Monday, October 24, 2011

ဂျပန်အမျိုးသမီးများအိမ်ထောင်ပြုရန် ပိုမိုစိတ်ဝင်စားလာ


အွန်လိုင်းမဂ္ဂဇင်းတစ်စောင်ဖြစ်သော ရီခရုမှပြုစုပြီး ၎င်း၏ ဇက်ဇီမဂ္ဂဇင်းတွင်ဖေါ်ပြခဲ့သော စစ်တမ်းတစ်ခုအရ မတ်လ ၁၁ ရက်သဘာဝဘေးအန္တရာယ်များပြီးနောက် ဂျပန်အမျိုးသမီးများကြားတွင် အိမ်ထောင်ရေးကို အပြုသဘောရှုမြင် လာသူ ၃၆% ရှိကြောင်းဆိုသည်။
စစ်တမ်းအရ လက်မထပ်ရသေးသော အမျိုးသမီးများ (သို့) စေ့စပ်ထားသော အမျိုးသမီးကြားတွင် လက်ထပ် ထိမ်းမြားခြင်းနှင့်ပတ်သက်၍ သူတို့စိတ်များပြောင်းလဲလာကြောင်းသိရသည်။ ဆူနာမီနှင့် ငလျင်များဒဏ်ကို အလူးအ လဲခံစားရပြီးနောက် ဘ၀နှင့်ပတ်သက်၍ မသေချာမရေရာမှုများအပေါ် အိမ်ထောင်ပြုခြင်းဖြင့် ကုစားနိုင်သည်ဟု ဆိုကြသည်။
အွန်လိုင်းမှပြုစုသော စစ်တမ်းတွင် အမျိုးသမီး ၁၈၀ ယောက်ပါဝင်ဖြေဆိုခဲ့ကြကြောင်း ၊ ထိုအထဲမှ ၃၆% က ဆူနာမီပြီးနောက် လက်ထပ်ရန်အတွက်စတင်စဉ်းစားလာကြကြောင်း၊ လက်ထပ်ရန်အတွက် အလေးအနက်ထား စဉ်းစားနေကြောင်း ဖြေဆိုခဲ့ကြသည်။
မဂ္ဂဇင်းအယ်ဒီတာက `ကျွန်တော်တို့စစ်တမ်းကို ဖြေဆိုခဲ့တဲ့အမျိုးသမီးအတော်များများက – ကျွန်မမှာသာ ခင်ပွန်း ရှိခဲ့ရင် တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာနဲ့ ကျွန်မဆီကို အမြဲဆက်သွယ်ပြီးတော့ အားပေးနှစ်သိမ့်နိုင်လိမ့်မယ်။ ဒီအခါ ကျွန်မလည်း လုံခြုံစိတ်ချမှုကို ခံစားရလိမ့်မယ်လို့ - တွေးထင်ပုံရတယ်လို့ ကျွန်တော်ထင်တယ်လေ။ ဟု မှတ်ချက် ပေးခဲ့လေသည်။
မတ်လ ၁၁ ရက်နောက်ပိုင်း မင်္ဂလာဆောင်စားရိတ်များလည်း တက်သွားပြီး ယန်း ၂၀၀,၀၀၀ အထိကုန်ကျကြောင်း သိရသည်။ တိုင်းပြည်တွင်း ၀မ်းနည်းကြေကွဲနေရသောအချိန်တွင် ပြည့်ပြည့်စုံစုံအခမ်းအနားတစ်ခုဖြစ်အောင် ပိုမို အားစိုက်လုပ်ဆောင်ရသောကြောင့် မင်္ဂလာစားရိတ်များတက်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း မဂ္ဂဇင်းက သုံးသပ် ထားသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။