Tuesday, October 18, 2011

လစ်ဗျား ဘန်နီဝါလစ်ကို အတိုက်အခံသိမ်းပိုက်




လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ၏ နောက်ဆုံးခြေကုပ်မြို့ဖြစ်သော ဘန်နီဝါလစ်မြို့ကို အတိုက်အခံလစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ(NTC) တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ဘန်နီဝါလစ်မြို့သည် မြို့တော်ထရီပိုလီမှ ကီလိုမီတာ ၁၇၀ အကွာတွင် တည်ရှိပြီး တနင်္လာနေ့ကမြို့သိမ်းတိုက်ပွဲ တွင် ခုခံတိုက်ခိုက်မှုအနည်းငယ်မျှတွေ့ကြုံရကြောင်း တနင်္လာနေ့က NTC ဗိုလ်မှူးတစ်ဦးကဆိုသည်။ သို့သော် ၉၅ ရာခိုင်နှုန်းခန့်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ဆိုသည်။
`ကျွန်တော်တို့ ဘန်နီဝါလစ်မြို့ထဲကို အတော်ရောက်နေပါပြီ။ လွန်ခဲ့တဲ့တစ်နာရီလောက်ကမှ သူတို့တွေ ရဲ့တိုက်ခိုက်ရေးသမားတွေကို ဒီနေရာကိုချီတက်လာကြတာပါ။ တမြို့လုံးနီးပါးသိမ်းပိုက်ပြီးသွားပြီလို့ သူတို့က ပြောပါတယ်။´ ဟု အယ်လ်ဂျာဇီယာသတင်းထောက် တိုနီဘရစ်တလီက ဘန်နီဝါလစ်မြို့တွင်းမှ သတင်းပေးပို့ခဲ့ လေသည်။

`ကဒါဖီသစ္စာခံတွေရဲ့ ခုခံတိုက်ခိုက်မှု အနည်းငယ်တွေ့ရပေမယ့် မြို့ရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကတော့ NTC တပ်တွေထိန်းချုပ်ထားပါပြီ။ `ဟု တိုနီက သတင်းပေးပို့ခဲ့ပြီး လွန်ခဲ့သောသုံးရက်က လက်နက်ကြီးများ၊ တင့်ကားများကိုအသုံးပြုပြီး အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းဆို၏။
`အောင်ပွဲခံသေနတ်ပစ်ဖေါက်သံတွေကြားနေရပါတယ်။ အားလုံးအရူးအမူးကို ပျော်ရွှင်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆာ့တ်မှာထိန်းချုပ်ထားသေးတဲ့ ကဒါဖီသစ္စာခံတွေအတွက် ဒီအောင်ပွဲသတင်းဟာ စိတ်မချမ်း သာဖြစ်စေလိမ့်မယ်လို့ သူတို့မျှော်လင့်ထားလို့ပါ။´

အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက ထရီပိုလီမှသတင်းပေးပို့ရာတွင် လစ်ဗျားမြို့တော်ထရီပိုလီတွင် အောင်ပွဲခံမှုများရှိသော်လည်း အနည်းငယ်အေးတိအေးစက်ရှိကြောင်းဆိုသည်။
`ထရီပိုလီမှာ ခုခံတိုက်ခိုက်မှုအနည်းငယ်ကျန်နေပါသေးတယ်။ NTC တပ်တွေမြို့လယ်ခေါင်မှာရှိနေတယ် ဆိုပေမယ့် ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ်နာရီအနည်းငယ်တိုက်ခိုက်ရပါဦးမယ်။´
`NTC အတွက် ဆာ့တ်မြို့ဟာ နောက်ဆုံးသိမ်းပိုက်ဖို့ကျန်နေတဲ့မြို့ပါ။ ပြီးတော့ ကဒါဖီရဲ့ အဓိကသစ္စာခံ တွေအတွက် နောက်ဆုံးခြေကုပ်ယူထားတဲ့မြို့လည်းဖြစ်ပါတယ်။´

ဆာ့တ်မြို့သည်ကဒါဖီမွေးရပ်ဖြစ်ပြီး နောက်ဆုံးကျန်ရှိနေသော ကမ်းခြေမြို့လည်းဖြစ်သည်။ တိုက်ပွဲများအပြင်းအ ထန်ဖြစ်ပွားခဲ့ပြီး တနင်္ဂနွေနေ့က တိုက်ပွဲအရှိန်လျော့ကျသွားခဲ့သည်။
`ကျွန်တော်တို့ တင့်ကားအမြောက်တွေ၊ လေယာဉ်ပစ်အမြောက်တွေနဲ့ ပစ်ခတ်ပြီး မြို့တွင်းလမ်းတွေပေါ်ကို ကျွန်တော်တို့ တိုက်ခိုက်ရေးသမားတွေကို လွှတ်လိုက်ပါတယ်။´ ဟု ဘန်ဂါဇီအရှေ့ဘက် တင့်ကားတပ်မှူး ဆာလမ် အာမက်က ဆိုသည်။
ဤသို့ဝင်ရောက်တိုက်ခိုက်ရာတွင် လက်ဖြောင့်တပ်သားများရန်ကြောင့် ရှေ့ဆက်မတိုးနိုင်ကြောင်း ဆိုသည်။
`စစ်တပ်တစ်တပ်ကိုတောင် လက်ဖြောင့်တပ်သား (Sniper) အနည်းငယ်လောက်နဲ့ တားဆီးထားနိုင်ပါ တယ်။ ပြီးတော့သူတို့က အလွန်ကိုတော်တယ်ဗျ။ သူတို့ပစ်လိုက်ရင် နှလုံး၊ ခေါင်းနဲ့ ရင်ဘတ်နေရာတွေပဲ။´

NTC ၏ စစ်ဆင်ရေးတွင်အဓိက နေရာနှစ်ခုကိုပစ်မှတ်ထားထားပြီး ပင်လယ်ကမ်းခြေအနီးတွင်ရှိကာ ကဒါဖီတပ်သား များတပ်စွဲထားသော ဒေါ်လာ ဟုခေါ်သော အဆောက်အဦနှင့် နံပါတ်နှစ် ဟုခေါ်သောနေရာ တို့ဖြစ်သည်။
ယင်းနေရာနှစ်ခုမှ အရပ်သားများအမြောက်အများထွက်ခွါလာကြပြီး နေရာများကိုထိန်းသိမ်းထားသော ကဒါဖီတပ် သားများက ထွက်ခွါခွင့်ပေးခဲ့ကြောင်း NTC တပ်သားတစ်ဦးက AFP သတင်းသို့ပြောပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။