Sunday, October 30, 2011

ဂျပန်ကျောင်းထိုင်ဘုန်းကြီး မျိုးဆက်လိုအပ်


ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးများသည် သူတို့၏ ဘုန်းတော်ကြီးကျောင်းများကို ဆက်လက်အမွေခံရန်အတွက် ရှာဖွေ သည့်အနေဖြင့် အောင်သွယ်တော် ပါတီများသို့တက်ရောက်ကာ ဇနီးမယားရှာဖွေလျက်ရှိကြောင်းသိရသည်။
ဂျပန်ဘုန်းကြီးများသည် အိမ်ထောင်ပြုခွင့်ရှိပြီး အိမ်ထောင်ဘက်ရှာဖွေသည့် ပွဲများကိုတက်ရောက်သည့် အလေ့အထများ တိုကျိုတွင်ရှိသည်။ သားယောင်္ကျားလေးမထွန်းကားသည့် ဘုန်းတော်ကြီးများ၏ သမီးများကလည်း အိမ်ထောင်ဘက်ဘုန်းကြီးတစ်ပါးပါးကို လက်ထပ်နိုင်ရန် ယင်းပွဲများသို့တက်ရောက်ကြသည်။ ဂျပန်တွင် သကကြီး ရွယ်အိုတိုးပွားလာနေပြီး ၊ လူဦးရေကျုံ့ဝင်နေခြင်းကြောင့် ဘုန်းကြီးကျောင်းများကို မျိုးရိုးဆက်ခံထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် အခက်အခဲဖြစ်နေသည်။
ထို့ကြောင့် ကြင်ယာဘက်ရှာဖွေရေးပွဲများကို နီချီရန်ရှူ ဘုန်းတော်ကြီးကျောင်းရှိ အားပေးနှစ်သိမ့်ဆွေးနွေးပေးရေး ရုံးမှ ကမကထပြုကာ ကျင်းပပေးနေခြင်းဖြစ်သည်။
`အကောင်းဆုံး အိမ်ထောင်ဘက်ကိုရရှိသွားလိမ့်မယ်လို့တော့ ကျုပ်တို့အာမမခံနိုင်ပါဘူး။´ ဟု နီချီရန်ရှူ ဘုန်းတော်ကြီးကျောင်း ပြောရေးဆိုခွင့်ရှိသူက တယ်လီဂရပ်သတင်းစာသို့ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။