာဟာ ဂါဇာမှာရှိတဲ့လူတွေအတွက် အလွန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုထမ်းထားရသလိုပါပဲ။ ဒီအတွက် ဂါဇာကနေအပြင်ထွက်လို့မရဘူး၊ သွင်းကုန်ထုတ်ကုန်တွေကို တင်းတင်းကြပ်ကြပ်ချုပ် ကိုင်ထားတယ်၊ အထဲကိုလည်း တစ်ခုခုဝင်ဖို့ အင်မတန်ခက်ခဲလှပါတယ်။`ဟု နစ်ကိုးလ်က သုံးသပ်ပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။