Friday, October 28, 2011

ဘန်ကောက်ရေမကျ


ရာသီဥတုပိုမိုဆိုးဝါးလာခြင်း၊ အစိုးရမှရွှေ့ပြောင်းရန်ကြေငြာချက်ထုတ်ထားခြင်း တို့ကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ လူပေါင်းသောင်းနှင့်ချီ၍ ရေလွတ်ရာသို့ရွှေ့ပြောင်းနေကြရသည်။
အင်္ဂါနေ့နံနက်ပိုင်းက ကျောက်ဖရားမြစ်လျှံတက်လာခြင်းကြောင့် တော်ဝင်နန်းတော်တွင်းသို့ရေများဝင်ရောက်လာပြီး မြို့တော်တွင်း စိမ့်ဝင် လာနေကြောင်း AEP သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။
ရွှေ့ပြောင်းရန်ညွှန်ကြားထားသော ဘန်ကောက်မြို့တော်တွင်း ရပ်ကွက်များတွင် နာရီပိုင်းအတွင်းရေများမြင့်တက် လာနေကြောင်း အယ်ဂျာဇီယာသတင်းထောက် ၀ိန်းဟေးက ဘန်ကောက်မြို့တော်မှ သတင်းပေးပို့ခဲ့သည်။

`ဒီရေက မြင့်တက်လာနေပြီး ရေကဆက်လက်တက်ဖို့ပဲရှိပါတယ်။´ ဟု ၀ိန်းဟေးက ဆိုသည်။

ဘန်ကောက်မြို့တော်ဝန် ဆူခုန်ဟန်းပါရီဘာထရာက ကြာသပတေးနေ့က မြို့တော်မြောက်ဘက်အစွန်တွင်ရှိသော ဆိုင်မိုင်ခရိုင်တွင်ရေခါးလယ်ခန့်ရှိနေပြီး ကားလမ်းများ၊ ဓါတ်ဆီဆိုင်များနှင့် အိမ်များကို ရေလွှမ်းမိုးတော့မည်ဖြစ်၍ ရွှေ့ပြောင်းရန် ကြေငြာချက်မကြာမီထုတ်တော့မည်ဖြစ်ကြောင်း ဆို၏။
ယမန်နေ့က ခရိုင်ပေါင်း ၅၀ မှ ရေဘေးဒုက္ခသည်များယာယီနေထိုင်ရာ ဒွန်မောင်းနှင့် ဘန်းဖလက်တို့တွင် ရေများ ၀င်ရောက်လာသဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ရကြောင်း မြို့တော်ဝန်က ဆိုသည်။
`ရွှေ့ပြောင်းဖို့ကြေငြာချက်ထုတ်တာ ကျွန်တော့်အနေနဲ့ ဒါပထမဆုံးပါပဲ။ အားလုံးပြောင်းရွှေ့ကြဖို့ကျွန်တော် တိုက်တွန်းလိုပါတယ်။´

ဘန်ကောက်တွင် လူဦးရေ ကိုးသန်းရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေစတင်လွှမ်းမိုးချိန်မှစ၍ ယခုအချိန်အထိ သေဆုံးသူ ၃၇၃ ရှိပြီဖြစ်၏ ။ ဒေါ်လာ သန်းထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ဒုတိယအကြီးဆုံး လေဆိပ်ကိုပိတ်ထားရပြီးဖြစ်၏။

အစိုးရက ရုံးများ၊ ကျောင်းများ ၅ ရက်တာပိတ်ထားရန်ကြေငြာခဲ့ပြီး ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ပိတ်ထား ရမည်ဖြစ်သည်။ ဘန်ကောက်မြို့တော်အပါအ၀င် ရေလွှမ်းမိုးမှုခံရသောဒေသများတွင် စွန့်ခွာမည့်သူများ ကြိုတင် ပြင်ဆင်ထားကြရန်ညွှန်ကြားထားသည်။

မြောက်ဘက်များရေများ စီးဝင်ရောက်ရှိလာမည်ဖြစ်ပြီး အိုလံပစ်ရေကူးကန်ပေါင်း ၄၈၀,၀၀၀ မှရေပမာဏနှင့်ညီမျှ သောရေများ မြို့တော်တွင်းရောက်ရှိလာမည်ဖြစ်ပြီး တချိန်တည်းမှာပင် ဒီရေအတက်နှင့်လည်းကြုံမည်ဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးရုံးမှ ပြောကြားခဲ့သည်။

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။