Monday, October 17, 2011

ဆိုမာလီနယ်စပ်ရှိ အယ်လ်ရှာဘတ်သူပုန်များကို ကင်ညာထိုးစစ်ဆင်


ကင်ညာစစ်တပ်သည် ဆိုမာလီယာနယ်စပ်၌ အခြေချထားသောအယ်လ်ရှာဘက် သူပုန်စခန်းနှစ်ခုကို ဆိုမာလီတပ် နှင့် ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မောင်းထုတ်ခဲ့ကြောင်း ဆိုမာလီစစ်တပ် ဗိုလ်မှူးတစ်ဦးပြောသည်။
နိုင်ငံခြားသားများကို မကြာခဏပြန်ပေးဆွဲမှုများနှင့်ပတ်သက်၍ တာဝန်ရှိသောအယလ်ရှာဘတ်သူပုန်များကို လိုက်လံရှာဖွေချေမှုန်းသွားမည်ဟု ကင်ညာကဆိုသည်။
ဆိုမာလီတောင်ပိုင်းရှိ သူပုန်စခန်းနှစ်ခုကို တိုက်လေယာဉ်နှစ်စင်းက တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်ကင်ညာတိုက် လေယာဉ်များဟုတ်သည် မဟုတ်သည်ကို အတိအကျမသိရကြောင်း ဆိုမာလီယာစစ်တပ် ဗိုလ်မှူးအဘ္ဘဒီယူဆွတ်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
`မနေ့ကနဲ့ ဒီနေ့တွေမှာ အက်ဖ်မာဒိုးအနီးက အယ်လ်ရှာဘတ်သူပုန်စခန်းတွေကို လေကြောင်းကနေတိုက် ခိုက်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့လည်း အခုအဲဒီကို ဦးတည်ပြီးသွားနေပါတယ်။ အယ်လ်ရှာဘတ်တွေတော့ မြို့ ထဲကနေထွက်သွားကြပါပြီ။´ ဟု ဆိုသည်။

ဆိုမာလီတပ်များလည်းအယ်လ်ရှာဘတ်တို့ကို တိုက်ခိုက်ချေမှုန်းရန် နိုင်ငံတောင်ပိုင်းသို့ချီတက်သွားပြီဖြစ်ကြောင်း ကင်ညာအစိုးရပြောရေးဆိုခွင့်ရှိသူ အဲလ်ဖရက်မူတူးက ဆိုသည်။

အယ်ရှာဘတ်သူပုန်တို့ကလည်း ဆိုမာလီပြည်သူများအား လမ်းပေါ်ထွက်ဆန္ဒပြကြရန်နှင့် ကင်ညာစစ်တပ်များအား ပြန်လည်တိုက်ခိုက်ရန် နှိုးဆော်ခဲ့သည်။
`ကင်ညာက ဆိုမာလီနယ်မြေထဲကိုကျူးကျော်ပြီးတော့ ၀င်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေအောင် မြင်မှာမဟုတ်ပါဘူး။ ဘုရားသခင်က အလိုတော်မရှိပါဘူး။´ ဟု အယ်လ်ရှာဘတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ရှိတ် ဟာဆန်တာကီက ပြောသည်။
`မူဂျာဟစ်ဒင်တိုက်ခိုက်ရေးသမားတွေရဲ့ ကျည်ဆန်တွေကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ကြည့်ရပါမယ်။´

ဆက်လက်၍ တာကီက ဆိုမာလီပြည်သူများညီညွတ်ကြရန်နှင့် သွေးဆာနေသော ရန်သူများက မိမိတို့နိုင်ငံတွင်းသို့ ၀င်ရောက်လာနေပြီး ဆိုမာလီစစ်တပ်ကလည်း အကူအညီပေးနေကြောင်း ဆိုသည်။

ကင်ညာနှင့်ဆိုမာလီနယ်စပ်တွင် ကင်ညာစစ်တပ်မှ စစ်သည်အင်အားများပြားစွာဖြင့် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင် နေကြောင်း ၊ စစ်သားများ လော်ရီကားများဖြင့် အပြည့်ရောက်လာကြပြီး နယ်စပ်သို့ ဦးတည်ချီတက်နေကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ကင်ညာပြည်ထဲရေးဝန်ကြီး ဂျော့ဆိုင်တော့တီက အယ်လ်ရှာဘတ်တို့ကို ရန်သူများဟု သမုတ်လိုက်ပြီး
တွေ့ရာသဂြိုင်္င်းဓါးမဆိုင်းဟု ကြိမ်းဝါးလိုက်ပြီးနောက်နေ့တွင်ပင် ယင်းသို့ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ရှာဘတ် သို့မဟုတ် လူငယ်အဖွဲ့ဟု အမည်ရသော ယင်းမွတ်စလင်သူပုန်အဖွဲ့သည် ဆိုမာလီအသွင်ကူး ပြောင်းရေးအစိုးရကို ဖြုတ်ချပြီး ရှီးအိုက်အစိုးရကို တင်မြှောက်ရန်ရည်ရွယ်၍ပုန်ကန်နေသော အဖွဲ့ဖြစ်သည်။
စနေနေ့က ကုလသမဂ္ဂတပ်များနှင့်ဆိုမာလီပူးပေါင်းတပ်များက ကင်ညာနယ်စပ်ရှိ အောက်ဘက်ဂျူဘားဒေသ အယ်လ်ရှာဘတ်ထိန်းချုပ် ခိုခါနီမြို့ကို တိုက်ခိုက်ခဲ့သည်။
လွန်ခဲ့သောလကကင်ညာကမ်းခြေအပန်းဖြေစခန်းမှ ဗြိတိန်အမျိုးသမီးတစ်ဦးနှင့် ပြင်သစ်အမျိုးသမီးတစ်ဦးတို့ကိုဖမ်း ဆီးပြန်ပေးဆွဲခံခဲ့ရသည်။ လွန်ခဲ့သောကြာသပတေးနေ့ကလည်း နယ်စည်းမခြားဆေးဝါးအဖွဲ့ မှစပိန်အမျိုးသမီးနှစ် ဦး ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်တွင် အယ်လ်ရှာဘတ်သူပုန်များလက်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။