Monday, October 31, 2011

ဂါဇာကို အစ္စရေးဗုံးကြဲ


ဂါဇာကမ်းမြှောင်ဒေသ ရာဖာအရှေ့ဘက်အခြမ်းကို အစ္စရေးလ်က လေကြောင်းမှတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
ဂါဇာတွင် အစ္စလာမ္မစ်ဂျီဟက်လှုပ်ရှားမှုပြီးနောက် နာရီအနည်းငယ် အကြာတွင်အစ္စရေးက ဂါဇာကို လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
`အစ္စလာမ္မစ်ဂျီဟက်လှုပ်ရှားမှုက အပစ်အခတ်ရပ်စဲရေးကို အပြုသဘောဆောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးလ်ရဲ့ ရန်လိုတိုက်ခိုက်မှုတွေအပေါ် ပြန်လည်တုံ့ပြန်သွားမှာပါ။´ ဟူ၍ အယ်လ်ခတ်တပ်ရင်းမှ ဂျီဟက်လှုပ်ရှားမှု၏ လက်နက်ကိုင်တပ်ခွဲ ပြောရေးဆိုခွင့်ရှိသူ အဘူအာမက်က စနေနေ့ထုတ်ကြေငြာချက်တွင် ထည့်သွင်းကြေငြာခဲ့သည်။
`အစ္စရေးလ်ဗုံးကြဲမှုကြောင့် သေဆုံးသူနှစ်ဦးကို အသုဘချသော အခမ်းအနားတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်က လွန်ခဲ့သောအပတ်နှင့် လွန်ခဲ့သောတနင်္ဂနွေနေ့က အစ္စရေးလ်-ပါလက်စတိုင်းအပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင်စေ့စပ် ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့သေးသည်။

အစ္စရေးလ်ဝန်ကြီးချုပ်ဘင်ယာမင်နေတန်ယာဟုက ဂါဇာတွင် အုပ်စိုးနေသော ဟားမားစ်အဖွဲ့ကို အပစ်တင်ပြောကြား ခဲ့သည်။
`အစ္စလာမ္မစ်ဂျီဟက်အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဟားမားစ်အဖွဲ့မှာတာဝန်ရှိပါတယ်။ ဂါဇာကနေ လှမ်းပြီး အစ္စရေးကို ပစ်ခတ်တာမျိုးတွေမရှိအောင်၊ ဂါဇာထဲမှာ ငြိမ်ငြိမ်သက်သက်ဖြစ်အောင်ဆောင်ရွက် ဖို့ ဟားမားစ်အဖွဲ့မှာ တာဝန်ရှိပါတယ်။ ´ ဟု ပြောဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲသဘောတူညီချက် သက်တမ်းကုန်သွားသည်နှင့် အစ္စရေးလ်ဘက်သို့ ရော့ကက်သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်လာကြောင်း အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦးက ဆိုသည်။ ထိုအထဲမှ ရော့ကက်နှစ်လုံးကို အစ္စရေးလ်၏ သံခမောက်အမြှောက်ကာကွယ်ရေးစံနစ်ဖြင့် ကာကွယ်လိုက်နိုင်ပြီး တစ်လုံးကမူ အစ္စရေးလ်တောင်ပိုင်းသို့ကျရောက် ပေါက်ကွဲကာ သေကြေမှုအပျက်အစီးမရှိကြောင်းဆိုသည်။ ထို့ပြင် ညဥ့်လယ်ခန့်ကတည်းက ဂါဇာဘက်မှ အစ္စရေးလ်သို့ မော်တာများ၊ ရော့ကက်များဖြင့် အကြိမ်ပေါင်း တစ်ဒါဇင်ကျော်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။